Skip to main content

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်ရှိ အမျိုးသား သဘာဝသမိုင်းပြတိုက် မီးလောင်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်ရှိ ပြတိုက်တစ်ခုတွင် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အများအပြား ရှိခဲ့ကြောင်း သိရသည်။ အမျိုးသား သဘာဝ သမိုင်းပြတိုက် အဆောက်အအုံ အပေါ်ဆုံးထပ်တွင် ဧပြီ ၂၆ ရက်နေ့ နံနက်အစောပိုင်းက မီးစတင်လောင်ကျွမ်းကာ ၇ ထပ်လုံးကို လျင်လျင်မြန်မြန် မီးကူးစက်ခဲ့ခြင်းဟု ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။ မီးသတ်ဝန်ထမ်း ၃၀ ကျော်က မီးကို ထိန်းချုပ်ငြှိမ်းသတ်ရန် ကြိုးစားခဲ့ရာ ၄ နာရီကျော်ကြာမှ မီးထိန်းနိုင်ခဲ့သည်။ သို့သော် ပြတိုက် အစိတ်အပိုင်း အများစုမှာ လုံးဝဥဿုံ ပျက်စီးပြာကျသွားပြီ ဖြစ်သည်။ မီးငြှိမ်းရန် ကြိုးစားရင်း မီးသတ်သမား ၆ ဦး ဒဏ်ရာများ ရရှိခဲ့သည်။ မြို့၏ ဗဟိုချက်တွင် တည်ရှိပြီး သက်တမ်း ၃၈ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည့် ပြတိုက်တွင် မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကို မဖော်ထုတ်နိုင်သေးချေ။ မီးသတ်ဌာန တာဝန်ရှိသူ တစ်ဦးက အဆောက်အအုံတွင် တပ်ဆင်ထားသည့် မီးဘေး ကာကွယ်ရေး ကိရိယာများမှာ လက်တွေ့ အလုပ်မလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ “အဲဒါကြောင့်ပဲ မီးက အတွင်းထဲမှာ အကြာကြီး လူမသိသူမသိ လောင်နေတာလေ”ဟု ၎င်းက ဆိုသည်။ အဆိုပါ ပြတိုက်တွင် တိရစ္ဆာန်များ ရုပ်လုံးသွင်း ရုပ်ကြွင်းများ၊ နှစ်ရှည်ခံအောင် စီမံထိန်းသိမ်းထားသည့် လိပ်ပြာအသေကောင်များ၊ အခြားသော သက်ရှိမျိုးစိတ်များကို ပြသထားပြီး သဘာဝ သားရိုင်းတိရစ္ဆာန်များနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေး ရုပ်ရှင်များကိုလည်း ပြသခြင်းကြောင့် ကျောင်းသူကျောင်းသား ကလေးငယ်များကြားတွင် အထူးရေပန်းစားသော နေရာတစ်ခုလည်းဖြစ်သည်။ Ref: BBC Let's block ads! (Why?)
from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/23XQl0n
via IFTTT

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...