Skip to main content

စကော့တလန် ခွဲထွက်မယ်ဆိုရင် ကြေကွဲမိမယ်လို့ ကင်မရွန်ပြော



စကော့တလန် ပြည်နယ် ခွဲထွက်ရေးနဲ့ ပတ်သက်လို့ သီးခြား လွတ်လပ်တဲ့ လူထု ဆန္ဒ ကောက်ယူပွဲ ကျင်းပဖို့ သီတင်း တပတ်ပဲ လိုတော့တဲ့ အချိန်မှာ ဗြိတိန် ဝန်ကြီးချုပ် David Cameron က တကယ်လို့ ဗြိတိန်နဲ့ စကော့တလန်ကို ခွဲလိုက်မယ် ဆိုရင်တော့ သူ့အနေနဲ့ နှလုံး ကြေကွဲ ဝမ်းနည်းမဆုံး ဖြစ်ရပါလိမ့်မယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

စကော့တလန်ပြည်နယ်မှာ တနေကုန် စည်းရုံး ပြောဆိုခဲ့တဲ့ ဝန်ကြီးချုပ် Cameron က သူဟာ သူ့တိုင်းပြည်ကို သူ့ပါတီထက် ပိုချစ်ကြောင်းကို လှိုက်လှိုက်လှဲလှဲ ပြောသွားခဲ့ပြီး ဒီ လူထု ဆန္ဒ ခံယူမှုဟာ ပြန်ပြင်လို့ ရတာမျိုး မဟုတ်ဘူး ဆိုတာကို မဲဆန္ဒရှင်တွေကို သတိပေးသွားခဲ့ပါတယ်။


စကော့တလန် ပြည်နယ် ခွဲမထွက်ရေး မဲပေးကြဖို့အတွက် ဗြိတိန်နိုင်ငံရဲ့ အဓိက ပါတီကြီး ၃ခုစလုံးရဲ့ ခေါင်းဆောင်တွေ စကော့တလန်ကို သွားရောက် စည်းရုံး ပြောဆိုခဲ့ကြပါတယ်။


စကော့တလန် ပြည်နယ် ဝန်ကြီး Alex Salmond က တော့ လူတွေကြားမှာ ဒီပါတီခေါင်းဆောင်တွေကို ကြိုက်တဲ့သူ သိပ်မရှိလှပဲ သူတို့ လာတဲ့အတွက် စကော့တလန် ခွဲထွက်ရေးကိုတောင် မဲပိုပေးကြမယ့် ပုံမျိုး ရှိနေတယ်လို့ ပြောကြားလိုက်ပြီး အဲဒီ ပါတီ ခေါင်းဆောင်တွေဟာ သူတို့ အလုပ်မပြုတ်ဖို့ကိုပဲ ပိုအလေးထား စိုးရိမ်နေကြတာလို့ ပြောသွားပါတယ်။


အခုနောက်ဆုံး လူထု သဘောထား ကောက်ယူမှုတွေအရတော့ စကော့တလန် ခွဲမထွက်ရေးကို ထောက်ခံတဲ့ဘက်က ဉီးဆောင်နေတယ်လို့ သိရပါတယ်။


ဒီအတောအတွင်းမှာပဲ ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး ဘဏ်ကြီးတွေ ထဲက တခု ဖြစ်တဲ့ Royal Bank of Scotland ဘဏ်က တကယ်လို့ စကော့တလန် ခွဲထွက်ဖြစ်မယ် ဆိုရင် လောလောဆယ် စကော့တလန် ပြည်နယ် Edinburgh မြို့မှာ ရှိနေတဲ့ သူတို့ရဲ့ ရုံးချုပ်ကို လန်ဒန်မြို့ဆီ ရွှေ့ပြောင်းရေးနဲ့ ပတ်သက်လို့ ဗြိတိန် ဘဏ္ဍဍာရေး ဌာနနဲ့ ဆွေးနွေးပြောဆိုနေတယ်လို့ ဆိုပါတယ်။


နောက်ဘဏ်ကြီး တခုဖြစ်တဲ့ Lloyds ဘဏ်ကလည်း တကယ်လို့ စကော့တလန် ခွဲထွက်ဖြစ်မယ် ဆိုရင် သူတို့ရဲ့ မှတ်တမ်း ရုံးကို အင်္ဂ္လန်ဆီ ပြောင်းဖို့ စီစဉ်နေ ကြောင်း အတည်ပြုပြောပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)











စကော့တလန် ခွဲမထွက်ဖို့ ဗြိတိန် ဝန်ကြီးချုပ် ကိုယ်တိုင် စကော့တလန်မှာ သွားရောက် စည်းရုံးခဲ့




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1pRcUcW

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...