Skip to main content

လူသတ်မှု စွပ်စွဲခံထားရသူ မြန်မာတွေရဲ့ အမှု နောက်ဆုံး အခြေအနေ



ထိုင်းနိုင်ငံမှာ ဗြိတိသျှ လူမျိုး နှစ်ဉီးကို သတ်ခဲ့မှုနဲ့ စွပ်စွဲခံနေရတဲ့ မြန်မာ အလုပ်သမား တွေရဲ့ အရေး အတွက် မြန်မာ အစိုးရက ပြည်ထောင်စု ဝန်ကြီးအဖွဲ့ တဖွဲ့ကို ထိုင်းကို စေလွှတ်မယ်လို့ သိရပါတယ်။

အဲဒီ အဖွဲ့ထဲမှာ မှုခင်းပညာ ကျွမ်းကျင်သူတွေ၊ ဥပဒေရေး ကျွမ်းကျင်သူတွေလည်း ပါဝင်မယ်လို့ အဲဒီမြန်မာ အလုပ်သမားတွေရဲ့ အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့် က ဘီဘီစီကို ပြောပါတယ်။


အခုအခါ ဒီအမှုနဲ့ ပတ်သက်လို့ ရယူ စုဆောင်းထားတဲ့ အချက်အလက်တွေကို မြန်မာအစိုးရထံ ပို့ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။


ထိုင်းရဲရဲ့ အမှုတွဲ အစီရင်ခံစာကို ကူးယူခွင့် မရခဲ့ပေမယ့် စွပ်စွဲခံထားရသူ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦးကို အကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံခဲ့သလို ထိုင်းရဲရဲ့ သက်သေအဖြစ် ထိန်းသိမ်း ခံထားရသူ ကိုမောင်မောင်ကိုလည်း တွေ့ဆုံခဲ့ပြီး မေးမြန်းခဲ့ချက်တွေအရ သူတို့ဟာ ဒီလူသတ်မှုကို ကျူးလွန်ဖို့ အခြေအနေ နည်းကြောင်း မြန်မာအစိုးရထံ တင်ပြထားတယ်လို့ ဦးအောင်မျိုးသန့် က ပြောပါတယ်။


အဲဒီ အမှုကို ထိုင်းရဲတွေ စစ်ဆေး ခဲ့စဉ်တုန်းက DNA အတွက် တံတွေး တခုကိုပဲ ယူခဲ့ကြောင်းနဲ့ မှုခင်း ပညာရှင်တွေ မပါပဲ ရဲတွေနဲ့ပဲ လုပ်ခဲ့တာ ဖြစ်တဲ့အတွက် ချို့ယွင်း လစ်ဟာမှုတွေ ရှိနေခဲ့ကြောင်း ဥပဒေ အကျိုးဆောင် ဦးအောင်မျိုးသန့် က ဘီဘီစီကို ပြောပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

http://ift.tt/1tiWu5k











မှုခင်း ပညာရှင်တွေ မပါပဲ ရဲတွေနဲ့ပဲ အမှုကို စစ်ဆေးခဲ့




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qAlsWb

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...