Skip to main content

ကားမှန်ခွဲ၍ ပစ္စည်း ခိုးယူမှုများကို ဖမ်းဆီးရမိ



ကားမှန်ခွဲ၍ ပစ္စည်း ခိုးယူမှုများကို ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၅


ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် နယ်မြေအတွင်း၌ ဖြစ်ပွားခဲ့သည့် ကားမှန်ခွဲပြီး ပစ္စည်းခိုးယူခံရမှုများနှင့် ပတ်သက်၍ ဖော်ထုတ်နိုင်ရေး အတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ တိုင်း/ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့များမှ အစီအမံများ ချမှတ်ပြီး ဆောင်ရွက်ခဲ့ရာ ကားမှန်ခွဲ၍ ပစ္စည်းခိုးယူမှု (၄)မှုကို ဖော်ထုတ်နိုင်ခဲ့ပါသည်။


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အနောက်ပိုင်ခရိုင်မှုခင်း နှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များသည် ယင်းကဲ့သို့ခိုးမှုများဖော်ထုတ်နိုင်ရေးအတွက် လှိုင်သာယာ မြို့နယ်အတွင်း သတင်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၇.၁၀.၂၀၁၄ရက်နေ့ ၂၀၀၀အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်၊ ခရေပင်လမ်းမပေါ်၌ ယခင်ပြစ်ချက်ဟောင်းရှိပြီး ပြစ်မှုကျူးလွန်ထားကြောင်း မသင်္ကာသူ ချစ်ကိုအားတွေ့ရှိ ဖမ်းဆီး ရမိခဲ့ပါသည်။


ဖမ်းဆီးရမိသူ ချစ်ကိုအားစစ်ဆေးခဲ့ရာ ၎င်းနှင့် ငထွန်း(ခ)ထွန်းထွန်းဝင်းတို့သည် ၁၆.၁၀.၂၀၁၄ ရက်နေ့ ၁၃၀၀ အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်၊ ပြည်ရိပ်မွန်လမ်း၌ နေအိမ်ရှေ့တွင်ရပ်ထားသော မော်တော်ယာဉ် (၁)စီး၏ နောက်တံခါးရှိတြိဂံမှန်ကို ထွန်းထွန်းဝင်းမှ ဝက်အူလှည့်ဖြင့် ထိုးခွဲပြီး တံခါးလော့

ဖွင့်ကာ ကားရှေ့ခန်းထိုင်ခုံကြားတွင်ထားသော လက်ဆွဲအိတ်အား ခိုးယူခဲ့ကြကြောင်း၊ ထိုသို့ခိုးယူစဉ် ၎င်းမှ ပတ်ဝန်းကျင်အားစောင့်ကြည့်ပေးခဲ့ကြောင်း၊ ခိုးယူလာသည့်အိတ်အား ထွန်းထွန်းဝင်းမှဖွင့်ကြည့်ပြီး ၎င်းအား မြန်မာငွေ (၅၀၀၀)တန် (၃)ရွက်နှင့် SAMSUMG GLAXY လက်ကိုင်ဖုန်း (၁)လုံးကိုသာ ဝေစုအဖြစ် ပေးခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။


ယင်းပေါ်ပေါက်ခဲ့သည့်အမှုမှာ ၁၆.၁၀.၂၀၁၄ ရက်နေ့တွင် ကမာရွတ်မြို့နယ်နေ ဦးစောထွေးအောင်မှ ၎င်း၏ယာဉ်အတွင်းထားရှိသည့် အမေရိကန်ဒေါ်လာ (၇၆၀)၊ ယူရိုငွေ(၁၀၀)၊ မြန်မာငွေကျပ် (၅၀၀၀)တန် (၈၀)ရွက်ခန့်၊ ဆင်းကတ်ပါ SAMSUMG GLAXY လက်ကိုင်ဖုန်း (၁)လုံးတို့နှင့် အခြားအသုံးအဆောင်

ပစ္စည်းများ စုစုပေါင်းတန်းဘိုးငွေကျပ် (၁၄၅၇၀၀၀)ခန့်ထည့်ထားသော လက်ဆွဲအိတ်အား ယာဉ်၏မှန်ကိုခွဲပြီးခိုးယူခံရ၍ တိုင်တန်းထားရှိသော အမှုဖြစ်သဖြင့် ကမာရွတ်မြို့မရဲစခန်းတွင်(ပ)၄၄၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ဖြင့်အမှုဖွင့်ပြီး စုံစမ်း နေဆဲအမှုကို ဖော်ထုတ်နိုင်ခဲ့ပါသည်။


ယင်းအမှုကျူးလွန်ရာတွင်ပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ငထွန်း(ခ) ထွန်းထွန်းဝင်းကို ဖမ်းဆီးရမိရေးအတွက် တိုင်း/ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ ဆက်လက်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။


ထိုသို့ဆောင်ရွက်နေစဉ် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် ၃၀.၁၀.၂၀၁၄ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာ၌ ရဲဘက်ပြေးတစ်ဦးရောက်ရှိ နေကြောင်းသတင်းအရ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ လှိုင်သာယာ- ညောင်တုန်း ကားလမ်းမပေါ်တွင်ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ ငထွန်း(ခ) ထွန်းထွန်းဝင်းဖြစ်ကာ ရဲဘက်မှထွက်ပြေးလာသူဖြစ်ကြောင်း အတည်ပြု ရရှိသည့်အပြင် ဖော်ပြပါကမာရွတ်မြို့မ ရဲစခန်း(ပ)၄၄၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ အမှုကို ချစ်ကိုနှင့်အတူကျူးလွန်ခဲ့သူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။


ဖမ်းဆီးရမိသူ ငထွန်း(ခ)ထွန်းထွန်းဝင်းအား အခြားခိုးမှုများ ကျူးလွန်းထားခြင်းရှိ/မရှိ ဆက်လက်စစ်ဆေးရာ ၎င်းနှင့် ချစ်ကိုတို့ (၂)ဦးသည် ၉.၁၀.၂၀၁၄ရက်နေ့ ၁၃၄၅ အချိန်တွင် ဗဟန်းမြို့နယ်၊ အေးရိပ်သာ (၂)လမ်းထိပ်၌ရပ်ထားသော မော်တော်ယာဉ် (၁)စီး၏ ယာဘက်နောက်တံခါးမှန်အား ဝက်အူလှည့်ဖြင့် ထိုးခွဲပြီး DELLတံဆိပ်လက်တော့ကွန်ပျူတာ (၁)လုံး၊ ဆက်စပ်ပစ္စည်းများနှင့် အိတ် (၁)လုံးတို့ကို ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ၉.၁၀.၂၀၁၄ရက်နေ့တွင် မရမ်းကုန်းမြို့နယ်နေ ဦးမင်းမင်းခိုင်မှ ၎င်း၏ယာဉ်အတွင်းထားရှိသည့် DELL PRECEARTION လက်တော့(၁)လုံးနှင့် ဆက်စပ်စ္စည်းများ စုစုပေါင်း တန်ဘိုးငွေကျပ် (၁၉)သိန်းအား ယာဉ်၏ မှန်ကိုခွဲပြီး ခိုးယူခံရသဖြင့် ဗဟန်းမြို့မ ရဲစခန်းတွင် တိုင်တန်းထားသော(ပ)၄၂၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉အမှုကို ထပ်မံဖော်ထုတ်နိုင်ခဲ့ပါသည်။


၎င်းအားအသေးစိတ် ဆက်လက်စစ်ဆေးခဲ့ရာ ငထွန်း(ခ)ထွန်းထွန်းဝင်းသည် ချစ်ကို၊ သန်းဝင်း (စုံစမ်းဆဲ)တို့နှင့်အတူ ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ အတွင်းက ဗဟန်းမြို့နယ်၊ သံလွင်လမ်းအတွင်း ရပ်ထားသော ယာဉ်တစ်စီး၏ နောက်ဘက်တံခါးမှန်အား ဝက်အူလှည့်ဖြင့်ထိုးခွဲပြီး အတွင်းမှ လက်ကိုင်ဖုန်း (၃)လုံးအားလည်းကောင်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဘဏ်အနီးတွင်ရပ် ထားသော ယာဉ်တစ်စီး၏ နောက်ဘက်တံခါးပေါက်ရှိ တြိဂံမှန်အားခွဲပြီး အတွင်းမှ ငွေကျပ်(၁၅)သိန်းအားလည်းကောင်း ခိုးယူခဲ့ကြောင်း ပေါ်ပေါက်

ခဲ့ပါသည်။


ယင်းသို့ပေါ်ပေါက်ချက်များအရ အမှုများမှ ပါဆုံးပစ္စည်းအချို့နှင့် ခိုးယူရရှိသည့် ငွေတို့ဖြင့်ဝယ်ယူ ထားသောပစ္စည်းများအား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများဖြစ်သည့် လှိုင်သာယာမြို့နယ်နေ ချစ်ကို (၂၇)နှစ်နှင့် ငထွန်း(ခ)ထွန်းထွန်းဝင်း (၂၉)နှစ်တို့ (၂)ဦးကို ထပ်မံအမှုရေးဖွင့်ကာ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police

http://ift.tt/1nAnmKq






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1okyzQS

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...