Skip to main content

Azoospermia သုက်ပိုးမရှိခြင်း







• ကလေးမရနိုင်တဲ့ အကြောင်းတရားတွေထဲက ယောက်ျားရဲ့ချို့ယွင်းချက်တခုဖြစ်တယ်။ ကလေးမရတဲ့ အမျိုးသားတွေထဲမှာ ၅% ရှိတယ်။

• သုက်ပိုးထုတ်လုပ်မှု ချို့ယွင်းချက် နဲ့ လမ်းပိတ်ဆို့နေတာ တခုခုဖြစ်မယ်။

• စစ်ဆေးတဲ့အခါ ထုတ်လွှတ်လိုက်တာထဲမှာ သုက်ပိုးမတွေ့ပေမဲ့ ကျားစိထဲမှာတော့ သုက်ပိုးရှိနေတာလဲ ဖြစ်နိုင်တယ်။ ဘယ်နေရာမှာမှ သုက်ပိုးမတွေ့တာလဲဖြစ်နိုင်တယ်။

• မိသားစုလိုက်တာ၊ တချို့ဆေးဝါးပေးထားတာ၊ ဓါတ်ကင်တာ စတဲ့အကြောင်းခံတွေကို မေးမယ်။ လူကို စစ်ဆေးမယ်။

• သွေးစစ်မယ်။ testosterone (တက်စတိုစတီရုန်း) ဟော်မုန်းနဲ့ FSH (ဖေါ်လီကူလာ) ဟော်မုန်းတွေစစိမယ်။

• Semen samples သုက်ရည် ၂ ခါယူမယ်။ Standard semen analysis စစ်ဆေးမှုလုပ်မယ်။ ပဌမအကြိမ်မှာ သုက်ပိုးမတွေ့သေရင် Centrifuge ဗဟိုခွါအားစက်နဲ့အနယ်ထိုင်အောင်လုပ်ပြီး ထပ်စစ်မယ်။

• နည်းနည်းလေးတွေ့ရင် လမ်းလုံးဝပိတ်ဆို့နေတာဖြစ်နိုင်တယ်။ သုက်ပိုးကိုအဲလိုရယူပြီး ကလေးရစေအောင် နည်းလမ်းကို သုံးနိုင်မယ်။

• နောက်ထပ်စစ်ဆေးမှု ကျားအစိကိုစစ်ဆေးမယ်။ Testis Biopsy ခေါ်တယ်။ FNA mapping လဲလုပ်နိုင်တယ်။

ဘာလို့ သုက်ပိုးမပါသလဲ

1. Primary testicular failure, Klinefelter syndrome မူလကျားအစိအလုပ်မလုပ်ခြင်း၊

2. Y chromosome microdeletions ဝိုင်ခရိုမဇုန်း၊

3. Genetic infertility due to abnormal chromosomes (karyotype) မျိုးဗီဇချု့ယွင်းခြင်း၊

4. Secondary testicular failure, Kallman syndrome ထပ်ဆင့် ကျားအစိအလုပ်မလုပ်ခြင်း၊

5. Hypothalamic/pituitary tumor ဦးနှောက်အကျတ်၊

6. Hyperprolactinemia ပရိုလက်တင်ဟော်မုန်း များနေခြင်း၊

7. Cancer treatment ကင်ဆာကုသမှုခံယူနေခြင်း၊

8. Varicocele effect အကြောထုံးရောဂါ၊

9. Pituitary suppression, drug induced (anabolic steroids, alcohol, glucocorticoids)

10. Testosterone supplements တက်စတိုစတီရုန်းဆေးရယူနေခြင်း၊

11. Congenital adrenal hyperplasia မွေးရာပါ အဒရီနယ်ဂလင်းရောဂါ၊

12. Cancer, kidney or liver failure ကင်ဆာ၊ ကျောက်ကပ်၊ အသဲ နာတာရှည်ရောဂါရှိခြင်း၊

13. Diabetes mellitus ဆီးချို၊

14. Sickle cell anemia သွေးအားနည်းရောဂါတမျိုး၊

15. Sperm autoimmunity သုက်ပိုး အော်တိုအင်မြူနတီဖြစ်ခြင်း၊

16. Pesticide/toxin exposure ရေနွေးချုခြင်းအပါအဝင် အဆိပ်အတောက်နဲ့ထိတွေ့မိထားခြင်း၊

17. Undescended testicles at birth ကျားအစိအောက်မကျခြင်း၊

18. Congenital absence of the vas deferens မွေးရာပါ အကြောမပါခြင်း၊

19. Ejaculatory duct obstruction သူက်ထုတ်ပြွန်ပိတ်နေခြင်း၊

20. Epididymitis အကြောရောင်ခြင်း၊

21. Scrotal trauma or surgery ထိခိုက်မှုနဲ့ ခွဲစိတ်မှု၊

22. Young syndrome ယန်းဆင်ဒရုမ်း၊

23. Vasectomy သားကြောဖြတ်ထားခြင်း။


Azoospermia due to Blockage လမ်းပိတ်နေလို့ သုက်ပိုးမပါခြင်း

• Epididymis (အပီဒီဒါးဒမစ်စ်) အစိအထက်နေရာမှာ ပိတ်နေသူ ၆၅% ရှိတယ်။

• Vas deferens (ဗတ်စ်ဒက်ဖရင်) အကြောမှာ ပိတ်နေသူ ၃ဝ% ရှိတယ်။

• Ejaculatory duct ထုတ်ပြွန်မှာပိတ်နေသူ ၄% ရှိတယ်။


Microsurgery အနုစိတ်ခွဲစိတ်မှု နဲ့ ပိတ်နေတဲ့နေရာကိ တိတိကျကျသိနိုင်ပြီး Microsurgery repair အနုစိတ်ခွဲစိတ်မှု နဲ့ ပြုပြင်ပေးနိုင်တယ်။


ပိတ်ဆို့ခြင်းမရှိသူ

Kallman syndrome နဲ့ hyperprolactinemia တွေဆိုရင် ကုသပေးလို့ရတယ်။ သုက်ပိုးကို ကျားအစိကနေထုတ်ယူမယ်။ IVF နဲ့ ICSI နည်းတွေနဲ့ ကလေးရအောင်ကြိုးစားနိုင်တယ်။ ခက်ခဲတာက ၅ဝ% သာသုက်ပိုးထုတ်ယူလို့ရတယ်။ ကျားအစိ အရွယ်အစား၊ serum FSH level နဲ့ biopsy reading တွေကြည့်ပြီး အောင်မြင်နိုင်မှုကို မှန်းဘို့ခက်တာဖြစ်တယ်။


ဒေါက်တာတင့်ဆွေ

http://ift.tt/1nTBedj





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1BhAnu5

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...