လွန်ခဲ့သည့် လများ အတွင်း အီရတ်ရှီးယိုက် စစ်သွေးကြွများက ဆွန်နီ အရပ်သား များအား ပြန်ပေးဆွဲ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ပြောသည်။
အဆိုပါ တိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ်ခြင်းမှာ အိုင်အက်စ်စစ် သွေးကြွများအား တိုက်ခိုက်နေခြင်း အပေါ် လက်တုံ့ပြန်သည့် အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
အီရတ်အစိုးရက လက်နက်များပံ့ပိုးပေးနေသော အဆိုပါစစ်သွေးကြွများအား အပြစ်မှကင်းလွတ်ခွင့်များပြုနေကြောင်း လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။
လွန်ခဲ့သည့်လက ဝန်ကြီးချုပ်ဖြစ်လာသော ဟိုက်ဒါအယ်လ်အဘာဒီက အီရတ်လုံခြုံရေးတပ်ဖွဲ့များ၏ ယခင်က တရားလက်လွတ်ပြုမှုများကို ဝန်ခံလိုက်ပြီး အီရတ်ပြည်သူတစ်ရပ်လုံးကို အုပ်ချုပ်သွားရန် ကတိကဝတ်ပြုလိုက်သည်။
အီရတ်တပ်ဖွဲ့ဝင်များအနေဖြင့်လည်း အိုင်အက်စ်စစ်သွေးကြွများအား ယခင်ကထက် ပိုမိုတိုက်ခိုက်မှုများ ပြုလုပ်လာကြောင်း အစီရင်ခံစာတစ်စောင်၌ ဖော်ပြသည်။
အီရတ်တောင်ပိုင်း ဆင်ဂျာတောင် အနီးဝန်းကျင်နှင့် အီရတ်မြောက်ပိုင်းတို့၌ အီရတ်အမျိုးသမီးများနှင့်ကလေးများ ပိုမိုပြန်ပေးဆွဲခံရသည်ဟုလည်း အစီရင်ခံစာက ဖော်ပြထားပြီး အမျိုးသမီးအချို့ ရောင်းစားခြင်းခံရသည်ဟု ဆိုသည်။
(ဘီဘီစီ)
Myanmaalinn
http://ift.tt/1xK4A5u
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1sIGOHu
Comments
Post a Comment