Skip to main content

ခါကာဘိုရာဇီက ပျောက်ဆုံးရဟတ် ရှာမတွေ့သေး



ခါကာ ဘိုရာဇီ တောင်က ပျောက်ဆုံး တောင်တက် သမားတွေကို ကယ်ဆယ်ရေး လုပ်ဆောင်ရင်း အဆက်အသွယ် ပြတ်သွားတဲ့ ရဟတ်ယာဉ်ကို နောင်မွန်း မြို့နယ်အတွင်းမှာ တွေ့လိုက်ကြောင်း ဒေသခံ တချို့က ပြောဆို တာကြောင့် ထူးဖောင်ဒေးရှင်းနဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ရဟတ်ယာဉ်သွားရာ လမ်းကို ပိုက်စိပ်တိုက် ရှာဖွေနေ ပါတယ်။

တရုတ်သတင်းဌာနက ပျက်ကျသွားကြောင်း ဖော်ပြထားပေမဲ့ ထူးဖောင်ဒေးရှင်းရဲ့ ပြန်ကြားရေး တာဝန်ခံက လောလောဆယ် အထိတော့ ရဟတ်ယာဉ်နဲ့ ပတ်သက်ပြီး ထူးခြားတဲ့ သတင်း မရသေးဘူးလို့ ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော် က သတင်း ပေးပို့ထား ပါတယ်။


တလနီးပါးကြာ ပျောက်ဆုံးနေတဲ့ ခါကာဘိုရာဇီ တောင်တက်သမား ၂ ယောက်ကို ရှာဖွေနေတဲ့ ကယ်ဆယ်ရေးအဖွဲ့က ရဟတ်ယာဉ်တစင်းဟာ စနေနေ့က ရိက္ခာပို့သွားနေတုန်းမှာ အဆက်အသွယ်ပြတ်ပြီး ထပ်မံ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။


ဒီရဟတ်ယာဉ်ကို နောင်မွန်းမြို့နယ် ဂါထုရွာဘက်မှာ နောက်ဆုံးတွေ့ရှိကြောင်း သတင်းရရှိတဲ့နောက် တွေ့ရှိရာနေရာဘက်ကို ဝေဟင်နဲ့ မြေပြင်ရှာဖွေနေတယ်လို့ ထူးဖောင်ဒေးရှင်းရဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုသက်က ပြောပါတယ်။


“ကျနော်တို့ရရှိတဲ့ သတင်းကတော့ အဲ့ဒီရွာသူတဦးပေါ့နော် အသက် ၁၂ အရွယ် မိန်းကလေးတဦးကနေပြီးတော့ ပြောတယ်။ အဲ့ဒီဘက်ကိုတော့ ရဟတ်ယာဉ်တစင်း ထိုးကျသွားတယ် ဆိုပြီးတော့ တွေ့လိုက်တယ်ပေါ့ ပြောတော့ ရွာသူတယောက်ကနေပြီးတော့ နောင်မွန်းအုပ်ချုပ်ရေးမှူး၊ အဲ့ဒီကနေမှတဆင့် ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးကနေ ကျနော့်ကို အကြောင်းကြားလာလို့ ချက်ချင်း ပိုက်စိပ်တိုက်ရှာတယ်ပေါ့နော်။ ထူးဖောင်ဒေးရှင်းကနေ ရဟတ်ယာဉ် ၂ စင်းနဲ့ ပူတာအိုအခြေစိုက် ဗျူဟာ တပ်မတော်သားတွေရော၊ တပ်ခွဲတွေရော၊ နောက်ပြီးတော့ ရွာစဉ်တလျှောက် အကုန်လုံးနီးပါး ရဟတ်ယာဉ်သွားတဲ့လမ်းတလျှောက်ကို ပိုက်စိပ်တိုက် ရှာဖွေနေပါတယ်။ ဒါပေမဲ့လည်း ထူးခြားမှု တစုံတရာ မရရှိသေးပါဘူး အခုအချိန်ထိ။”


ပျောက်ဆုံးနေတဲ့ ရဟတ်ယာဉ်ဟာ ထိုင်းနိုင်ငံက Advance Aviation က ငှားရမ်းထားတဲ့ B4 အမျိုးအစား ရဟတ်ယာဉ်ဖြစ်ပြီး ရဟတ်ယာဉ်နဲ့အတူ ထိုင်းလေယာဉ်မှူး၊ ထူးဖောင်ဒေးရှင်းက မြန်မာလေယာဉ်မှူးနဲ့ တောင်တက်ကျွမ်းကျင်သူတဦး လိုက်ပါသွားခဲ့ပါတယ်။ Xinhua တရုတ်သတင်းဌာနက ဒီမနက်ထုတ်ပြန်တဲ့ သတင်းမှာတော့ ထိုင်းရဟတ်ယာဉ်ဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပျက်ကျသွားတယ်လို့ ထူးဖောင်ဒေးရှင်းကို ကိုးကားပြီး ဖော်ပြထားပါတယ်။


နောင်မွန်းမြို့နယ် အုပ်ချုပ်ရေးရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်ကတော့ ရဟတ်ယာဉ်ကို နောက်ဆုံးတွေ့လိုက်တယ်ဆိုတဲ့ ရှီမန်ရွာဘက်ကို နောင်မွန်းအုပ်ချုပ်ရေးအဖွဲ့က မြေပြင်ကနေ ရှာဖွေနေတယ်လို့ ပြောပါတယ်။


“ကျနော်တို့ သဲလွန်စရတဲ့နေရာကိုပေါ့နော် ဒီက ဒုခရိုင်အုပ်ချုပ်ရေးမှူးတို့ သွားပြီးတော့ ရှာနေပြီခင်ဗျ။ ဘယ်ဘက်လို့ ပြောလို့ရနိုင်မလဲဆိုရင် ကျနော်တို့ ဟိုဟာဘက်ခင်ဗျ ရှီမန်ရွာတဲ့ဗျ။ အဲ့ဒီဘက်မှာ တွေ့လိုက်လို့ သွားရှာတာဗျ။”


ဂါထုရွာဟာ နောင်မွန်းမြို့နယ်ကနေ ၁၂ မိုင်လောက်ဝေးပြီး၊ ရှီမန်ရွာကတော့ ဂါထုရွာနဲ့ ၄ မိုင်လောက် ဝေးပါတယ်။ ရှာဖွေရေးအဖွဲ့ဟာ တောင်တွေကို ဖြတ်၊ တောတွေကို ခုတ်ထွင်ရှင်းလင်းပြီး သွားရောက်ရှာဖွေရမှာမို့ အချိန်ကြာမြင့်နိုင်တယ်လို့လည်း ပြောပါတယ်။


ပျောက်ဆုံးနေတဲ့ ခါကာဘိုရာဇီ တောင်တက်သမား၂ ဦးကိုတော့ တရုတ်၊ အမေရိကန်၊ နီပေါလ်၊ ဂျပန် နဲ့ အီတလီက ကယ်ဆယ်ရေးအဖွဲ့တွေ ကချင်ပြည်နယ်ကို သွားရောက်ပြီး ထူးဖောင်ဒေးရှင်းနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ တရုတ်ကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ Bluesky အဖွဲ့ကတော့ မောင်းသူမဲ့လေယာဉ်နဲ့ ရဟတ်ယာဉ်ကို အသုံးပြုပြီး ပျောက်ဆုံးနေတဲ့ တောင်တက်သမားတွေနဲ့ ရဟတ်ယာဉ်ကို ရှာဖွေသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)

http://ift.tt/1rDvGZn






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1rDvGZr

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3