Skip to main content

သတင်းထောက်တွေကို အကြမ်းဖက် သတ်ဖြတ်တာ ရပ်ဖို့ ဥရောပအဖွဲ့ တောင်းဆို



သတင်းထောက်တွေကို အကြမ်းဖက် တိုက်ခိုက်နေတာတွေ ချက်ခြင်း ရပ်တန့်ပေးဖို့ OSCE ဥရောပတိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က တောင်းဆို လိုက်ပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခကို သတင်းယူဖို့ ရောက်နေကြတဲ့ သတင်းထောက်တွေကို ပြန်ပေးဆွဲမှုတွေ အများအပြား ဖြစ်ပေါ်နေတဲ့အချိန်မှာပဲ OSCE အဖွဲ့က အခုလို တောင်းဆို လိုက်တာ ဖြစ်ပါတယ်။

သတင်းထောက်တွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့ OSCE အဖွဲ့ရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ ကိုယ်စားလှယ် Dunja Mijatovic က Vienna မြို့မှာ သောကြာနေ့က ပြောကြားလိုက်တာ ဖြစ်ပါတယ်။ သတင်းထောက်တွေ ကို ပြန်ပေးဆွဲတာဟာ ကြောက်မက်ဖွယ်ကောင်းပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကြီးမားစွာ ခြိမ်းချောက်နေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သူမက ပြောပါတယ်။


ESpreso TV သတင်းထောက် Yegor Vorobyov ဟာ Donetsk ဒေသအတွင်းက Ilovaisk မှာ သြဂုတ်လကုန်ပိုင်းတုန်းက ပြန်ပေးဆွဲခံခဲ့ရပါတယ်။ သူဟာ ခွဲထွက်ရေး သမားတွေရှိတဲ့ ဒေသအနီးကနေ သတင်းပို့နေသူဖြစ်ပြီး ခုချိန်ထိ ပျောက်ဆုံးနေ ဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အလွတ်သတင်းထောက် Roman Cheremsky ဟာလည်း ခွဲထွက်ရေးသမားတွေရဲ့ ပြန်ပေးဆွဲခြင်း ခံခဲ့ရပြီး ခုချိန်ထိ သူဘယ်ရောက်နေတယ်ဆိုတာကို မသိနိုင်သေးပဲ ဖြစ်နေပါတယ်။


ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ အားလုံး ပြန်မလွတ်မချင်း သူမဌာနအနေနဲ့ ဒီကိစ္စကို အစဉ်တစိုက် ထုတ်ဖော် ပြောဆိုသွားမယ်လို့ Mijatovic က ပြောပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခကာလအတွင်း အနည်းဆုံး သတင်းထောက် ၆ ယောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

http://ift.tt/1pzdfRc











OSCE အဖွဲ့ရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ ကိုယ်စားလှယ် Dunja Mijatovic ။




from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/YjegaV

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...