Skip to main content

SSPP/SSA နှင့်အစိုးရတပ်မတော် စစ်ရေးပြန်လည်တင်းမာ



အောက်တိုဘာ ၁ ရက် ၂၀၁၄

သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် အနီးဝန်းကျင်သို့ အစိုးရတပ် တထောင်ခန့် အင်အားတိုး ဖြည့်လာသောကြောင့် နှစ်ဘက်တပ်ကြား အထူးတင်းမာနေသည်ဟု SSA ရှေ့တန်း တပ်မှူး ကပြော သည်။


အစိုးရ၏ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း ၏ အမိန့်ဟုဆိုကာ အောက်တိုဘာ ၁ ရက်နေ့ နံနက် ၁၁ နာရီနောက်ဆုံးထားပြီး သျှမ်းပြည် တပ်မတော် SSPP/SSA က တာ့ဖာဆောင်တံတားတပ်စခန်းမှ တပ်ဆုတ်ပေးမည် မဆုတ်ပေးမည် ( yes/ no အဖြေတခုသာ ပေးရန်) အကြောင်းပြန်ရန် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုနိုင်က သျှမ်းပြည်တပ် SSPP/SSA ထံပြောကြားလာ သည်ဟု ဆိုပါသည်။


ထို့ကြောင့်ယမန်နေ့မှ ယနေ့ (၁၊၁၀၊၂၀၁၄ ) ညနေအထိ အစိုးရတပ် များ တာ့ဖာ ဆောင် တပ်စခန်း ဘက်သို့ အင်အားတိုးဖြည့်လာနေ ကြောင်း၊ ခုခံတိုက်ခိုက်ရန် သျှမ်းပြည် တပ်မ တော်ဘက်က လည်း စစ်ရေးအသင့် အနေအထားရှိ နေကြောင်း ရှေ့တန်းစစ်မျက်နှာ တပ်မှူးတဦး ကပြောသည်။


“နိုင်ငံတော် သမ္မတက နှစ်ဘက်တပ်တွေဆုတ်ဖို့ပြော တယ်။ မြန်မာ့ တပ်မတော် က အစိုးရတပ်ဘဲ။ အရင်ဆုတ်ရမှာပေါ့။ ဒီကိစ္စ ကျနော်တို့ အတွေ့အကြုံရှိ တယ်။ နမ့်လောင်း၊ ဇစ်လတ် (၇ မိုင်) တပ်စခန်း ပြဿနာတုန်း ကလဲ နှစ်ဘက်စလုံး မနေရဘူးလို့ ပြောတယ်။ ငြိမ်းချမ်းရေးကို မျှော်ကိုးပြီး ကျနော်တို့ တပ်ထွက် ခွါတော့ အစိုးရတပ်က လာနေတယ်။ ခုထက်ထိဘဲ။ ဒါ့ကြောင့် အခုကျနော်တို့ မဆုတ်နိုင်ဘူး။ ဒါကျနော်တို့ နေတဲ့နေရာဘဲ။” - ဟု ပြောသည်။


ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ ဝမ့်ဇင်းဘက်မှ စစ်ကား ၁၀ စီးကျော်၊ မိုင်းစံ - မိုင်းရှူး မှ တဆင့် စစ်ယာဉ်တန်းများ၊ လားရှိုး - မိုင်းရယ်ဘက်မှ စစ်အင်အားများ ဝမ့်ဟိုင်းဌာနချုပ်အနီး တာ့ဖာဆောင် တပ်စခန်းဘက် ယနေ့ထပ်မံ ဦးတည် လာနေ သည်ဟု ဒေသခံများကပြောသည်။


တန့်ယန်းမြို့နယ် မန့်ကတ် နှင့် ကျိုင်းတောင်းမြို့ တပ်စခန်းသိမ်းသင်တန်းတို့မှ သင်တန်းဆင်းခါစ စစ်အင်အား ၅ ဗျူဟာခန့်စစ်သည်များဖြစ်ကြောင်း၊ လက်တွေ့ဆင်းရန်အတွက် ဖြစ်နိုင်ကြောင်း ဝမ့်ဟိုင်းဌာနချုပ်က အရာရှိတဦးကလည်းပြောပါသည်။


“တာ့ဖာဆောင်စခန်းက တပ်မတော် လိုအပ်ချက်ထဲက အသေးအမွှားလောက်ပဲ လို့မြင်မိတယ်။ ဝ ဒေသအနောက်ကြော သံလွင်မြစ်အနောက်ခြမ်းမှာ ရှိတဲ့ အချက်အခြာကျတောင်ကုန်းတပ်စခန်းတွေကို သိမ်းပိုက်ဖို့က အဓိက စီမံချက် ဘဲလို့ယူဆတယ်။ ဒီတခေါက် သေနတ်သံထပ်ပေါက်ရင်တော့ တည် ဆောက် နေ တဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တယ်။ စစ်ရေးနည်းနဲ့ လာရင်တော့ စစ်ရေးနည်းနဲ့ ဘဲဖြေရှင်းရတော့မှာပေါ့ ” - ဟု ပြောသည်။


သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရ တပ်မတော်ကြား စစ်ရေး တင်းမာနေချိန် မြန်မာ့တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ကိုးရီးယား နိုင်ငံတွင်ရောက်ရှိနေပါသည်။


သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားသည်မှာ သုံးနှစ်ခန့် ရှိပြီဖြစ်ပါသည်။ အပစ်ရပ်စဉ်က ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်း ဖေါ်ဆောင်ရေးကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်က SSPP/SSA နယ်မြေအတွင်း တပ်စခန်း ချထား သည့် တပ်မတော် စစ်ကြောင်းများ ၅ ရက် အတွင်း တပ်ဆုတ်ပေးမည် ဟု နှုတ်ကတိပေး ထားခဲ့ဖူးသည်။ သို့သော် တပ်ဆုတ်ပေးခြင်းမရှိသည့်အပြင် အင်အားဖြည့်ခြိမ်းခြောက်မှုများကြောင့် နှစ်ဦးနှစ်ဘက် ကြား တိုက်ပွဲပေါင်း ရာဂဏန်းဖြစ်ပွားနေရပါသည်။


သျှမ်းသံတော်ဆင့်

http://ift.tt/1COV30v


ဓါတ်ပုံ- SSPP/SSA ဌာနချုပ်သို့ ဦးတည်နေသည့် မြန်မာ့တပ်မတာ် (Photo: SHAN )










from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1x06iiq

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...