၂၀၁၆ အတွင်း ရုပ်ရှင် ကားကြီး ၃၀ ကျော် ဆက်တိုက် ရိုက်ကူးရန်ရှိကြောင်း သရုပ် ဆောင်ဇေရဲထက်က ပြောကြား သည်။ ‘‘အခုက မျက်လုံးပြန်ကောင်း နေပြီဆိုတော့ ဒီနှစ်ထဲမှာကားကြီး ရိုက်ဖို့ ကား ၃၀ ကျော်ရှိပါတယ်။ ဒီရက်ပိုင်းမှာလည်း ရုပ်ရှင်ကား တွေဆက်တိုက်ရိုက်တယ်။ ကြော် ငြာတွေပြန်ရိုက်နေပါတယ်။ ကား ကြီးကတော့ ဦးညီညီထွန်းလွင်နဲ့ ‘ဖိုးတွမ်တီး’ကား ရိုက်ထားတယ်’’ ဟု ဇေရဲထက်က ပြောသည်။ အဆိုပါ ဖိုးတွမ်တီးရုပ်ရှင် ကားကြီးကို ပါဝါကင်းရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက် ကူးထားပြီး ဒါရိုက်တာ ညီညီထွန်း လွင်က ခန့်စည်သူ၊ ၀တ်မှုံရွှေရည် တို့နှင့်အတူ ရိုက်ကူးခဲ့ကြောင်း သိရသည်။ ယခုနောက်ပိုင်းတွင် ရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားများ၌ ခေတ်ရေစီးကြောင်းအရ ဖက်ရှင် ဒီဇိုင်းကိုလည်း ပြောင်းလဲဝတ်ဆင်ရန်ရှိသည်ဟု ဇေရဲထက် က ပြောသည်။ ‘‘ကျွန်တော်တို့ အနုပညာ သမားတိုင်းက ခေတ်ရေစီး ကြောင်းအပေါ် မူတည်ပြီးတော့ ဒီခေတ်မှာ ဒီလိုပုံစံဆိုရင် ကျွန် တော်တို့လည်း လိုက်ပြုပြင်ရတာ ပေါ့နော်။ မဟုတ်ရင် ကျွန်တော် တို့ သရုပ်ဆောင်သမားတွေ ခေတ်နောက်ကျ ကျန်ရစ်ခဲ့သလို ဖြစ်သွားမှာပေါ့။ အပြင်လောက ကလူတွေက ခေတ်ရှေ့ပြေးသလို ဖြစ်နေမယ်လေ။ ကျွန်တော်က တော့ ခေတ်ပေါ်လစီအတိုင်း အ ကောင်းဆုံးပြုပြင်နေထိုင်လုပ် ဆောင်မယ်’’ဟု ၎င်းက ဆက် လက်ပြောကြားသည်။ Let's block ads! (Why?)
from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1SGaRtY
via IFTTT
from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1SGaRtY
via IFTTT
Comments
Post a Comment