Skip to main content

မလေးရှားမှာ မြန်မာနိုင်ငံသား ၂၃ ဦးသတ်ဖြတ်ခံရမှု လူ ၇ ဦးကို စတင်ဖမ်းဆီး



မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၂၃ ဦးသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ သံသယရှိသူ ၇ ဦးကို အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်း လိုက်တယ်လို့ ကွာလာလမ်ပူမြို့ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

အဖမ်းခံရသူတွေဟာ အသက် ၂၀ နဲ့ ၄၀အကြား ရခိုင်ဒေသက လာတဲ့ မွတ်စလင် အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။


အဓိက သံသယရှိသူ တစ်ဦးရဲ့ ၀န်ခံထွက်ဆိုချက်အရ ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ သူ့မိသားစုဝင် ၆ ဦး သတ်ဖြတ်ခံရတဲ့အတွက် အခုလို မလေးရှားမှာ သတ်ဖြတ်မှု ကျူးလွန်ခဲ့ရတာလို့ ဆိုပါတယ်။


သတ်ဖြတ်ခံရသူအများစုဟာ ရခိုင်တိုင်းရင်းသားတွေဖြစ်ပြီး၊ မလေးရှားအာဏာပိုင်တွေအနေနဲ့ မြန်မာ နိုင်ငံသား ၂၀ နီးပါး သတ်ဖြတ်ခံရတဲ့အထိ စုံစမ်းစစ်ဆေးဖော်ထုတ်မှုတွေ ထိထိရောက်ရောက် မလုပ်ဆောင်ခဲ့ဘူးလို့ ကွာလာလာမ်ပူအခြေစိုက် မြန်မာအလုပ်သမားတွေက ပြောပါတယ်။


ဒီသတ်ဖြတ်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ မြန်မာအမျိုးသားလွှတ်တော်က မလေးရှားလွှတ်တော်ကို စာပေးပို့တောင်းဆိုသွားမှာဖြစ်ကြောင်း၊ အကယ်၍ စုံစမ်းစစ်ဆေးဖော်ထုတ်မှုတွေ မလုပ်ဆောင်ခဲ့ရင် IPU နိုင်ငံတကာ ပါလီမန်များသမဂ္ဂကတဆင့် တောင်းဆိုသွားမှာဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က နိုဝင်ဘာ ၁၁ ရက်နေ့က ပြောဆိုထားပါတယ်။


ဒီတောင်းဆိုမှုတွေကြောင့် အပြင် မလေးရှားနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုတဲ့အတွက် မလေးရှားအာဏာပိုင်တွေဘက်က အခုလို ဖမ်းဆီးစုံစမ်းမှုတွေ စတင်လုပ်ဆောင်လာတာဖြစ်နိုင်တယ်လို့ ကွာလာလာမ်ပူမြို့အခြေစိုက် အာရကန်ရိုဟင်ဂျာ ဒုက္ခသည်များအဖွဲ့ အကြီးအကဲ မိုဟာမတ် ဆာဒတ် က ပြောပါတယ်။


"ဒါကတော့ အာဆီယံနိုင်ငံအတွင်းမှာလည်း အချင်းချင်း နားလည်မှုလွဲသွားမှာဆိုတာ စိုးရိမ်လို့ နောက်ပြီးတော့ ဒီတိုင်းပြည်မှာလည်း ဒီလူကတော့ လူတွေအသတ်ခံရတယ်ဆိုပြီး၊ ခဏခဏ အသတ်ခံရတယ်ဆိုပြီး ဒီလူမလှုပ်ရှားနိုင်အောင်ဆိုပြီး ပစ်မှတ် နိုင်ငံနဲ့နာမည်ဖျက်မှာပဲ စိုးရိမ်လို့ သူက မနှောက်ယှက်နိုင်မှာပေါ့၊ ကျူးလွန်မှုမဖြစ်အောင် ဆက်လက်ပြီး ဖြစ်မလာအောင် သူတို့က အဲ့ဒီပုံသေနည်းတွေကို လုပ်နေကြတာ ဖြစ်ပါတယ်"


အခုနှစ်ဆန်းပိုင်ကလည်း မလေးရှားနိုင်ငံကွာလာလာမ်ပူမြို့မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဖို့ သွားရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်နဲ့ ဒေါက်တာအေးမောင်တို့ဟာ ကွာလာလမ်ပူမြို့မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။


မြန်မာနိုင်ငံတွင်းမှာ ဘာသာရေး၊ လူမျိုးရေးကို အခြေခံတဲ့ ပဋိပက္ခတွေဖြစ်ပွားတဲ့အခါတိုင်း မလေးရှားနေ မြန်မာလူမျိုးတွေ လည်လှီး သတ်ဖြတ်ခံရမှုတိုးလာတယ်လို့လည်း မလေးရှားရောက် မြန်မာအလုပ်သမားတွေနဲ့ လူမှုရေးဆောင် ရွက်နေသူတွေက ပြောပါတယ်။


ကွာလာလာမ်ပူမြို့အခြေစိုက် အာရကန်ရိုဟင်ဂျာ ဒုက္ခသည်များအဖွဲ့အနေနဲ့ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေ၊ ဒုက္ခသည်တွေအကြား ချစ်ကြည်မှုရှိအောင် အားစိုက်ကြိုးပမ်းနေကြောင်း အဖွဲ့ရဲ့အကြီးအကဲဖြစ်သူ မိုဟာမတ် ဆာဒတ် က ပြောပါတယ်။


RFA Burmese

http://ift.tt/1mveILg











Police in Penang surround the body of a Myanmar man found in an oil palm estate last month. He was the 20th of 23 Myanmar nationals to have been murdered in the Malaysian state over the past 11 months. -- PHOTO: THE STAR/ASIA NEWS NETWORK




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wmynU5

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...