Skip to main content

အစိုးရစစ်တပ် လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှုကြောင့် ဒေသခံများထိတ်လန့်



အောက်တိုဘာ ၈ရက်၊ ၂၀၁၄ခုနှစ်။

ပဲခူးတိုင်း ထန်းတပင်မြို့နယ်အတွင်းရှိ သဖန်းချောင်းဒေသ၌ အောက်တိုဘာလ ၆ရက်နေ့မှစ၍ ယမန်နေ့အထိ အစိုးရစစ်တပ် တပ်မ(၉၉)မှ လက်နက်ကြီး လေ့ကျင့်ပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု အနီးဝန်းကျင်ရှိ ရွာသားများ ၏ ပြောပြချက်အရ သိရသည်။


အမည်မဖော်လိုသူ ဒေသခံရွာသားတစ်ဦးက “ဒီလို အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ ကာလမှာ ဒီလိုလက်နက်ကြီးသံ တခြိမ်း ခြိမ်းနဲ့ဆိုတော့ ရွာသူရွာသား အပါအဝင် ကျနော်တို့ဒေသခံတွေက ကြောက်လန့်နေရတာပေါ့။ စိုးရိမ်စိတ်တွေ များလာတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။


ယင်းသို့ လက်နက်ကြီးများဖြင့် ယင်းလေ့ကျင့်ပစ်ခတ်သည့်အတွက် ယင်းဒေသရှိ သဖန်းချောင်း၊ အုန်းကျွန်း၊ ရေကျော်၊ ပဲပုပ်၊ ကရင်နီကုန်းနှင့် ကျွန်းသုံးပင် စသည့်ကျေးရွာများမှ ဒေသခံရွာသူရွာသားများက စိုးရိမ်ထိတ်လန့်နေကြခြင်းဖြစ်သည်။


လက်ရှိ အစိုးရစစ်တပ်တို့၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်သည်နေရာမှာ သစ်တောကြိုးဝိုင်းများ၊ ဒေသခံများ၏ လယ်များ၊ ပဲခင်းများ စိုက်ပျိုးထားသည့် နေရာများဖြစ်ကြပြီး လေ့ကျင့်ရေးအတွက် တဲများနှင့် ပစ်မှတ်များကို လာရောက်ဆောက်လုပ် ထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။


ထန်းတပင်မြို့နယ်တွင် အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၂၀)က လှုပ်ရှားလျက်ရှိပြီး ယခု လေ့ကျင့်ရေးလုပ်နေသည့် တပ်မ(၉၉)သည် အထက်မြန်မာပြည်ဘက်မှ ရောက်ရှီလာသော အစိုးရစစ်တပ်ဖြစ်ကြောင်းနှင့် နှစ်စဉ်နှစ်တိုင်း လာရောက် လေ့ ကျင့်မှုများပြုလုပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တောင်ငူခရိုင် ဥက္ကဌ ပဒိုစောအယ်ဝါးက ပြောသည်။


ယင်းကိစ္စအပေါ် ကေအဲန်ယူ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီကလည်း “သူတို့က လက်ရှိအစိုးရဆိုတော့ သူတို့လုပ်ချင်တာ သူတို့လုပ်မယ်။ တစ်ခုခုလုပ်မယ်ဆိုရင် ကြိုတင်အကြောင်းကြားဖို့ ပြောထားတယ်။ အခုဟာက ဘာမှမသိရဘူး။ ကျနော်တို့ဆီမှာ မြို့နယ်၊ ခရိုင်တွေက တပ်တွေလည်း ဘာမှအကြောင်းမကြားဘူး”ဟု ကေအိုင်စီသို့ ပြောဆိုသည်။


ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အချို့ဒေသတွင် အစိုးရစစ်တပ်နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့အချို့အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထန်းတပင်မြို့နယ်တွင် ယခုလို အစိုးရ စစ်တပ်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။


နန်းချောင်ဖော့

ကေအိုင်စီ - KIC News

http://kicnews.org/







from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qlT4qD

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...