တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) တွေက အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့ လှုပ်ရှားမှုကို လှိုင်သာယာ နည်းပညာ တက္ကသိုလ်ကျောင်းရှေ့မှာ ဒီနေ့ နေ့လယ် ၁၁ နာရီခွဲ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေး ဥပဒေကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စတဲ့ နိုင်ငံတ၀ှမ်းက တက္ကသိုလ်တွေ မှာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ ဆက်တိုက်ဆိုသလို ကန့်ကွက်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေတာပါ။
အဲဒီအတွက် အစိုးရနဲ့ ကျောင်းအာဏာပိုင်တွေက တားဆီး ပိတ်ပင်မှုတွေ လုပ်ဆောင်နေတဲ့အပေါ်မှာ ကျောင်းသားသမဂ္ဂတွေက ရှုတ်ချလိုက်ပြီး ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (အန်အန်အီးအာ) ရဲ့ ကြေညာချက်ပါ အချက် ၉ ချက် မရမချင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
အမျိုးသားပညာရေးဥပဒေမူကြမ်းမှာ ဗဟိုချုပ်ကိုင်မှုစနစ်ရှိနေတာ၊ ကျောင်းသားတွေ တောင်းဆိုနေတဲ့ သမဂ္ဂ ဖွဲ့စည်းခွင့် မပါရှိတာ၊ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဘာသာစကားသင်ကြားခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် ဖြစ်စေတာတွေကြောင့် ပြန်လည်သုံးသပ်ရေးဆွဲသင့်တယ်လို့ အန်အန်အီးအာက ထောက်ပြဝေဖန်ထားပါတယ်။
By ဒီဗွီဘီ
http://ift.tt/1tZlwSI
ကွန်ပျုတာ တက္ကသိုလ် ဗဟန်းတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့ ဆန္ဒပြခဲ့ကြစဉ် |
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1tZlv16
Comments
Post a Comment