Skip to main content

မူးယစ်ဆေးဝါးရောင်းဝယ်မှု မနှိမ်နင်းတဲ့အတွက် မြို့ခံများဆန္ဒပြ



စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် အင်းတော် မြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ မှုတွေကို အုပ်ချုပ်ရေး အဖွဲ့အနေနဲ့ တားဆီးနှိမ်နှင်း ပေးဖို့ ဒေသခံ ၆၀၀နီးပါးက အင်းတော်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး ရောင်းချသူတွေကို သိပေမဲ့ အရေးမယူတဲ့ အတွက် ဆန္ဒပြတာဖြစ်တယ်လို့ အင်းတော်မြို့ခံ ကိုချမ်းအောင်က ပြောပါတယ်။


"တာဝန်ရှိတဲ့ အဖွဲ့အစည်းကနေပြီးတော့မှ မူးယစ်ကြောင့် ပတ်သက်လာတဲ့ မှုခင်းတွေကို ထိရောက်စွာ တားဆီးနှိမ်နင်းရေးဆိုတဲ့ ခေါင်းစဉ်ဗျ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းမှုတွေကို ဆိုချင်တာပါခင်ဗျ၊ မူးယစ်ဆေးဝါးရောင်းတဲ့လူတွေက လာတဲ့လမ်းကြောင်းတွေကို သူတို့သိနေပါတယ်၊ ရဲတပ်ဖွဲ့ဆိုတဲ့ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေက သိနေပါတယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း သူတို့ရွာမှာ ဘယ်လိုရောင်းနေတယ်ဆိုတာ သိနေပါတယ်၊ ဒါကိုထိရောက်စွာ မတားဆီးပဲနဲ့ ငွေကြေးအားဖြင့်သော်၎င်း လျစ်လျူရှုတဲ့အပိုင်းတွေ ဒါတွေကို ကျနော်တို့က မခံနိုင်တော့လို့ ဆန္ဒပြကြတာဖြစ်ပါတယ်"


အင်းတော်မြို့နယ်အတွင်းက လုယက်မှု၊ လူသတ်မှုတွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေက ကျူးလွန်တာများတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။


ဆန္ဒပြပွဲကို အင်းတော်၊ ကသာနဲ့ ဗန်းမော်မြို့နယ်တွေက မော်လူး၊ မော်တိတ်၊ မဲဇာ၊ သံဘို စတဲ့ ကျေးရွာတွေက ဒေသခံတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။


RFA Burmese

http://ift.tt/1mveILg






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1q97f1Z

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3