ဒူဘိုင်း စက်တင်ဘာ ၁၀
အမေရိကန် ပေါ့ပ်စူပါစတား လေဒီဂါဂါသည် ၄င်း၏ စတုတ္ထမြောက် ကမ္ဘာလှည့် ဖျော်ဖြေ ပွဲအတွက် စက်တင်ဘာ ၈ ရက်က ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ရာ ပရိသတ်များက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
လေဒဂီါဂါ၏ စတုတ္ထမြောက် ကမ္ဘာလှည့်ဖျော်ဖြေပွဲကို Artrave: The Artpop Ball ဟု အမည် ပေးထားပြီး ဒူဘိုင်းမြို့ရှိ Meydan Racecourse ၌ စက်တင်ဘာ ၁ဝရက်တွင် ကျင်းပမည် ဖြစ်သည်။
လေဒီဂါဂါကို ချစ်ခင်သူ ပရိသတ်များက ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စုဝေး ရောက်ရှိလာကြပြီး သူမကို ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
လေဒီဂါဂါကလည်း ပရိသတ် များအတွက် အမှတ်တရ လက်မှတ် ထိုးပေးခဲ့သည့်အပြင် ပရိသတ် များနှင့်အတူ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူး ပေးခဲ့ကြောင်း သိရသည်။
from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1rJwt8v
Comments
Post a Comment