Skip to main content

ခြေထောက်များက ပြောတဲ့ကျန်းမာရေး







ခြေထောက်များက ပြောတဲ့ကျန်းမာရေး




ခြေထောက်အေးခြင်းရာသီဥတုကြောင့် အမြဲခြေထောက်အေးနေ ပါက သွေးလျှောက်နည်းခြင်းကြောင့်ဖြစ်နိုင်သည်။ ဆေး လိပ်သောက်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးရောဂါတို့ကြောင့် သွေးလျှောက်နည်းသည်။ ဆီးချိုရောဂါကြောင့်နဗ်ကြောပျက်စီးသည့် အခါ ခြေထောက် အေးသည်။ သိုင်းရွိုက်ဟော်မုန်းနည်း သည့်ရောဂါ၊ သွေးအားနည်းရောဂါ တို့တွင်လည်း ခြေဖျားအေးသည်။

ခြေထောက်နာခြင်းအရိုးကွဲခြင်း၊ အရိုးအက်ခြင်းကြောင့် နာတာရှည်ခြေထောက်နာတတ်သည်။ လေ့ကျင့်ခန်းအလွန်ပြင်းထန်သည့်အခါဖြစ်စေ၊ အရိုးပါးရော ဂါကြောင့်ဖြစ်စေ ခြေဖ၀ါးနာတတ်သည်။

ခြေထောက်ရောင်ခြင်းမတ်တတ်ကြာကြာရပ်ခြင်း၊ လေယာဉ်ကြာကြာ စီးခြင်းတို့ကြောင့် ဖောရောင်တတ်သည်။ ပြန်ရည်ကြော (lymphatic duct) ပိတ်ခြင်း၊ သွေးခဲပိတ်ခြင်းတို့ကြောင့် ရောင်တတ်သည်။ ကျောက်ကပ်မကောင်းတဲ့အခါ၊ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့အခါမှာလည်း ဖောရောင်တတ်သည်။

ခြေထောက်အနာမကျက်ခြင်း

ခြေထောက် အနာမကျက်ခြင်းသည် ဆီးချိုရောဂါ၏ လက္ခဏာတစ်ခုဖြစ်သည်။ ဆီးချိုကြောင့် ခြေထောက်ခံ စားမှုအားနည်းခြင်း၊ သွေးလှည့်ပတ်မှုနည်းခြင်း၊ အနာ မကျက် ခြင်းဖြစ်စေသည်။ အရည်ကြည်ဖုတစ်ခုသည်ပင် အနာပေါက် ကြီးကြီးမားမား အထိဖြစ်လာတတ်သည်။ ခြေထောက်အနာ ဖြစ်သည့် အလျောက် ရောဂါပိုးလည်း ကူးစက်လွယ်သည်ဖြစ်ရာ ဆီးချိုရောဂါရှိ သူများအနေနှင့် ခြေထောက်ကိုအမြဲသန့်သန့်ရှင်းရှင်းထားပြီး အနာရှိ မရှိနေ့စဉ်စစ်ဆေးသင့်သည်။


ခြေထောက်အကြောကပ်ခြင်း

ခြေချောင်းများရုတ်တရက်ကပ်ပြီး အကြောများ ထောင်လာခြင်း သည် ကြွက်တက်သောကြောင့်ဖြစ်သည်။ ခြေထောက်အားကို အလွန်အမင်း အသုံးပြုရ၍ဖြစ်စေ၊ ကြွက်သား ညောင်းခြင်းကြောင့်ဖြစ်စေ ခံစားရတတ်သည်။ သွေးလျှောက်နည်းခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်း၊ ပိုဆက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ကယ်လ်ဆီယမ်နှင့် ဗိုက်တာမင် တစ်မျိုး မျိုးချို့တဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။


ဇော်ကို

Ref:WebMD

Health Updates Journal



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။








from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1aEdA66

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3