သူတို့  ၄ ယောက်တော့ လူ့အခွင့်ကာကွယ် မြှင့်တင်ရေး အဖွဲ့က ကိုမျိုးဟန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ဦးထင်အောင်ကျော်၊ ကိုအောင်စိုးသိန်းနဲ့  ဦးတိုးမောင်တို့ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့  တရားရုံးမှာသွားရောက်နားထောင်ခဲ့တဲ့ ဧရာဝတီသွေးလှူရှင်အသင်းက ကိုဖြိုးဟန်က အခုလိုပြောပါတယ်။
"ပုဒ်မ ၁၈ နဲ့ ထောင်ချခံရတဲ့ဟာကတော့ အမှတ် ၁၆ မူလတန်းကျောင်း ပြန်လည်ရရှိရေးအတွက်ပေါ့ ဆန္ဒပြတဲ့ပုဂ္ဂိုလ် ၄ ယောက် ကိုမျိုးဟန်၊ ဦးထင်အောင်ကျော်၊ ဦးတိုးမောင်နဲ့ ကိုအောင်စိုးသိန်းတို့ပေါ့ဗျာ အခုမနက် ၁၁ နာရီထိုးလောက်မှာ ပုဒ်မ ၁၈ နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ လ ဆိုပြီးချသွားတယ်"
သူတို့ ဆန္ဒပြခဲ့တဲ့အကြောင်းနဲ့ ပတ်သက်လို့  မြို့ခံတစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးနိုင်က အခုလိုပြောပါ တယ်။
"အမှတ် ၁၆ မူလတန်းကျောင်း မြေနေရာထဲမှာ တိုင်းဝန်ကြီးက အိုးအိမ် ကန်ထရိုက်တိုက်ဆောက်တာပေါ့ အဲ့ဒါကိုသူတို့ အဲ့ဒီမူလတန်းကျောင်းမြေကို ပြန်ပေးဖို့ဆိုပြီး ဆန္ဒပြကြတာ"
အဲဒီကျောင်းမြေနေရာကိစ္စအတွက် သူတို့  ၄ ဦးအပါအဝင်မြို့ခံပြည်သူတွေက လွန်ခဲ့တဲ့ ၆ လလောက်က ဆန္ဒပြခဲ့တာပါ။ ဒီအတွက်တရားဆွဲခါစက သူတို့  ၄ယောက်နဲ့ အတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ရင်ဆိုသူပါပါခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ဦးကျော်ရင်ကိုပြန်လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။
RFA Burmese
http://ift.tt/1kBhvP9
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1moiJ77
Comments
Post a Comment