ဆီးရီးယားနိုင်ငံတွင်း အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သူသေဆုံးခဲ့ပြီ ဆိုတဲ့ အတည်မပြုထားတဲ့ အစီရင်ခံစာတွေကို ဘာသာရေးစစ်ဝါဒီ ဂျီဟတ်အဖွဲ့ဝင်တွေရဲ့ တွစ်တာအကောင့် အမျိုးမျိုးမှာ တင်ပြထားတယ်လို့ ၀က်ဘ်ဆိုဒ် စောင့်ကြည့်ရေး ထောက်လှမ်းရေး ဝန်ဆောင်မှုအဖွဲ့က အစီရင်ခံပြီး သူရဲ့ဓာတ်ပုံကိုလည်း ဖြန့်ချိခဲ့ပါတယ်။
အယ်လ်ကေဒါတွေရဲ့ ဆီးရီးယားတပ်ဆွယ်ဖြစ်တဲ့ နတ်စ်ရာတပ်ဦးရဲ့ စစ်ဦးစီးမှူးနဲ့ လက်ဖြောင့် သေနတ်ပစ် သင်တန်းမှူး အဘူ ယူဆွတ် အယ်လ်တာကီလည်း သေဆုံးတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ တွစ်တာလူမှုကွန်ရက်က သတင်းတွေလည်း ရှိနေတယ်လို့ SITE အဖွဲ့ က ဆက်လက်ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုအပြီး သူအလောင်းပုံကို ရိုက်ကူးထားတဲ့ ဓာတ်ပုံလည်း တွဲလျက် ပါရှိပါတယ်။
အမေရိကန်အရာရှိတွေကတော့ အယ်လ်ကိုင်ဒါနဲ့ ချိတ်ဆက်ထားတဲ့ ခိုရာစန်အုပ်စုဟာ အနောက်နိုင်ငံတွေအတွက် ရုတ်ချည်းခြိမ်းခြောက်မှု ဖြစ်လာတယ်လို့ ပြောပါတယ်။
By ဒီဗွီဘီ
http://ift.tt/1CrhszK
ခိုရာစန်အဖွဲ့ခေါင်းဆောင် မော်စင် အယ်လ် ဖာဒ်လိ (Mohsin al-Fadhli) |
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1CrhqrD
Comments
Post a Comment