အားကစား နိုင်ငံတကာ ဧပြီ ၂၆၊ လန်ဒန်။ ။ အိမ်ကွင်း ၀ှိုက်ဟတ်လိန်းတွင် ၀က်စ်ဘရွန်းအသင်းနှင့် ၁-၁ ဂိုးဖြင့် သကျေခဲ့ရခြင်းသည် စိတ်ပျက်စရာ ရလဒ်ဖြစ်သော်လည်း လက်ကျန်ပွဲစဉ် သုံးပွဲကို ဆက်လက်အာရုံစိုက်သွားမည် ဖြစ်ကြောင်း စပါးအသင်းနည်းပြ ပိုချက်တီနိုက ပြောဆိုလိုက်သည်။ စပါးအသင်းသည် ၀က်စ်ဘရွန်းနှင့် သရေကျခဲ့ရသည့်အတွက် အမှတ်ပေးဇယားထိပ်မှ လက်စတာနှင့် ၇ မှတ်ကွာဟသွားခဲ့ပြီး ချန်ပီယံဆုကို စိန်ခေါ်ရန် အလွန်ခက်ခဲသည့်အနေအထားသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ၀က်စ်ဘရွန်းနှင့် ပွဲအပြီးတွင် စပါးနည်းပြ ပိုချက်တီနိုက 'ကျွန်တော်တို့အားလုံးအလွန် စိတ်ပျက်နေကြပါတယ်။ ဒါက ပုံမှန်ပါပဲ။ ဒီပွဲက အလွန်ခက်ခဲတဲ့ ပွဲစဉ်ပါ။ ၀က်စ်ဘရွန်းကစားတာ တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီထက်ပိုထိုက်တန်ပါတယ်။ ခုတော့ ရှေ့ဆက်ဖို့ ခက်သွားပါပြီ။ ဒါပေမဲ့လည်း ယုံကြည်မှုနဲ့ ရှေ့ဆက်ရပါလိမ့်မယ်။ ကျွန်တော်တို့စိတ်ထဲမှာ ယုံကြည်မှုတွေ ခိုင်မာပြင်းထန်နေဖို့ လိုပါတယ်။ ဒီရလဒ်နဲ့ ပတ်သက်ပြီး ကစားသမားတွေအလွန်စိတ်ပျက်နေကြပါတယ်။ ဒါပေမဲ့ ဒါက ဘောလုံးအားကစားပါ။ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေ အမြန်ဆုံးပြန်လည် နိုးကြွားလာပြီး လက်ကျန်သုံးပွဲကို ဆက်လက်တိုက်ပွဲဝင်သွားဖို့ လိုအပ်ပါတယ်' ဟု ပြောဆိုခဲ့သည်။ ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း Tags: စပါးအသင်းနည်းပြ ပိုချက်တီနို အောင်ငြိမ်းသွေး
from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/23XBwuO
via IFTTT
from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/23XBwuO
via IFTTT
Comments
Post a Comment