ဒါဟာ ရှီးယား မွတ်စလင် ဘုရားဖူးတွေကို သူတို့ရဲ့အရေးကြီးဆုံး ဘာသာရေး ပွဲတော်တွေထဲက တခုမှာ တိုက်ခိုက်မှုလို့ ဒေသခံတဦးက ပြောပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့နှောင်းပိုင်း အယ်လ်အာစာ ခရိုင်အတွင်း အယ်လ်ဒါဝါရွာက စီးနင်းမှုဟာ အရှေ့ အလယ်ပိုင်း တလွှား ဆွန်နီနဲ့ရှီးယား မွတ်စလင်တွေကြား ဆက်ဆံရေးတင်းမာမှုကို ပြသနေတာပါ။
ဖြစ်ရပ်ကလည်း ရှီးယားမွတ်စလင်တွေရဲ့ နှစ်စဉ်ကျင်းပနေကျ အရှုရ (Ashura) ပွဲတော်နဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီး ဌာနပြောခွင့်ရကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လူ ၆ ယောက်ကို ဖမ်းထားတယ်လို့ ပြောကြောင်း SPA က အစီရင်ခံပါတယ်။ အသေးစိတ်တော့မပြောပါဘူး။
လူ့အခွင့်အရေးလှုပ်ရှားသူ ဒေသခံတယောက်က ဆော်ဒီ လုံခြုံရေးတပ်တွေဟာ တိုက်ခိုက်သူတွေ သုံးခဲ့ပုံရပြီး အထဲမှာ အလိုအလျောက်ပစ်ခတ်တဲ့ လက်နက်တွေ ပါတဲ့ ကားတစီးကို ရှာတွေ့ခဲ့ပြီး တိုက်ခိုက်မှုနဲ့ ပတ်သက်သူ တယောက်ကို ဖမ်းခဲ့တယ်လို့ ပြောပါတယ်။
ဆော်ဒီအစိုးရပိုင် အယ်လ်အာရေဗီးယား ဂြိုဟ်တုရုပ်သံလိုင်းကလည်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၆ ယောက်ကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
အယ်လ်အာဆာခရိုင်ဟာ ဆွန်နီမွတ်စလင်တွေ အုပ်ချုပ်ရာ ဆော်ဒီအာရေဗျနိုင်ငံတွင်း လူနည်းစု ရှီးယားမွတ်စလင်တွေရဲ့ အဓိက ဗဟိုဌာနတွေထဲက တခုပါ။
တမန်တော် မိုဟာမက်ရဲ့ မြေး အိုင်မန်ဟူစိန် သေဆုံးမှု အထိမ်းအမှတ် မြင့်မြတ်တဲ့ ဘာသာရေးနေ့အဖြစ် အရှုရနေ့ကို သတ်မှတ်ထားပါတယ်။
By ဒီဗွီဘီ
http://ift.tt/1vJ3pQp
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1vJ3qnD
Comments
Post a Comment