ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ မြို့၏ လူစည်ကားရာ မိုင်းပွန်လမ်းရှိ ဒုဋ္ဌဝတီ အားကစားကွင်းရှေ့၌ နိုဝင်ဘာ ၆ ရက်(တန်ဆောင် မုန်းလပြည့်)နေ့ ၁၂ နာရီခန့်က ယာဉ်အမှတ် (၃ဂ/...) CALDINA အမျိုးအစား မော်တော် ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ အလှပြင်ဆိုင်ခန်းမ အတွင်းသို့ ဝင်ရောက် တိုက်မိမှု တစ်ရပ်ဖြစ်ပွား ခဲ့သည်။
စိုင်းထွန်းမြင့်ဆိုသူမောင်းနှင်သော အဆိုပါယာဉ်သည် လမ်းကြောင်း အတိုင်းမောင်းနှင်လာစဉ် အခြား ယာဉ်အချို့ကို ရှောင်တိမ်းလိုက်ရာမှ အရှိန်မထိန်းနိုင်ဘဲ ယခုကဲ့သို့ အလှ ပြင်ဆိုင်ထဲသို့ ဝင်ရောက်သွားခြင်း ဖြစ်သည်ဟုဆိုသည်။
၎င်းမော်တော်ယာဉ်မှာ ရှေးဦးစွာ အလှပြင်ဆိုင်ရှေ့၌ ဖွင့်လှစ်ထားသော ခေါက်ဆွဲ စားသောက်ဆိုင်ကို တိုက် ကာအရှိန်ဖြင့် အလှပြင်ဆိုင်ရှေ့ခန်းကို ဝင်ရောက်တိုက်မိပြီး ရပ်တန့်သွားခဲ့ သည်ဟုဆို၏။
၎င်းယာဉ်တိုက်မှုကြောင့် ကလေး ငယ် တစ်ဦးဒဏ်ရာရရှိသည်မှအပ လူသေဆုံးဒဏ်ရာရမှုမရှိဘဲ ကားကို လူအုပ်စုဖြင့် ဝိုင်းဝန်းမတင်ဆွဲထုတ်ပေးခဲ့ကြရသည်။ ဖြစ်စဉ်နှင့်ပတ်သက် ၍ သီပေါမြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
(သီပေါကိုလတ်)
The Mirror Daily
http://ift.tt/1n2DVIZ
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1yftrgK
Comments
Post a Comment