Skip to main content

ဦးအောင်သောင်းနဲ့ မပတ်သက်ကြောင်း ယူနိုက်တက်အမရာဘဏ် ထုတ်ပြန်



အမေရိကန်အစိုးရက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကို ပိတ်ဆို့အရေးယူမှု လုပ်တဲ့ ကိစ္စဟာ သူ့ရဲ့သားဖြစ်သူ ဦးနေအောင် အစုရှယ်ယာ ထည့်ထားတဲ့ ယူနိုက်တက် အမရဘဏ်နဲ့ ပတ်သက်မှု မရှိကြောင်းနဲ့ ယူနိုက်တက် အမရာဘဏ်ကို ဗဟိုဘဏ်က ထောက်ခံ တာဝန်ယူထားတဲ့ အတွက် မစိုးရိမ်ကြဖို့ ယူနိုက်တက် အမရာဘဏ်က မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယူနိုက်တက်အမရာဘဏ်မှာ ငွေထုတ်သူတွေများနေတယ်ဆိုပြီး အခုရက်ပိုင်းအတွင်း ကောလာဟလတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။


လက်ရှိမှာ ဗဟိုဘဏ်က ယူနိုက်တက်အမရာဘဏ်ကို ထောက်ခံကူညီထားတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ ဘဏ်လုပ်ငန်းပညာရှင် ဦးဇော်လင်းထွဋ်က RFA ကို ပြောပါတယ်။


"ဘာပဲပြောပြော အခုပွင့်လင်းမြင်သာမှုတွေရှိလာပြီ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ပြောထားပါတယ်၊ ဒါတွေအကုန်လုံးကို ဗဟိုဘဏ်ကနေပြီးတော့ သေချာစောင့်ကြည့်ပြီးတော့ ပံ့ပိုးကူညီသွားမယ်ဆိုတာမျိုး ပြောထားပါတယ်၊ အဲ့ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ကြောက်စရာမလိုပါဘူးလို့ ကျနော်တို့က အသိပေးချင်ပါတယ်"


ယူနိုက်တက် အမရာဘဏ်ရဲ့ ကြေညာချက်ထဲမှာ အမေရိကန်အစိုးရရဲ့ အရေးယူပိတ်ဆို့မှုဟာ ဦးအောင်သောင်း တစ်ဦးတည်းကိုသာဖြစ်ကြောင်း ယူနိုက်တက်အမရဘဏ်နဲ့ မသက်ဆိုင်ကြောင်း၊ လတ်တလော ငွေထုတ်သူတွေများနေတယ်ဆိုတဲ့ ကောလာဟလတွေဟာ မှန်ကန်မှုမရှိကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ လမ်းညွှန်မှုတွေနဲ့အညီ ဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။


ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရဲ့သား ဦးနေအောင်ဟာ ယူနိုက်တက် အမရဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးသာဖြစ်ကြောင်း၊ အမေရိကန်ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်မှုလုံးဝ မရှိကြောင်းလည်း ပါရှိပါတယ်။


ဒီအတောအတွင်း သမ္မတအိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်မတိုင်ခင် မြန်မာလွှတ်တော်အမတ်တဦးဖြစ်တဲ့ ဦးအောင်သောင်းကို စီးပွားရေးပိတ်ဆို့အရေးယူတဲ့ အမည်မဲစာရင်းထဲမှာထည့်သွင်းလိုက်တာဟာ မြန်မာအစိုးရကို ပစ်မှတ်ထားရည်ရွယ်တာမဟုတ်ဘဲ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ကာကွယ်ဖို့သာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် Patrick Ventrell က ပြောလိုက်ပါတယ်။


ဒါဟာ ဒီမိုကရေစီလုပ်ငန်းစဉ်ကို အနှောက်ယှက်ပေးသူ တဦးချင်းကိုသာ ပစ်မှတ်ထားတာဖြစ်တယ်လို့ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူကပြောကြားခဲ့ပါတယ်။


RFA Burmese

http://ift.tt/1kBhvP9






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1vJtzT3

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3