ငလျင်က တိုကျိုမြို့ရဲ့ အရှေ့မြောက်ဘက် အိဘရခိ ခရိုင်ကို ဗဟိုပြု လှုပ်ခဲ့တာဖြစ်ပြီး ဆိုးဆိုးရွားရွား ပျက်စီး မှုတော့ မရှိခဲ့ဘူးလို့ ဂျပန်မိုးလေဝသ ဌာနက ဆိုပါတယ်။
မြေအောက် ကီလို ၅၀ အနက်ကို ဗဟိုပြု လှုပ်ခတ်တာ ဖြစ်ပြီး ဆူနာမီဘေးမရှိခဲ့ပါဘူး။ ငလျင်ပြင်းအားနည်းလို့ ငလျင်အ ပြီး မြေပြင်တုန်ခါမှု ရှိမယ့် အလားအလာ မတွေ့ဘူးလို့ ဆူနာမီနဲ့ ငလျင်လေ့လာရေးဌာန မန်နေဂျာက ပြောပါတယ်။
ငလျင်လှုပ်နေစဉ် တိုကျိုနဲ့ပတ်ဝန်းကျင် ဒေသတွေက ရထားအားလုံး ချက်ချင်း ရပ်သွားခဲ့ပြီး ရထားလမ်းကြောင်းနဲ့ အထွေထွေ အခြေခံ အဆောက်အဦတွေ ပျက်စီးမှုကို စနစ်တကျ စစ်ဆေးဖို့ အချိန်နှောင့်နှေးခဲ့ပါတယ်။ ဒါပေမယ့် နာရီနည်းနည်းအကြာမှာ လုပ်ငန်းလည်ပတ်မှု ပြန်စ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုကျိုမြောက်ပိုင်းက အသေးစားမြေပြိုမှုကြောင့် ကားတစီး နစ်မြုပ်သွားတာနဲ့ တိုကျိုမြို့ပြင်ဘူတာရုံက မျက်နှာကြက် ပြိုကျတာကလွဲလို့ အပျက်အစီး နည်းခဲ့ပြီး ဖြစ်ရပ် ၂ ခုလုံး ဒဏ်ရာရသူ တယောက်မှ မရှိခဲ့ပါဘူး။
ဂျပန်အနုမြူစွမ်းအင် ကုမ္ပဏီနဲ့ တိုကျို လျှပ်စစ်ဓာတ်အား ကုမ္ပဏီတို့ကလည်း ဂျပန်အရှေ့ ပိုင်းက နျူကလီးယား စက်ရုံ ၃ ခုမှာလည်း ဘာမှမဖြစ်ခဲ့ဘူးလို့ အစီရင်ခံခဲ့ပါတယ်။
By ဒီဗွီဘီ
http://ift.tt/1BKNNRN
ဖူကူရှီးမား နျူကလီးယား စက်ရုံ |
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1BKNNRR
Comments
Post a Comment