Skip to main content

လီယိုနာဒိုဒီကာပရီယိုအား ကုလသမဂ္ဂ ငြိမ်းချမ်းရေးတမန်အဖြစ် ခန့်အပ်



ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကမ္ဘာကျော် ဟောလီးဝုဒ် သရုပ်ဆောင် လီယိုနာဒို ဒီကာပရီယိုအား ငြိမ်းချမ်းရေး တမန်အဖြစ် ခန့်အပ်လိုက်ကြောင်း စက်တင်ဘာ ၁၆ရက် ယူအန်သတင်း ထုတ်ပြန်ချက်အရ သိရသည်။

“မစ္စတာဒီကာပရီယိုဟာ ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေး လှုပ်ရှားမှုမှာ ဂုဏ်သိက္ခာရှိတဲ့ အသံတခု ဖြစ်တယ်၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကို ဟန့်တားဖို့၊ အလျင်အမြန်လှုပ်ရှား ဆောင်ရွက်ဖို့ လိုကြောင်း အသိပညာ ပေးရေးစတဲ့ UN ရဲ့ ကြိုးပမ်းမှုတွေမှာ သူအနေနဲ့ ကူညီပေးမယ့်ဆိုတော့ ကျေနပ်ဝမ်းမြှောက်မိပါတယ်”ဟု မစ္စတာဘန်ကီမွန်းက ပြောသည်။


လီယိုနာဒိုသည် ကုလသမဂ္ဂငြိမ်းချမ်းရေးတမန်အဖြစ် စက်တင်ဘာ ၂၃ရက်တွင် ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးသို့ တတ်ရောက်မိန့်ခွန်းပြောကြားမည်ဖြစ်သည်။


“ကျနော်အနေနဲ့ ဒီတာဝန်ကို လက်ခံယူရတာ၊ တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ အရေးကြီးပြဿနာရပ်တွေနဲ့ ပတ်သက်လို့ အထွေထွေအတွင်းရေးမှူးရဲ့ လုပ်ဆောင်ချက်တွေမှာ ကူညီဆောင်ရွက်ရမှာကို ဂုဏ်ယူပါတယ်၊ နောက်ပြီး လူသားသမိုင်းအတွက် အရေးကြီးနေတဲ့အချိန်မှာ နူတ်ဆိပ်မနေနိုင်ပါဘူး၊ ဒါဟာ ၀တ္တရားတခုလို့ကို ခံယူထားပါတယ်၊ လာမယ့်နှစ်တွေမှာ ရာသီဥတုဖောက်ပြန်လာမှုကို ကျနော်တို့ ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့အပေါ်မှာ ကမ္ဘာကြီးနဲ့ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာဟာ မှီတည်နေပါတယ်”ဟု လီယိုနာဒိုက ပြောသည်။


လီယိုနာဒိုသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး တတ်ကြွလှုပ်ရှားသူလည်း ဖြစ်ပြီး အဆိုပါကိစ္စရပ်များအတွက် သူ၏လှူဒါန်းမှုများနှင့် ပတ်သက်၍ မကြာခဏ သတင်းများ၌ ဖော်ပြခံရသူဖြစ်သည်။


လီယိုနာဒိုသည် ဖေဖော်ဝါရီလက အဏ္ဏ၀ါလောကထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဒေါ်လာ ၃သန်းလှူဒါန်းခဲ့ပြီး၊ လအနည်းငယ်အကြာတွင် ဒေါ်လာ ၇သန်း ထပ်မံလှူဒါန်းခဲ့ပြန်သည်။ စက်တင်ဘာ ၂၁ရက်တွင် လီယိုနာဒိုအား သူ၏ ပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများအတွက် ကလင်တန်ဖောင်ဒေးရှင်းကလည်း ဂုဏ်ပြုဆု ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။


အနုပညာလောကမှ အကြော်အမော်များဖြစ်သော အပ်ဒွပ်နော်တန်၊ မိုက်ကယ်ဒေါက်ဂလက်စ်၊ ချားလစ်သီရွန်၊ ဂျော့ခ်ျကလူနီနှင့် စတီဗီဝန်းဒါးတို့သည်လည်း ကုလသမဂ္ဂငြိမ်းချမ်းရေးတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရဖူးသည်။


News Watch(စောင့်ကြည့်သတင်းဂျာနယ်)

http://ift.tt/1tZU6ML






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wEU1Tg

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3