ဘာသာရေး၊ လူမျိုးရေးခွဲခြားဆက်ဆံဖိနှိပ်မှုများနှင့် အစွန်းရောက်လုပ်ရပ်များ ရပ်တန့်ရန် ရန်ကုန်မြို့ရှိ လူငယ်အချို့က မျက်နှာဖုံးစွပ်၍ ကန့်ကွက်ဆန္ဒပြ ခဲ့ကြသည်။ ဧပြီ ၂၅ ရက် ညနေ ၄ နာရီ ခွဲတွင် မျက်နှာဖုံးစွပ်ထားသော လူငယ် ၃၀ ခန့်သည် ဘာသာရေး ဖိနှိပ်မှုကို ဆန့်ကျင်ရေးသားထား သော ဆိုင်းဘုတ်များ ကိုင်ဆောင် ကာ လှည်းတန်းစိန်ဂေဟာ စင် တာရှေ့မှ လှည်းတန်းမှတ်တိုင်ထိ လမ်းလျှောက်ဆန္ဒပြ ကန့်ကွက် ခဲ့သည်။ ၂၀၁၂ နောက်ပိုင်းမှစ၍ တောက်လောင်လာသည့် ဘာ သာရေး၊ လူမျိုးရေး ရှို့မီးသည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်အမြောက်အမြားကို ဖျက်ဆီးပြာကျစေခဲ့ရုံမက ပြည်သူတစ်ဦးချင်း၏ လွတ်လပ်ငြိမ်းချမ်းစွာ ရှင်သန်နေထိုင်ခွင့်ကိုပါ ခြိမ်း ခြောက်ထိပါးခဲ့သောကြောင့် ဆန္ဒ ထုတ်ဖော်ရခြင်းဖြစ်ကြောင်း အဆိုပါလူငယ်များက ပြောသည်။ လူမှုကွန်ရက်တွင် ဘာသာရေးပြဿနာအသွင်အဖြစ် ဝေမျှနေသည့် သင်္ဃန်းကျွန်းအမှုမှာ အရက်အတူ သောက်ရာမှ ဖြစ်ပွားသည့်အမှုဖြစ်ဟု ရဲတပ်ဖွဲ့ပြော Mon 25 Apr 2016 - 23:49 လူမှုကွန်ရက်တွင်လူမျိုးရေး၊ ဘာသာရေး ပြဿနာအသွင် ရေးသားဖြန့်ဝေနေသော သင်္ဃန်းကျွန်းမြို့နယ် တိုးချဲ့ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော ပြဿနာမှာအရက်အတူသောက်သူချင်းနေအိမ်တံခါး ပိတ်ကာ ဓားခုတ်မှုဖြစ်ပွားခြင်း သာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။ ဧပြီ ၂၄ ရက် ညနေ ၅ နာရီ တွင် အဝေရာလမ်းသွယ်(၂)လမ်း(ခ)ရပ်ကွက်အတွင်းရှိ နေအိမ်၌အရက်အတူသောက်နေရာမှ အောင်အောင်(၄၀)နှစ်က မျိုးဝင်း (၄၄) နှစ်ကို ဖုန်းငွေဖြည့် ကတ် ၀ယ်ခိုင်းရာတွင် မှားယွင်းဝယ်ယူခဲ့ရာမှ စကားများရန်ဖြစ်ခဲ့ကြောင်း ၎င်းကပြောသည်။ ‘‘ဓားနဲ့ခုတ်ခံရတဲ့သူက ရပ် ကွက်ထဲမှာ ဆိုက်ကားနင်းတယ်။ အရက်ခေါ်တိုက်တဲ့သူနဲ့လည်း ရင်းနှီးတယ်။ နှစ်ယောက်အတူ သောက်နေရာက ဖုန်းငွေဖြည့် ကတ် ၀ယ်ခိုင်းတော့ သွားဝယ် ပေးတယ်။ ၀ယ်လာတဲ့ကတ်မှား နေတာကို မင်းက လူလိမ်ဆိုပြီး တုတ်နဲ့ရိုက်တယ်။ လည်ပင်းညှစ် တယ်’’ဟု ၎င်းကပြောသည်။ ရိုဟင်ဂျာဟုသုံးနှုန်း၍ ကြေညာချက်ထုတ်ပြန်ခဲ့သော အမေရိကန်သံရုံးကို အမျိုးသားရေးလှုပ်ရှားသူများ ဆန္ဒပြရန်စီစဉ် Mon 25 Apr 2016 - 23:34 စစ်တွေတွင် စက်လှေ မှောက်၍ သေဆုံးသူများအား ရို ဟင်ဂျာဟု သုံးနှုန်းပြီး ကြေညာ ချက်ထုတ်ပြန်ခဲ့သော အမေရိ ကန်သံရုံးကို အမျိုးသားရေးလှုပ် ရှားသူများက ဆန္ဒပြကန့်ကွက် ရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။ -- Delivered by Feed43 service
from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1UdUJ5b
via IFTTT
from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1UdUJ5b
via IFTTT
Comments
Post a Comment