Skip to main content

စည်ပင် ရွေးကောက်ပွဲ ဝင်ခွင့်ရသူ စာရင်း ထွက်လာ



ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှာ ခရိုင်နဲ့ မြို့နယ် အလိုက် ကော်မတီဝင်တွေ အဖြစ် အရွေးခံဖို့ ကိုယ်စားလှယ် စာရင်း ကိုယ်စားလှယ်စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် လိုက်ပါတယ်။

ရန်ကုန်တိုင်းရဲ့ အရှေ့၊ အနောက်၊ တောင်နဲ့ မြောက်ခရိုင် ၄ခုထဲက မြို့နယ်နဲ့ ခရိုင်အဆင့် စည်ပင် သာယာရေး ကော်မတီဝင် အဖြစ် ရွေးချယ်ခံဖို့ ဝင်ရောက် အရွေးခံဖို့ တင်သွင်းသူ ၃၀၅ယောက်မှာ ၇ ယောက်ကို စည်းကမ်းချက် နဲ့ မကိုက်ညီလို့ ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်က ပယ်ခဲ့ ပါတယ်။


အရည်အချင်း မကိုက်ညီသူ ၇ ယောက်၊ အမည်စာရင်း ရုပ်သိမ်းသူ ၇ ယောက်ရှိတယ်လို့ မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရုံးအဖွဲ့မှူး ဦးဇင်မင်းလှိုင်က ပြောပါတယ်။


ရွေးကောက်ပွဲ ဝင်ဖို့ အသက် မပြည့်သူ၊ သတ်မှတ်အသက်ထက် ကျော်လွန် နေသူတွေအပြင် ကိုယ်အရွေးခံမယ့် နေရာမှာ ၁၀ နှစ် ဆက်တိုက် နေထိုင်ရမယ် ဆိုတဲ့ အချက်တွေနဲ့ မပြည့်ကြသူတွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။


အဲဒီလို အပယ်ခံရသူတွေထဲမှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဒလမြို့နယ် ကနေ တသီးပုဂ္ဂလ ဝင်ရောက် ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ဦးဝင်းချိုလည်း ပါဝင်ပါတယ်။


သူဟာ လယ်သမားအရေး ဦးဆောင် လှုပ်ရှားခဲ့တာတွေနဲ့ ပတ်သက်လို့လည်း ထောင်ကျခဲ့ဖူးသူ ဖြစ်ပါတယ်။


ကိုယ်ရေး ရာဇဝင်မှာ အဲဒါကို ဖြည့်သွင်းခြင်း မရှိဘဲ ထိန်ချန်တယ်လို့ စည်ပင် ရွေးကောက်ပွဲ ကော်မရှင်က ပြောပေမဲ့ ဦးဝင်းချိုကတော့ လျှောက်လွှာ ဖြည့်စဉ်က ကိုယ်ရေး ရာဇဝင် ဖြည့်နိုင်ဖို့ ပုံစံ ထုတ်ပေးပါလို့ တောင်းခံခဲ့ပေမဲ့ မလိုကြောင်းနဲ့ ရေးချင်တာ ရေးဖို့ ပြောခဲ့တဲ့ အတွက် လိုအပ်မယ် ထင်တာတွေကိုသာ ဖြည့်ခဲ့တယ်လို့ ပြောပါတယ်။


ရွေးကောက်ပွဲ ဝင်ရမယ့် စည်းကမ်းတွေကို ကြိုတင် မသိခဲ့ဘဲ သူ့ကို ပယ်လိုက်တယ်လို့ ခေါ်ပြောတဲ့နေ့မှ စည်ကမ်း ဥပဒေစာအုပ်ကို ရခဲ့တယ်လို့ ဦးဝင်းချိုက ပြောပါတယ်။


ယှဉ်ပြိုင်ခွင့် ရတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

http://ift.tt/10FJ6eq











ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မတီ




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/10FJ4mS

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...