ကြက်ဥစားခြင်းဖြင့်ကိုယ်အလေးချိန်လျှော့
ကြက်ဥ တစ်နေ့တစ်လုံး စားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူ ပြုဖွယ်ရှိ ကြက်ဥအား အထူး အစားအစာ အဖြစ် ထည့်သွင်း စဉ်းစား သင့်ကြောင်း၊ အကြောင်းမှာ ကြက်ဥကို စားသုံးခြင်း အားဖြင့် ကျန်းမာရေး ကို ကောင်းမွန်စေပြီး အဝလွန်ခြင်းကို ကာကွယ် တားဆီး ပေးနိုင်ဖွယ် ရှိသည်ဟု သုတေသန ပညာရှင်တို့က ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။
အာဟာရဗေဒ ပညာရှင်တို့ကလည်း ကြက်ဥသည် အာဟာရ ပါဝင်မှုအများဆုံး အစားအစာများ ထဲမှ တစ်ခု ဖြစ်ပြီး နေ့စဉ် ကြက်ဥတစ်လုံး စားသုံးခြင်း အားဖြင့် များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းစေမည် ဖြစ်သည်ဟု အကြံပြု တိုက်တွန်းခဲ့ကြသည်။
သုတေသန ပညာရှင်တို့၏ တွေ့ရှိချက်အရ ကြက်ဥတွင် ကယ်လိုရီ ပါဝင်မှု နည်းပါးသော်လည်း ပရိုတင်းဓာတ် ကြွယ်ဝကြောင်း၊ အထူးသဖြင့် ကြက်ဥတွင် ပါဝင်သည့် ဗီတာမင်ဒီ၊ ဗီတာမင်ဘီ ၁၂ Selenium နှင့် Choline တို့ကြောင့် ကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။
ထို့ပြင် ကြက်ဥတွင် ပါဝင်သော အမိုင်နို အက်စစ်ဓာတ်သည် ကလေးများ၊ ဆယ်ကျော်သက်များနှင့် လူငယ် လူရွယ်များ အတွက် မရှိမဖြစ် အရေးပါသော ဓာတ်ဖြစ်သည် ဟုဆိုသည်။
ကြက်ဥတွင် ပါဝင်သော အင်တီအောက်ဆီးဒင့်ဓာတ် ပမာဏမှာ မြင့်မားလှပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ် ပေးနိုင်ဖွယ် ရှိသည်ဟု ဆိုသည်။
လေ့လာဆန်း စစ်မှုအရ လူငယ်များ၊ အသား အလွန်အကြူးစားသုံး သူများနှင့် နွားနို့ရှောင်ကြဉ်သူများအနေဖြင့် ကြက်ဥကို ပိုမိုစားသုံးခြင်းဖြင့် အကျိုးကျေးဇူးကို ခံစားရဖွယ်ရှိသည် ဟုဆိုသည်။
ကြက်ဥနှင့် ပတ်သက်၍ အရေးပါသော တွေ့ရှိမှုများထဲမှ တစ်ခုမှာ ကြက်ဥသည် ဗီတာမင်ဒီနှင့် ပတ်သက်၍ အရေးပါသော ဓာတ်စာအရင်း အမြစ်တစ်ခု ဖြစ်သည်ဟု သုတေသန ပညာရှင်တို့က အစီရင်ခံစာတွင် ဖော်ပြခဲ့ ကြောင်း သိရသည်။
မြ၀တီ
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1CqRCOB
- Get link
- Other Apps
- Get link
- Other Apps
Comments
Post a Comment