Skip to main content

သူရဦးရွှေမန်း သမ္မတဖြစ်ရေး ထောက်ခံမယ်ဆိုတဲ့သတင်း မမှန်ကြောင်း NLD ပြော



၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးကောက်ခံခွင့် တားမြစ်ခံရမယ်ဆိုရင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို သမ္မတအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ခံသွားမယ်ဆိုတာဟာ သတင်းမှားဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

Reuters သတင်းဌာနက အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟံသာမြင့်နဲ့ ဦးဥာဏ်ဝင်းတို့ရဲ့ ပြောစကားတွေကို ကိုးကားပြီး ရေးသားခဲ့တာဖြစ်ပါတယ်။


အဲ့ဒီသတင်းနဲ့ပတ်သက်ပြီး ဒီနေ့ ပြည်ထောင်စုလွှတ်တော် တက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်တွေက မေးမြန်းရာမှာ အခုလိုပြောသွားတာပါ။


"သေချာလည်း သတင်းကိုဖတ်ပါဦး၊ ဖတ်ပြီးတော့မှ ကာယကံရှင်ကိုမေးပါ"


ဒါ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေ ကလည်း အခုအချိန်မှာ ကြံ့ခိုင်ရေးပါတီမှာလည်း သမ္မတလောင်း ရွေးချယ်ထားတာမရှိကြောင်း ပြောပါတယ်။


"လာမယ့်ရွေးကောက်ပွဲဆိုတာက တစ်နှစ်ကျော်ကျော်လောက် လိုပါသေးတယ်၊ ကျနော့်တို့ပါတီမှာ ဘယ်သူသမ္မတ လုပ်သင့်တယ်၊ ဘယ်သူသမ္မတ မလုပ်သင့်ဘူး ဆိုတာတွေကလည်း ဘယ်သူ့ကိုရွေးမယ်ဆိုတာလည်း ဒီနေ့အချိန်အထိ စဉ်းစားထားချက် မရှိသေးဘူး၊ တရားဝင်အားဖြင့် ပြောမယ်ဆိုလို့ရှိရင် ပါတီညီလာခံတစ်ခု ကျင်းပရမယ်၊ ရွေးကောက်ပွဲမတိုင်ခင်မှာ ပါတီညီလာခံကျင်းပပြီး ပါတီညီလာခံမှာ ဒီကိစ္စတွေဟာ စဉ်းစားရမယ့်ကိစ္စတွေဖြစ်တယ်"


ဒါ့အပြင် လတ်တလောထွက်ပေါ်နေတဲ့ သတင်းဟာ အန်အယ်လ်ဒီပါတီက တရားဝင်ထုတ်ပြန်ထားတယ်လို့ မထင်ကြောင်း ဦးဇော်မြင့်ဖေက ဆိုပါတယ်။


ရိုက်တာသတင်းဌာနရဲ့ ရေးသားချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့် တားမြစ်ခံရမယ်ဆိုရင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ အန်အယ်လ်ဒီပါတီအနေနဲ့ ထောက်ပံ့ပေးဖို့ အသင့်တော်ဆုံး သမ္မတလောင်းဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောတယ်လို့ ဖော်ပြထားတာပါ။


ဒီအတောအတွင်း၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတဖြစ်ခွင့်မရရင် သူရဦးရွှေမန်း သမ္မတဖြစ်ရေးကို ထောက်ခံပေးရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင် တချို့ ကပြောတယ်ဆိုပြီး ရိုက်တာသတင်းတစ်ပုဒ်က ဖေါ်ပြလိုက်တာကို ဖြေရှင်းချက်ပေးဖို့  NLD ပါတီက ရိုက်တာသတင်းဌာနကို စာရေးသားလိုက်ပါတယ်။


ဒီကိစ္စနဲ့ပတ်သက်လို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက မြန်မာပြည်သူတွေရော သူတို့ပါတီအနေနဲ့ပါ စစ်တပ်ကအသွင်ပြောင်းအုပ်ချုပ်တဲ့စနစ်ကို မကြိုက်သလို၊ စစ်အုပ်ချုပ်ရေးကနေ အဲဒီလိုတစ်ပိုင်းတစအုပ်ချုပ်ရေးကို သူတို့ပါတီအနေနဲ့ ထောက်ခံမှာမဟုတ်ဘူးလို့  RFA ကို ပြောပါတယ်။


"ဘယ်လိုဖြစ်လဲတော့ ကျနော်မသိဘူး၊ ကျနော်သိတဲ့အပိုင်းပဲ ကျနော်ပြောမယ်၊ ကျနော်နဲ့ အဲဒီ့သတင်းထောက်နဲ့တွေ့တယ်၊ ကျနော့်ကို အဲဒီ့လိုသဘောမျိုး သူကပြောတော့ ကျနော်က မဖြစ်နိုင်ဘူးလို့ပြောတယ်၊ ကျနော်က ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီမှာ အုပ်ချုပ်တဲ့လူတွေက ယူနီဖောင်းချွတ်ပြီးတော့ ပုဆိုးနဲ့တိုက်ပုံနဲ့ ဖြစ်နေတာကို ပြည်သူလူထုက လုံးဝသဘောမကျဘူး၊ ကျနော်တို့ ပါတီကလည်း သဘောမကျဘူးလေ၊ အဲ့ဒါကြောင့် မဖြစ်နိုင်ဘူးလို့ အဲ့လိုပြောခဲ့တယ်၊ ဒီဥစ္စာကို သူကဘယ်လိုတခါ ရေးပြန်သလဲဆိုတော့ ကျနော်ကထောက်ခံတယ်လို့၊ ထောက်ခံတယ်လို့ဆိုတဲ့ဟာကိုလည်း ဦးဟံသာမြင့်နဲ့ ကျနော်နဲ့ အတူတူတွေ့တာလည်း မဟုတ်ဘူး၊ ဒီကိစ္စတွေကိုလည်း တခါမှမပြောဖြစ်ဘူး၊ သူ့ဘာသာသူ လွန်ခဲ့တဲ့တစ်လကတွေ့တာ၊ ကျနော်ကတော့ ရက်ပိုင်းအတွင်းတွေ့တာ အဲ့ဒါပဲ၊ တကယ်တန်းကျတော့ NLD ပါတီဝင်တစ်ယောက်အနေနဲ့ တခြားလူတစ်ယောက်ကို ဘယ်လိုလုပ်ထောက်ခံဖို့ကို မျှော်လင့်မလဲ"


ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကိုမပြင်ဘဲ ရွေးကောက်ပွဲကျင်းပလို့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရရင်လည်း၊ သူတို့ပါတီထဲက သင့်တော်တဲ့သူတစ်ယောက်ယောက်ကို တင်မြှောက်နိုင်မယ့် စဉ်းစားချက်တွေရှိထားတယ်လို့ ဦးဉာဏ်ဝင်းကပြောပါတယ်။


RFA Burmese

http://ift.tt/1mveILg






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1mSENH3

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...