Skip to main content

အခွန်ကင်းလွတ်ခွင့်မပေးသောရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသတ်မှတ်ကြေညာ



ရန်ကုန် သြဂုတ် ၃၁

မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော် မရှင် MIC မှ လုပ်ငန်းအမျိုးအစား အလိုက် အခွန်ကင်း လွတ်ခွင့်မပေး သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကို ထုတ်ပြန် ကြေညာလိုက် ကြောင်း သိရသည်။

''အဓိက အချက်ကတော့ နိုင်ငံ တော်အခွန်ငွေ ပိုမိုရရှိဖို့နဲ့ ကော်မ ရှင်က ခွင့်ပြုထားတဲ့ လုပ်ငန်းတွေ မှာ အကျိုး မရှိစေဖို့ ပါပဲ''ဟု MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။


အရက်၊ ဘီယာ၊ စီးကရက်နှင့် အလားတူ ကုန်ပစ္စည်းထုတ်လုပ် သည့် လုပ်ငန်းများနှင့် ဆက်စပ်ဝန် ဆောင်မှုလုပ်ငန်းများ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ စက်သုံးဆီနှင့် သဘာဝ ဓာတ်ငွေ့ရောင်းချသည့်လုပ်ငန်း များ၊ ယာဉ်ပြင်ဆင်မှုနှင့် အလားတူ ဝန်ဆောင်မှုလုပ်ငန်းများ၊ နိုင်ငံ သားများကောင်းစွာ လုပ်ကိုင်နိုင် သည့် နည်းပညာမမြင့်မားဘဲ ရင်း နှီးမြှုပ်နှံမှုပမာဏအနည်းငယ်ဖြင့် ဆောင်ရွက်သည့် စက်မှုလုပ်ငန်း များ (လုပ်သားအင်အားအများအ ပြား အသုံးပြုသည့်လုပ်ငန်းများ မပါ)စသည်ဖြင့် ပါဝင်ကြောင်း သိရသည်။


ထို့အပြင် သစ်တောနယ်မြေ (ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော) များကို နှစ်ရှည်ငှားရမ်းပြီး စိုက် ပျိုးထုတ်လုပ်ခြင်းလုပ်ငန်း၊ သစ် တောခုတ်လှဲထုတ်လုပ်ခြင်းလုပ်ငန်း၊ သဘာဝအရင်းအမြစ်တူးဖော်ထုတ် လုပ်သည့်လုပ်ငန်းများ(ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် မှုမပါ)၊ အဆောက်အအုံဆောက် လုပ်၍ ပြန်လည်ရောင်းချခြင်းလုပ် ငန်းများ၊ ယာဉ်၊ စက်ယန္တရားများ ငှားရမ်းသည့်ဝန်ဆောင်မှုလုပ်ငန်း များ၊ စားသောက်ဆိုင်နှင့် အစား အသောက်ရောင်းချသည့်လုပ်ငန်း တို့လည်း ပါဝင်လာသည်။

သို့သော် နို့နှင့် နို့ထွက်ပစ္စည်း နှင့်သက်ဆိုင်သော စားသောက် ကုန်လုပ်ငန်းများကို ကုန်သွယ်လုပ် ငန်းခွန်ကောက်ခံမည်ဖြစ်ပြီး အ ကောက်ခွန်ကင်းလွတ်ခွင့်၊ သက် သာခွင့်ပေးမည့်လုပ်ငန်းအဖြစ် သတ်မှတ်ထားသည်။


MIC မှ ထုတ်ပြန်ကြေညာ ချက်နှင့် သက်ဆိုင်မည့်လုပ်ငန်း များမှာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံ မှုဥပဒေအရ MIC မှ ခွင့်ပြုထား သောလုပ်ငန်းများတွင်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အစ လေးလပတ်အတွင်း ဒေါ်လာ လေးဘီလီယံအထိ မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီးဝင်ရောက်ခဲ့သော ရင်းနှီးမြှုပ်နှံမှုများအတွင်း စက်မှု လက်မှုကုန်ထုတ်လုပ်ငန်းများ အများဆုံးဖြစ်ကြောင်း MIC မှ ထုတ်ပြန်ချက်များအရ သိရသည်။


၂ဝ၁၄ ခုနှစ် မေလကုန် အထိ နိုင်ငံသားကုမ္ပဏီ ၃၈၁၆၂ ခု၊ နိုင်ငံခြားကုမ္ပဏီ/ရုံးခွဲ ၃ဝ၃၂၊ ဖက်စပ်ကုမ္ပဏီ ၇၃ခုအထိ မှတ်ပုံ တင်၍ ကုန်သွယ်မှုများပြုလုပ် လျက်ရှိကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် AEC အာဆီယံ စီးပွားရေးအသိုက်အဝန်းထူထောင် မှုအတွက် ကြိုတင်ပြင်ဆင်လျက်ရှိ သော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ မှုများကို MIC မှ အဓိကခွင့်ပြု ပေးလျက်ရှိပြီး အခွန်ကင်းလွတ် ခွင့်၊ သက်သာခွင့်များ ပေးအပ် လျက်ရှိသည်။


ခေတ်မင်းကို

The Union Daily

http://ift.tt/1kzDgie






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1rIOGc5

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3