Skip to main content

ထိပ်ကပ်နာ (သို့) ထိတ်ခပ်နာ(Sinusitis)







နှာခေါင်း ကောင်းဖို့ အလွန် အရေးကြီးပါသည်။ ညှောင်နှာနှာ နှာခေါင်းသံဖြင့် စကား ပြောလျှင်၊ လူတောထဲ နှပ် ခဏခဏ ညှစ်နေရ လျှင် ဘယ်သူမှ သဘောကျမည် မဟုတ်ပါ။ ထို့ကြောင့် နှာခေါင်း ကျန်းမာအောင် အထူး ဂရုစိုက် သင့်ပါသည်။ သီတဂူ ဆရာတော် ဘုရားက တိုသော တရား ကောင်းသည် ဟု ဟောထားတာ ကြားဘူး ပါသည်။ ကျွန်တော်လည်း အကောင်းဆုံး ရေးထား ပါသည်။

အများအားဖြင့်ကျွန်တော်တို့တတွေ ရာသီဥတု အကူး အပြောင်းတွင် နှာခေါင်း ပိတ်လို့ ပိတ်၊ နှာရည် ကျလို့ကျနဲ့ အတော်အိနြေ္ဒ ပျက်ရ ပါတယ်။ မြန်မာလို ထိပ်ကပ်နာ ဟု ခေါ်ပါသည်။ ဆေးပညာ မှာတော့ SINUSITIS ဟု ဆိုပါသည်။ sinus မှာလှိုဏ် ဟု အဓိပ္ပါယ် ရပြီး itis မှာတော့ ရောင်ရမ်းခြင်း ဟု အဓိပ္ပါယ် ရပါသည်။ ထိပ်ကပ်နာ ဖြစ်စေသော sinus များမှာ နှာခေါင်း ပတ်ဝန်း ကျင်ရှိ မျက်နှာ အရိုး တွင် ရှိသော လှိုဏ် ကလေးများ ရောင်ရမ်းခြင်း ကြောင့် ဖြစ်ပါသည်။ ၎င်း လှိုဏ်လေး များမှာ ပါးရိုး၏ အောက်၊ မျက်ခုံး နောက်နှင့် မျက်လုံး နှစ်လုံးကြား အနောက်ဘက် တို့တွင် ရှိပါသည်။


ကျွန်တော်တို့ ကျန်းမာ နေစဉ်တွင် ၎င်း လှိုဏ်လေး များမှာ လေများဖြင့် ပြည့်နေ ပါသည်။ ထိုသို့ ဖြစ်နေခြင်း ၏ အကျိုးကြောင့် ကျွန်တော် တို့ ဦးခေါင်းရိုး အား နဂို ရှိရင်း အလေးချိန် ထက် ပေါ့စေပါသည်။ ထို့ပြင် အသံအိုး မှ လာသော အသံကို သည် လှိုဏ်လေး များ နဲ့ အကြောင်း ပြုပြီး ကွဲပြားသော အသံများ ထွက်လာ ပါသည်။


SINUS လှိုဏ်လေးများတွင် ရောဂါ ဖွဲ့တည် နေပုံ ကို ပုံတွင် ရှုပါ။


ဒီလှိုဏ် လေးတွေဟာ နှာခေါင်း လမ်းကြောင်းမှာ သွားပြီး ပွင့်နေ ရပါတယ်။ ဒါမှသာ ဒီ လှိုဏ်လေး တွေထဲမှာ ရှိတဲ့ လေတွေက ပြင်ပ လေနဲ့ လဲလှယ် နိုင်မှာ ဖြစ်သလို သူတို့ ထဲမှာ ရှိတဲ့ အချွဲ အကျိ အရည် တွေ ကလည်း နှာခေါင်း အတွင်းကို ကောင်းမွန်စွာ စီးကျ နိုင်မှာ ဖြစ်ပါတယ်။


အဲဒီတော့ လှိုဏ် အ၀လေးတွေ ပိတ်ပြီ ဆိုရင် လှိုဏ်နံရံ အမြှေးပါး ( sinus membrane) တွေ ယောင်ပြီးတော့ ထိပ်ကပ်နာ ရတော့ တာပါပဲ။ ဒီ အမြှေးပါး တွေ ယောင်ဖို့ ပိုပြီး အခွင့်အလမ်း ရှိတဲ့ အကြောင်းအရာ တွေ ကတော့ -

အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ရောဂါပိုး ၀င်နေတဲ့ သူတွေ (ဥပမာ – တုပ်ကွေး ၊ စသဖြင့်ပေါ့)


ဓာတ်မတည့် တတ်တဲ့သူတွေ (Allergic ရှိသူများ ၊ခြင်ဆေး အမွှေးတိုင် အမှုံအမွှား စသည် တို့်ဖြင့် ဓာတ်မတည့် သူများ … )


ရင်ကြပ်ရောဂါ ရှိသူများ


ဆေးလိပ်သောက်သူများ


ဟိုမုန်း hormone အပြောင်းအလဲ ဖြစ်တဲ့ကာလ (ဥပမာ – ကိုယ်ဝန် ဆောင်စဉ်)


သွေးချို ဆီးချို ရောဂါ ရှိတဲ့သူများ


နှာခေါင်း အတွင်း ပြင်ပရှိ ပစ္စည်း ၀င်နေသူများ (ဥပမာ – ချိုချဉ် သကြားလုံး ပဲစေ့)


ကိုကင်းရှူ သူများ


အကြောင်းကြောင်းကြောင့် နှာခေါင်းပိုက် ထည့်ထား ရသူများ


သွား ပြဿနာ ရှိသူများ (သွားကိုက်ခြင်း)


နှာခေါင်း နဲ့ ပါး တို့တွင် ထိခိုက် ဒဏ်ရာ ရှိနေသူများ


နှာခေါင်း ထဲမှာအဖုအကျိတ် တွေ ဖြစ်နေသူများ

မှာ လှိုဏ်ဝတွေ ပိတ်ပြီးတော့ ယောင်နိုင်ပါတယ်။


အကြောင်း အမျိုးမျိုးကြောင့် ဒီ လှိုဏ်ဝလေးတွေ ပိတ်ရင် လှိုဏ်(sinus) တွေ အ တွင်းမှာ bacteria တွေ ပေါက်ဖွား နိုင်ပြီးတော့ ထိပ်ကပ်နာ ဖြစ်နိုင် ပါတယ်။


၎င်းထိပ်ကပ်နာကို (၂) မျိုးခွဲပါတယ်။

ခဏတဖြုတ် (အာဂန္တု) ထိပ်ကပ်နာ နှင့်


နာတာရှည် ထိပ်ကပ်နာ

ရယ်လို့ နှစ်မျိုး ခွဲထားပါတယ်။


ရက်သတ္တ လေးပါတ် အောက် ဆိုရင် ခဏတဖြုတ် လို့ သတ်မှတ်ပြီး လေး ပါတ် ထက် ကျော်ရင်တော့ အကြမ်း အားဖြင့် နာတာရှည် လို့ပဲ သတ်မှတ် ပါတယ်။ သူတို့ နှစ်မျိုး လုံးမှာ ဖြစ်တဲ့ လက္ခဏာ တွေကတော့ အတုတူပဲ ဖြစ်ပါတယ်။

နှာပိတ်နေခြင်း (သို့) နေ့ပိုင်းမှာ နှာရည် တတောက်တောက် နဲ့ ဖြစ်နေပါမယ်၊ နှာခေါင်းထဲမှာ ပြည့်နေ သလို မျိုး ခံစားရပြီး ခေါင်းငုံ့ရင် ပိုပြီး ခံစားရပါတယ်။


နှာခေါင်း ကနေ နှာရည် ပြစ်ပြစ် တွေ ထွက်နေ ပါမယ်။ (bacteria ကြောင့် ဆိုရင် နှာရည် က ပိုပြစ်ပြီး အရောင်က အစိမ်းရောင်(သို့) ၀ါကျင့်ကျင့် အရောင် ဖြစ်နေ နိုင်ပါတယ်။


မျက်နှာကြီး တင်းနေ သလို မျိုး ခံစားရပါမယ် ၊ မနက် အိပ်ရာ ထ ဆိုရင် ပိုဆိုး ပါမယ်။


မျက်လုံး ပတ်ဝန်းကျင်မှာ ရောင်နေ နိုင်ပါတယ်


မနက် အိပ်ယာ ထမှာ ဖြစ်စေ ခေါင်းငုံ့ လိုက်ရင်ဖြစ်စေ ခေါင်းကိုက် တတ်ပါတယ်


ပါးရိုးတွေ မျက်ရိုးတွေ ကိုက်တတ် ပါတယ်


ပါးရိုးက sinus တွေ ယောင်တာ ဆိုရင် သွားပါ ကိုက်နိုင်ပါတယ်


ကိုယ်ပူ တက်နိုင်ပါတယ်


တချို့ မှာတော့ ည အိပ်ရေး ပျက်လောက်အောင် ချောင်းခြောက် တွေဆိုးကြပါတယ်


တခါတလေ တော့လဲ အစာအိမ်မှာ ပြဿနာ တက်ပြီး ပျို့တာ အန်တာတွေပါ ဖြစ်နိုင်ပါတယ်


**မှတ်ချက်**


ဆေးပညာဆိုင်ရာဆောင်းပါးများ မှဗဟုသုတ အဖြစ် ကူးယူဖေါ်ပြပြီး ထိုရောဂါဖြစ်နေသူများအတွက် အောက်တွင် comment ပေးပြီ ကုသပျောက်ကင်းနိုင်ပုံ အကြံပေးချက်များ ကိုလည်း ဖေါ်ပြပေးလိုက်ပါတယ်


Myothant Zin


တောင်ကြီးမှ ယာဉ်ထိန်းတစ်ဦးပေးတဲ့ ဆေးမီးတိုလေးနဲ့ လက်တွေ့ပျောက်ဖူးပါတယ်။


သူကိုယ်တိုင်ခံစားခဲ့ရပြီး နှာခေါင်းပါခွဲစိတ်ခဲ့ပေမယ့် မပျောက်ပါဘူးတဲ့။


ဒီဆေးညွှန်းလေးရမှပျောက်ပါတယ်တဲ့။ကိုယ်တိုင်လုပ်ကြည့်တော့နှစ်ရက်မြောက်တဲ့နေ့


မှာနှာခေါင်းထဲက ဂျယ်လီလို အတုံးတွေထွက်ကျလာပြီးနောက်ပိုင်း


ပျောက်ကင်းသွားပါတယ်။ နောက်ပိုင်း နှာပြန်ပိတ်ချင်သလိုဖြစ်လာရင် ပြန်လုပ်လိုက်ရင်ပေါ့သွားပါတယ်။


မြန်မာ့ဆေးမှာတော့ ဒီနည်းက အကြောတက်တာပျောက်စေတဲ့နည်းလိုဖေါ်ပြပါတယ်။


**ဆေးနည်းက**_–လျက်ဆား(ဇဝက်သာအတော်အသင့်ပါတဲ့)နဲ့ကွမ်းစားထုံးဖြစ်ပါတယ်။


လျက်ဆားကို လက်ဖဝါးထဲ မန်ကျည်းစေ့ (၃)စေ့စာလောက်ထည့်၊ထုံး မန်ကျည်းစေ့ တစ်စေ့စာလောက်


ပေါင်းထည့်၊လက်ဖဝါးထဲ ကျန်လက်တစ်ဖက်က လက်ညှိုးထည့်၊လက်ညှိုးကိုလက်နဲ့ဆုပ်ပြီးလှည့်ပွတ်ပေးပါ။


အဲ့ဒီက ထွက်လာတဲ့အငွေ့ကို ခပ်ပြင်းပြင်းရှုပေးပါ။အခံရခက်ပါမယ်။သည်းခံပြီးဆက်ရှုပေးပါ။


မျက်ရည်တွေနှပ်တွေထွက်လာပါမယ်။တစ်နေ့ နှစ်ကြိမ်/သုံးကြိမ်လောက်လုပ်ပေးပါ။ဇွဲနဲ့လုပ်ရင် ၃/၄/၅ရက်နဲ့ပျောက်ပါတယ်။အထဲကို စစ်စစ် စစ်စစ်နဲ့ ထိုးဝင်သွားတာကိုခံစားရပါမယ်။


လက်ဆေးဘို့နဲ့မျက်ရည်နှပ်တွေသုတ်ဖို့ ရေဇလုံနဲ့မျက်နှာသုပ်ပုဝါဆောင်ထားပါ။


Htwe Htwe Aye


မြန်မာဆရာဦးကျော်လင်းဖုံး(095045821)458/ဗညားဒလလမ်း (ပလွှာ)ဗျိုင်းကွက်သစ်ရပ်ကွက်

(တာမွေ

ပြရင်သက်သာပျောက်ကင်းနိုင်ပါတယ်


Yone Moe အတိအကျပြောပါမယ်။ ပျောက်ချင်တဲ့သူများ ဇွဲရှိဖို့တော့လိုမယ်။ ငါးထပ်ကြီးဘုရားလမ်းမှာရှိတဲ့ တိုင်းရင်းဆေးရုံ ပြင်ပလူနာဌာနမှာ ထိပ်ခတ်နာကုချင်လို့ပါဆိုပြီး စာအုပ်လုပ် ပြီး အထွေထွေဌာနကိုညွှန်ပေးပါလိမ့်မယ်။ အဲဒီမှာ ညွှန်ကြားတဲ့အတိုင်း ကုသမှုခံယူပါ။ မပျောက်ရင် ကြိုက်သလိုသာပြော။


(၇)ရက်သားသမီးများ ကျန်းမာကြပါစေ။


MyanmarlatestNews

ကျန်းမာရေးသတင်းများ





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1zL5naj

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...