Skip to main content

ဆေးကျောင်းသူ တစ်ယောက်အနေဖြင့် အဝတ်အစား ဝတ်ဆင်မှုကို ဆင်ခြင် ရတယ်ဆိုတဲ့ ပိုင်ဖြိုးသု





၁၉၉၈ ခုနှစ်ဆီက ''အမေဆိုတာ တစ်ခါတုန်းက သမီးပါ'' ဆိုသည့် ဇာတ်ကားတွင် ကလေး သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ပိုင်ဖြိုးသုသည် ယခု အခါ ဆေးကျောင်း တစ်ဖက်နှင့် အနုပညာ လမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ရာ ပရိသတ်များ၏ အသိအမှတ် ပြုခံရသော သရုပ်ဆောင်တစ်ဦး အဖြစ်သို့ ရောက်ရှိ လာပြီ ဖြစ်သည်။ အနုပညာလမ်းကြောင်း ပေါ်သို့ လျှောက်လှမ်းနေသူ ဆေးကျောင်းသူ တစ်ဦးအနေဖြင့် အဝတ်အစား ဝတ်ဆင်မှုပိုင်း ကိုတော့ ဆင်ခြင် ရကြောင်း သူမကပြောသည်။

''သုတို့ သရုပ်ဆောင်တွေ ဆိုတာက ကိုယ့်ရဲ့ ကျရာ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင် နိုင်ဖို့ အတွက်က ကာရိုက်တာနဲ့ လိုက်ဖက်အောင် ဝတ်စား ဆင်ယင် တတ်ဖို့လည်း လိုပါတယ်။ အဲဒီ အတွက်ကိုလည်း အဝတ်အစားပိုင်းကို ကာရိုက်တာနဲ့ လိုက်ဖက်အောင် ဝတ်သင့်တာတော့ ဝတ်ရပါတယ်။ သရုပ်ဆောင် ဖြစ်ချင် ရင်တော့ ကိုယ်ကျရာ ဇာတ်ရုပ် အတွက် လုပ်သင့်တာကို လုပ်ရမှာပဲလေ။ ဒါပေမဲ့ ကားရိုက်တာမျိုး မဟုတ်ဘဲနဲ့ အပြင်တွေ ထွက်ရင်တော့ အဝတ်အစား ဝတ်ဆင်မှု ပိုင်း ကိုတော့ ဆင်ခြင်ရတယ်။ ကျောင်းကဆရာ၊ ဆရာမတွေ တွေ့ပြီး ငြိုငြင်သွားမှာလည်း မဖြစ်ချင်ဘူး။ ဒါကြောင့်လည်း အဲဒီလိုဖြစ်စေမယ့် အဝတ်အစား မျိုးကို ရှောင် တယ်။ သုအနေနဲ့ကတော့ သရုပ်ဆောင် အလုပ်ကို ချစ်တဲ့အတွက် ဒီအလုပ်ကို သေချာပေါက် လုပ်ဖြစ်အောင် လုပ်မှာဖြစ်သလို သုအချိန်တွေ အကြာကြီးပေးပြီး ကြိုးစား လာခဲ့ရတဲ့ ဆရာဝန် အလုပ်ကိုလည်း တတ်နိုင်သလောက် လုပ်သွားမှာပါ။ ပရဟိတ အနေနဲ့ပဲ ဖြစ်ဖြစ် ကိုယ်နားလည်တဲ့အပိုင်း၊ ကိုယ်တတ်နိုင်တဲ့ အပိုင်း ကနေ အကျိုးပြု သွားမှာပါ'' ဟု ပိုင်ဖြိုးသုက မြဝတီ သတင်းစာသို့ ပြောပြခဲ့သည်။


လတ်တလောတွင် မင်းသားဖြိုးငွေစိုးနှင့် ''တစ်ယောက်တည်း မကြည့်ရ'' ဆိုသည့် သရဲဇာတ်ကားလေး တစ်ကားရိုက်ကူးနေပြီး မင်းသားပြေတီဦး၊ လူမင်း၊ မြင့်မြတ်၊ နေတိုး၊ ဒါရိုက်တာဝိုင်းတို့ ပြုလုပ်သည့် အနုပညာပျိုးခင်း အစီအစဉ်တွင်လည်း သူမအနေဖြင့် လျှောက်လှမ်း ရမည့် အနုပညာ လမ်းခရီးမှာ သူမ အတွက် အပေါင်း လက္ခဏာ ဖြစ်မည်ဟု ယုံကြည် သောကြောင့် အနုပညာပျိုးခင်းတွင် ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။


အိအိမြတ်

မြ၀တီ

http://ift.tt/1v4fmFM





from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1vsRgnx

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...