ရန်ကုန်၊ စက်တင်ဘာ ၁၉
ပြည်ပအော်ပရေတာတစ်ခုဖြစ် သော တယ်လီနောကုမ္ပဏီကတယ် လီနောဆင်းမ်ကတ်များကို ယခုလ ကုန်မတိုင်မီ မိတ်ဆက်သွားမည် ဖြစ်ကြောင်း တယ်လီနောမှ ပြန် ကြားရေးတာဝန်ခံကိုစိုးသူထွန်းက ပြည်ထောင်စုနေ့စဉ်သို့ ပြောသည်။
''ကျွန်တော်တို့ တယ်လီနော အနေနဲ့ ဘယ်နေ့မှာ စရောင်းမလဲ ဆိုတော့တရားဝင်ကြေညာခြင်းမရှိ သေးပါဘူး။ အခုနောက်ဆုံးအဆင့် အနေနဲ့ နက်ဝက်ခ်တွေကို စမ်းသပ် မှုတွေလုပ်နေပါတယ်။ အဲဒါတွေ ပြီးသွားလို့ရှိရင် ကျွန်တော်တို့ပေး ထားတဲ့ ကတိအတိုင်းအသံကြည် ကြည်နဲ့ အင်တာနက်မြန်မြန်သုံးနိုင် မယ့်နက်ဝက်ခ်အဆင်သင့်ဖြစ်ပြီဆို လို့ရှိရင်ကျွန်တော်တို့စပြီးမိတ်ဆက် သွားမှာပါ။ ဒါပေမယ့်ဒီလအတွင်း မှာတော့ မိတ်ဆက်သွားဖို့ သေချာ ပါတယ်''ဟု ၄င်းကဆိုသည်။
တယ်လီနောအနေဖြင့် ယခုလ ၁၅ ရက်တွင် ရောင်းချပေးသွား မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး စောင့်မျှော်နေသည့်အတိုင်း ထွက် ပေါ်ခြင်းမရှိခဲ့၍ ယခုလ ၂၅ရက် ဝန်းကျင်ခန့်တွင်စတင်ရောင်းချပေး ရန်ဖုန်းအရောင်းဆိုင်များအနေဖြင့် ခန့်မှန်းထားကြောင်း ဖုန်းအရောင်း ဆိုင်များမှသိရသည်။
''ကျွန်တော်ထင်ပါတယ်။ ဒီ လမကုန်ခင်တော့ ထွက်လိမ့်မယ် ထင်တယ်။ ခန့်မှန်းခြေဆိုရင် ၂၅ ရက်ဒါမှမဟုတ် ၂၅ ရက်ကျော် လောက်ဆို စရောင်းချလောက်ပါ ပြီ''ဟု ဆိပ်ကမ်းသာလမ်းရှိ Matrix II ကွန်ပျူတာနှင့် မိုဘိုင်းလ် အရောင်းဆိုင်မန်နေဂျာ ကိုအောင် ကိုက ခန့်မှန်းပြောကြားသည်။
လင်းလင်း
The Union Daily
http://ift.tt/1nuYuOh
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1moOJI8
Comments
Post a Comment