နယ်သလန်နိုင်ငံ မှာ ရှိနေစဉ် ဘုရင် Willem - Alexander ၊ ဝန်ကြီးချူပ် Mark Rutte တို့နဲ့ တွေ့ဆုံ မှာ ဖြစ်သလို၊ စိုက်ပျိုးရေး ကဏ္ဍဍ၊ မြစ်ကြောင်း ထိန်းသိမ်းရေးနဲ့ မြန်မာပြည်ကနေ ပညာတော်သင် စေလွှတ်ရေး အစရှိတာတွေကို သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး နဲ့ ဆွေးနွေး သွားမယ် ဆိုပြီး၊ ဒီ ခရီးစဉ်မှာ လိုက်ပါလာတဲ့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြည်ထောင်စု ပြန်ကြားရေး ဝန်ကြီး ဦးရဲထွတ် က ပြောပါတယ်။
ဆွစ်ဇာလန် နိုင်ငံမှာ ရှိစဉ်ကလည်း မြန်မာနိုင်ငံ ဒေသန္တရ အစိုးရတွေ နိုင်ငံ့ဝန်ထမ်းတွေ ရဲ့ အရည်အသွေး မြှင့်တင်ရေးနဲ့ ကျေးလက် ဖွံ့ဖြိုးရေး၊ စွမ်းအင်နဲ့ ပညာရေး စတဲ့ ကဏ္ဍဍ ၅ ခုမှာ ဆွစ်ဇာလန် အစိုးရ အနေနဲ့ ၅ နှစ် အတွင်း ဒေါ်လာ ၁၆၄ သန်းဖိုး အကူအညီ ပေးဖို့ သဘော တူညီမှု တွေ ရှိခဲ့ကြောင်း လည်း ဦးရဲထွတ် က ဆိုပါတယ်။
၂ နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်း ဖလှယ်ရေး အရ ပုဂံနဲ့ပျူ ရှေးဟောင်း ယဉ်ကျေးမှု ဆိုင်ရာတွေ ကို လာမယ့်နှစ် အတွင်း ဆွစ်ဇာလန် မှာ လာရောက် ပြသဖို့လည်း စီစဉ်ခဲ့ကြတယ် လို့ သိရပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://ift.tt/1AoFxEg
သမ္မတ ဦးသိန်းစိန် ဆွစ်ဇာလန်ကို ရောက်ရှိ |
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1rYul0z
Comments
Post a Comment