ဖန်ဗွန် (Phanfone) တိုင်ဖုန်းမုန်တိုင်းကို အစောပိုင်းက စူပါမုန်တိုင်းအဖြစ် သတ်မှတ်ခဲ့တာပါ။
လေတိုက်နှုန်း ၁ နာရီကို ၁၁၅ မိုင်နှုန်းအထိ ရှိခဲ့ပြီး မိုးရေချိန် ၁ နာရီကို ၃ လက်မ ရွာသွန်းတယ်လို့ ဂျပန်မိုးလေ၀သဌာနက ကြေညာပါတယ်။
ဂျပန်နိုင်ငံအနောက်တောင်ပိုင်းက အိုကီနာဝါကျွန်းကို မုန်တိုင်းဖြတ်သန်းချိန် အမေရိကန်စစ်သား ၃ ဦး ပင်လယ်ရေလှိုင်းနဲ့ မျောပါခဲ့ပြီး ၁ ဦးကတော့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ကျန် ၂ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
နိုင်ငံအရှေ့ပိုင်းက အိမ်ထောင်စု ၅ သောင်းကျော်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ကြဖို့ကိုလည်း ဂျပန်အစိုးရက တိုက်တွန်းထားပါတယ်။
တိုကျိုမြို့တော်အခြေစိုက် လေယာဉ်ခရီးစဉ်တွေနဲ့ အမြန်ရထားခရီးစဉ်တွေကို ရပ်ဆိုင်းထားပြီး သန်းနဲ့ ချီတဲ့ ပြည်သူတွေက လေဆိပ်တွေနဲ့ ဘူတာတွေမှာ သောင်တင်နေကြပါတယ်။
မုန်တိုင်းဟာ ၁ နာရီကို ၄၅ ကီလိုမီတာနှုန်းနဲ့ နိုင်ငံအရှေ့မြောက်ပိုင်းကို ဆက်လက် ရွှေ့လျားနေတယ်လို့ သိရပါတယ်။
By ဒီဗွီဘီ
http://ift.tt/1sYzJDA
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1rQKtA3
Comments
Post a Comment