Skip to main content

မြန်မာလူငယ်နှစ်ဦးကို ထိုင်းတရားရုံးက ချုပ်ရက် ၁၂ ရက် ထပ်တိုး



ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာ အလုပ်သမားနှစ်ဦးကို Koh Samuei ခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ ထိုင်းရဲတပ်ဖွဲ့က အမှုမတင်နိုင်တဲ့ အတွက် ချုပ်ရက်ကို ၁၂ ရက်ထပ်တိုးပေး လိုက်တယ်လို့ သိရပါတယ်။

တရားလိုဖြစ်တဲ့ ထိုင်းရဲတပ်ဖွဲ့ဘက်ကရရှိထားတဲ့ သက်သေ ၂ဝ ဦးကို စစ်ဆေးနေတာ မပြည့်စုံသေးတဲ့အတွက် အလုပ်သမား ၂ ဦးကို စွဲချက်မတင်နိုင်သေးဘဲ ရမန်ပဲ ပေးလိုက်တာဖြစ်တယ်လို့ လိပ်ကျွန်းလူသတ်မှု စုံစမ်းရေး အဖွဲ့ဝင် ဦးထူးချစ်က ပြောပါတယ်။


"သူတို့အဆုံးအဖြတ်ကတော့ သူတို့မှာ တခြားမှာသက်သေရှာထားတယ်၊ သက်သေအယောက် ၂ဝ လောက်သူတို့မှာ ထပ်ရှာထားတော့ အဲ့ဒီသက်သေတွေကို မေးမြန်းနေတယ်၊ ပြင်ဆင်နေတယ် နောက်တစ်ခု သူတို့တွေက သက်သေတစ်ယောက်က နိုင်ငံခြားသားတစ်ယောက်ဖြစ်နေလို့ အဲ့ဒီတစ်ယောက်က ထိုင်းနိုင်ငံထဲမှာ မရှိတာလည်းပါတယ်၊ ဒါကြောင့်မို့လို့ သူတို့အနေနဲ့ အဲ့ဒါအချိန်ကြန့်ကြာသွားတာလည်း ပါတယ်ဆိုတဲ့အကြောင်း သူတို့ရှင်းပြပါတယ်၊ အမှုအတွက် သူတို့မှာ ပြည့်စုံလုံလောက်တဲ့အထောက်အထား အချက်အလက် မရှိဘူးလို့ ကျနော်တို့အနေနဲ့ ယုံကြည်ရပါတယ်၊ ဒါကြောင့်မို့ သူတို့ကထပ်ပြီးတော့ သူတို့ကအချိန်ထပ်တိုးတောင်းသွားတဲ့ သဘောပါ"


ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က Koh Samuei ခရိုင်တရားရုံးမှာ မြန်မာသံရုံးအထူးအဖွဲ့က အဖမ်းခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦး အာမခံရရှိဖို့အတွက် ထိုင်းဘတ်ငွေ ၂ သန်းနဲ့ အာမခံတင်ခဲ့ပေမဲ့ ခရိုင်တရားရုံးက ပယ်ချခဲ့ပါတယ်။


ဒီနေ့ရုံးချိန်းမှာ မြန်မာသံရုံးအထူးအဖွဲ့က အာမခံမတင်ခဲ့ဘဲ နောက်ရုံးချိန်းမှာ အာမခံတင်နိုင်ဖို့အတွက် ထိုင်းရှေ့နေများကောင်စီနဲ့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။


ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။


ဒီအတောအတွင်း ခိုတောင်းကျွန်း လူသတ်မှုနဲ့ပတ်သက်လို့ သံသယနဲ့ဖမ်းဆီးထားတဲ့ မြန်မာလူငယ်နှစ်ဦးကို တရားစွဲဆိုဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးရေးရဲအဖွဲ့ကတင်ပြတဲ့ သက်သေအထောက်အထားတွေ ခိုင်မာပြည့်စုံမှုရှိကြောင်း ထိုင်းနိုင်ငံ အမှတ် ၈ အစိုးရတရားသူကြီးရုံး အကြီးအကဲ မစ္စတာတာ ဝက်ချိုင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။


မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေ၊ အထောက်အထားတွေ၊ DNA မျိုးရိုးဗီဇ စစ်ဆေးချက်တွေပါဝင်တဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းရေးအစီရင်ခံစာအရ တရားစွဲဆိုမှာဖြစ်တယ်လို့ သိရပါတယ်။


ဒီမြန်မာလူငယ်လေးနှစ်ဦးဟာ အပြစ်မဲ့အမှုဆင်ချောက်တွန်းခံရတာဆိုပြီး အင်တာနက် လူမှုသတင်းမီဒီယာ တွေမှာ ပြောဆိုနေကြတာဟာ သတင်းအချက်အလက်နဲ့ သက်သေအထောက်အထား ပြည့်ပြည့်စုံစုံမသိရတဲ့ အတွက်ကြောင့်သာဖြစ်ကြောင်း၊ ထိုင်းဥပဒေအရ တချို့သက်သေအထောက်အထားတွေကို အများပြည်သူ သိအောင် ချပြလို့မရကြောင်း သူကပြောပါတယ်။


RFA Burmese

http://ift.tt/1mveILg






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1pNRioo

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...