Skip to main content

သမ္မတ အိုဘားမား ရဲ့ ပြည်သူသို့ အသိပေးချက်



အမေရိကန်သမ္မတ အိုဘားမား က၊ အိုင်အက်စ် အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ ရဲ့ ခြိမ်းခြောက်မှု ကို ပြန်လည်တုံ့ပြန်နိုင်ရေး အတွက် ပြင်ဆင် ထား တဲ့ ဗျူဟာ ကို အမေရိကန် ပြည်သူ တွေ သိရအောင် ရုပ်မြင်သံကြား ထုတ်လွှင့်ချက် က တဆင့် အသိ ပေးတော့ မှာပါ။

ဒီအခါမှာ စစ်ရေး အရ အရေးယူမဲ့ နည်းဗျူဟာ တွေ နဲ့ အိုင်အက်စ် အဖွဲ့ ကို တိုက်နေကြတဲ့ ဆီးရီးယား မှ အတိုက်အခံ သူပုန်အုပ်စု၊ နဲ့ အီရပ် လုံခြုံရေး တပ်ဖွဲ့ တွေ ကို အထောက်အကူ ပေးမဲ့ အစီအစဉ်တွေ ပါဝင်တဲ့ အကြောင်း၊ ဝါရှင်တန် မှ ဘီဘီစီ သတင်းထောက် ရာဂျင်နီ ဗီဒ်ယာနာသန် က အိမ်ဖြူတော် ကနေ သတင်းပေးပို့ လိုက်တာပါ။ ဒါ့အပြင်၊ လေကြောင်း တိုက်ပွဲ တွေ လည်း တိုးမြှင့်ဖို့ ရှိပါတယ်။


သမ္မတ အိုဘားမား ရဲ့ မိန့်ခွန်း နဲ့ ပတ်သက်ပြီး၊ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကလည်း၊ သမ္မတ ရဲ့ မိန့်ခွန်း ကို ကမ္ဘာ ကပါ ကြားရတဲ့ အခါမှာ၊ သူချမှတ် ထားတဲ့ စစ်ဗျူဟာ ဟာ အိုင်အက်စ် အဖွဲ့ ကို စနစ်တကျ နဲ့ ဖြိုခွဲ လို့ ရအောင်၊ ပြင်ဆင်ထားတာ ကို အသိပေး မဲ့ အကြောင်း၊ သူ ကိုယ်တိုင်လည်း၊ ဒီရက် အတောအတွင်း မှာ ဒေသတွင်း နိုင်ငံတွေ ကို လှည့်လည်ယင်း နိုင်ငံ အသီးသီး က ခေါင်းဆောင်တွေ နဲ့ ဆွေးနွေးဉီးမဲ့ အကြောင်း၊ သူတို့ အားလုံး အနေနဲ့ အိုင်အက်စ် အဖွဲ့ ကို ချေမှုန်း တဲ့ အခါမှာ၊ ညွန့်ပေါင်းတပ်ဖွဲ့ တွေ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တာဝန်ယူကြ ရမဲ့ အပိုင်းတွေ ကို အသေးစိတ် ဆွေးနွေးကြမဲ့ အကြောင်း ရှင်းပြတာပါ။


အီရပ်ဝန်ကြီးချုပ်သစ် ဟိုင်ဒါ အယ်လ် အဘာဒီ ကဆိုရင်၊ မစ္စတာ ကယ်ရီ နဲ့ အတူ၊ သတင်းထောက်တွေ ကို ရှင်းပြရာမှာ၊ အိုင်အက်စ် အဖွဲ့ ရဲ့ အန္တရာယ် ဟာ ဒေသတွင်း မှာ ကင်ဆာရောဂါ ကပ်ဆိုး လို့ ပြန့်ပွား နေတာပါ။ ဒါကြောင့် မို့ သူတို့ကို နှိမ်နင်းဖို့ ဆုံးဖြတ်ချက်တွေ ချရတဲ့ အကြောင်း၊ အခုဆိုရင် အီရပ် မှာလည်း ပါတီ နဲ့ အဖွဲ့တွေ ပါဝင်ခွင့် ရတဲ့ အစိုးရသစ် ဖွဲ့ပြီးသွားပေမဲ့၊ နိုင်ငံတကာ က ကူညီပံ့ပိုးမှု အထိုက်အလျှောက် လည်း လိုအပ်ပါတယ် လို့ ပြောသွားတာပါ။


ဘီဘီစီ (မြန်မာပိုင်း)

http://ift.tt/1lV4XIt











သမ္မတ အိုဘားမား




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1lV4XIw

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...