Skip to main content

ဖားကန့် ရေမဆေးကျောက်သမား သေဆုံးမှု လျော်ကြေးသိန်း ၄ ထောင် တောင်းဆို



ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသ ကျောက်စိမ်းမှော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လူရွယ်တဦး ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်သေဆုံး ခဲ့ရတာနဲ့ ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုဝင်တွေက သက်ဆိုင်ရာ ကုမ္ပဏီကို ကျပ်သိန်းပေါင်း ၄ ထောင် ပေးလျော်ဖို့ တောင်းဆို ထားပါတယ်။

သေဆုံးသူရဲ့ မိဘ၊ ကုမ္ပဏီ ကိုယ်စားလှယ်၊ ကချင်ရိုးရာ ယဉ်ကျေးမှုအဖွဲ့၊ နိုင်ငံရေး ပါတီနဲ့ သတင်းရဲတပ်ဖွဲ့တွေပါ ပါဝင်တဲ့ လူပေါင်း ၁၀၀ ကျော်ဟာ နိုဝင်ဘာလ ၆ ရက် ညနေပိုင်းက ဖားကန့်ကချင်ရိုးရာအိမ်တော်မှာ တွေ့ဆုံမေးမြန်းအပြီး ခုလိုတောင်းဆို လိုက်တာလို့ ဖားကန့် အမျိုးသား ဒီမိုကရေစီ နာယက ဦးဒါရှီလာဆိုင်းက ပြောပါတယ်။


“သေဆုံးတဲ့သူရဲ့ အဖေကပြောတာ ပေါ့နော်။ သူတို့ဘိုးစဉ်ဘောင်ဆက် သမိုင်းထဲမှာ ဒီလို အဖြစ်ဆိုးမျိုးကြုံရတာ မရှိဖူးဘူး။ သူတို့သားက ကုမ္ပဏီဝင်းထဲမှာ အလုပ်လုပ်ပြီး အဲဒီ ၀င်းထဲမှာပဲ သေဆုံးရတယ်။ ပြီးတော့ အလောင်းကလည်း ကုမ္ပဏီရဲ့ မြေစာကားပေါ် ပါလာတဲ့အတွက် ကုမ္ပဏီမှာ တာဝန်ရှိတယ်ပေါ့။ ဒီအတွက် နစ်နာမှု လျော်ကြေး သိန်းပေါင်း ၄ ထောင် တောင်းဆိုတယ်။ မနေ့ကလာတဲ့ လူထုတွေ အားလုံးရှေ့မှာ။ ကုမ္ပဏီ ကိုယ်စားလှယ်က သူတို့အထက်လူကြီးကို ပြန်မေးရမှာမို့ လာမယ့် တနင်္လာနေ့ (နိုဝင်ဘာ ၁၀) မနက် ၁၀ နာရီ ပြန်ဆုံဖို့ ချိန်းထားပါတယ်။”


ကုမ္ပဏီရဲ့ ကိုယ်စားလှယ် ၂ ဦးကတော့ ဖြစ်စဉ်ပေါ်မူတည်ပြီး ဥပဒေကသတ်မှတ်ထားတဲ့ လျော်ကြေးအတိုင်းသာ ပေးလျော်မယ့်အကြောင်းနဲ့ သေဆုံးတဲ့ကိစ္စဟာ မတော်တဆထိခိုက်မှု၊ ဒါမှမဟုတ် အလုပ်သမား အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ကြောင်း သူကဆက်ပြောပါတယ်။


သေမှုသေခင်းနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးပိုင်းက စုံစမ်းစစ်ဆေးနေပြီး ထုတ်ပြန်ခြင်း မရှိသေးပါဘူး။


လုံးခင်းကျေးရွာအုပ်စု ဆန်ခါမဆွတ်ယန်ရွာသား လမုန်ဂွမ်ဂျာအောင် ဆိုသူဟာ တောက်ပကြယ်ကုမ္ပဏီဝင်းထဲမှာ ရေမဆေးကျောက်ရှာဖွေရင်း အောက်တိုဘာ ၃၁ ရက်နေ့ညက ပျောက်ဆုံးခဲ့ပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့မှာ မြေစာပုံကြားထဲကနေ အပိုင်းပိုင်းပြတ်နေတဲ့ သူ့ရဲ့အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


အရင်းအနှီးမဲ့ ရွာသားအများစုဟာ ကျောက်တူးဖော်ရေးကုမ္ပဏီတွေက စွန့်ပစ်ထားတဲ့ မြေစာတွေကြား ရေမဆေးကျောက်တွေကို လိုက်လံရှာဖွေလုပ်ကိုင်နေပြီး ရံဖန်ရံခါ ကုမ္ပဏီတွေရဲ့ မောင်းထုတ်မှု၊ စစ်တပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးမှုကို ခံရလေ့ရှိပါတယ်။


By ဒီဗွီဘီ

http://ift.tt/1otgqQM











ရေမဆေးကျောက် ရှာဖွေနေကြသူများ





from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1yftoBv

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...