Skip to main content

နေပြည်တော်ရှိ ရွှေတိဂုံပုံတူ ဥပ္ပါတသန္တိဘုရား ရင်ပြင်၌ ရေစိမ့် ထွက်မှုဖြစ် နိုင်ငံ့အကြီးအကဲများ စိတ်မကောင်း ဖြစ်နေဟု ဂေါပက အဖွဲ့ဝင်များ ပြော



ရန်ကုန်၊ စက်တင်ဘာ ၁၆

အစိုးရ အခြေစိုက်ရာ နေပြည်တော်၌ ရန်ကုန်မြို့ရှိ လေးဆူ ဓာတ်ပုံ ရွှေတိဂုံ စေတီတော် အတိုင်း ပုံစံတူ တည်ထား ကိုးကွယ်ထားသည့် ဥပ္ပါတသန္တိ စေတီတော် ရင်ပြင်၌ ရေစိမ့်ထွက်မှု ဖြစ်ပေါ် နေသည့်အတွက် အစိုးရ လူကြီးပိုင်း များအတွင်း စိတ်မကောင်းမှု ဖြစ်ပေါ်နေကြောင်း အဆိုပါ စေတီတော် ဂေါပကအဖွဲ့ဝင် တစ်ဦးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။


အဆိုပါ စေတီတော် ရင်ပြင်၌ ရေစိမ့်ထွက်မှုမှာ စက်တင်ဘာလ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ရေစိမ့် ထွက်မှုများအား စက်ယန္တရားနှင့် လူအင်အားသုံးဩ၍ ဘိလပ်မြေ ပိတ်ဆို့ ဖာထေးပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်းလည်း စက်တင်ဘာလ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ပါရှိသည်။


““မြန်မာ့အလင်းမှာ ထည့်လိုက်တော့ ကျယ်ပြန့်သွားတဲ့ သဘောဖြစ်နေတော့ လူကြီးတွေက စိတ်မချမ်း မသာ ဖြစ်နေတာ။ အပေါက်လေးတွေ နည်းနည်းရှိလို့ ဖာလိုက်တာ။ ဂြိုဟ်တိုင်တို့၊ ထောင့်တို့ကျတော့ ပြောလို့ မဖြစ်ဘူး။ ပြောလိုက်ရင် ဇာတ်လမ်းရှုပ်လွန်းလို့။ ဘုရားနဲ့ ပတ်သက်ရင် ရွှေသင်္ဃန်း ကပ်တာတို့၊ သီတင်းကျွတ် မီးထွန်းပွဲ လုပ်တာတို့ အဲဒါမျိုးပဲ ထည့်စေချင်တာ။ သတင်းဂျာနယ်တွေက တဆိတ်ကို တစ်အိတ် လုပ်လွန်း လို့ ဖြေရှင်းလို့ မပြီးနိုင်တော့လို့ မဖြေနိုင်တာပါ”” ဟု အမည်မဖော်လိုသူ ဥပ္ပါတသန္တိစေတီတော် ဂေါပက အဖွဲ့ဝင် တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။


ဥပ္ပါတသန္တိစေတီတော်မှာ ဉာဏ်တော်အမြင့်ပေ ၃၂၅ ပေ ရှိပြီး၂၀၀၈ ခုနှစ်ကတည်းက စတင်တည်ထား ကိုးကွယ်ခဲ့ကြခြင်း ဖြစ် သည်။


စစ်အစိုးရ နောက်ဆုံး ရုံးစိုက်ခဲ့ရာ နေပြည်တော်၌ ရွှေတိဂုံစေတီတော် ပုံစံတူ ဥပ္ပါတသန္တိစေတီတော် တည်ထား ကိုးကွယ်ခဲ့ခြင်းမှာ ဗေဒင်ကိန်း ဂဏန်းများအရ တွက်ချက်၍ တည်ထားခဲ့ခြင်း ဖြစ်ကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သေးသည်။


မြန်မာနိုင်ငံတွင် မင်းအစိုးရ လက်ထက် အသီးသီးတွင် ဘုရားစေတီများ တည်ထား ကိုးကွယ်လျက်ရှိရာ ဦးနု အစိုးရ လက်ထက်တွင် ရန်ကုန်မြို့ ကမ္ဘာအေး မဟာပါသာဏ လိုဏ်ဂူတော်ကြီး၊ သမ္မတ ဦးနေ၀င်း လက်ထက်တွင် မဟာဝိဇယ စေတီတော်နှင့် စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တွင် နေပြည်တော်ရှိ ဥပ္ပါတ သန္တိ စေတီတော်တို့ ဖြစ် သည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း တရုတ်ပြည်မှ ပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွယ်တော် ဥပ္ပါတသန္တိစေတီတော်၌ ကိန်းဝပ် စံပယ်တော်မူစဉ် စစ်အစိုးရ ခေါင်းဆောင်းဟောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေက အရပ်ဝတ်ဖြင့် လာရောက် ဖူးမြော်ခဲ့ဖူးသည်။


““မီဒီယာသမား ဆိုတာကတော့ ထုံးစံအတိုင်း သိတာလေးကို ချဲ့ရေးနေကြတော့ အကုန်လုံးက စိုးရိမ် သွားကြတာပေါ့။ မိုးတွင်းဆိုတော့ ရင်ပြင်မှာပေါ်ရော၊ လိုဏ်ထဲမှာကော ရေစိမ့်တယ်။ စေတီတော်ကြီး ရေရှည် တည်တံ့ဖို့ အတွက် ပြုပြင်မှုတွေ လုပ်နေပါတယ်။ တစ်နေရာတည်းမှာ စိမ့်နေတာတော့ မဟုတ်ဘူး။ ဘယ်ဘက်မုခ်ရယ်လို့တော့ အတိအကျ မသိဘူးလေ။ အလှူငွေကတော့ ဒါဖြစ်လို့ လှူပါဆိုတာမျိုးတော့ မရှိပါဘူး။ ရှိတဲ့ငွေနဲ့ပဲ လုပ်နေကြတာပေါ့။ စိုးရိမ်စရာတော့ မရှိပါဘူး”” ဟု ဂေါပက အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဦးတင်ထူး က ပြောသည်။


ယခုကဲ့သို့ ဘုရား ရင်ပြင်တော်ပေါ်၌ ရေစိမ့်ထွက်မှု ဖြစ်ပေါ်ခြင်း အပေါ် ပြည်သူများကလည်း စိတ်ဝင်စားလျက် ရှိပြီး ““ချွေးပြန်ပြီးတော့ ရေစိမ့်ကျတာလို့တော့ ပြောကြတယ်။ လိုဏ်ခေါင်းထဲကမှာ ဒေါက်တိုင်တွေ ထောက် ထားတာ ရှိတယ်။ အဲဒီအပေါ်မှာ သစ္စာလေးပါး ရေးထားတဲ့ ကျောက်ပြားတွေနေရာ၊ အဲဒီနေရာက စိမ့်တာလို့ ပြောတယ်။ အဲဒီနေရာက အခုဖာပြီးသွားပြီ။ သိပ်အများကြီး သွားကြတာ မဟုတ်ဘူး။ မြို့အနီးနား ၀န်းကျင်က လူတွေလောက်ပဲ သွားကြတာ”” ဟု နေပြည်တော်တွင် နေထိုင်သူ ဒေသခံ တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။


မြန်မာစစ်အစိုးရ လက်ထက်တွင် နိုင်ငံ့ရေးရာ ကိစ္စများ၌ဗေဒင်၊ ယတြာ ယုံကြည်မှုများဖြင့် လုပ်ဆောင် တတ်သည့် သာဓကများစွာ ရှိခဲ့ပြီး မကြာသေးခင်က ဖြစ်ပွားခဲ့သည့် Super Moon ဖြစ်စဉ်တွင်လည်း နိုင်ငံ အတွင်း ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်မည်ကို စိုးရိမ်သည့်အတွက် သံဃာတော်များ ပင့်ဖိတ်၍ ပရိတ် ရွတ်ခြင်းများ ပြုလုပ်ရန် ၀န်ကြီးဌာနများသို့ ပြုလုပ်ခိုင်းခဲ့ဖူးသည်။


ထို့ပြင် လက်ရှိ သမ္မတဖြစ်သူ ဦးသိန်းစိန်မှာလည်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက ကျရောက်ခဲ့သည့် တန်ဆောင်မုန်း လပြည့်နေ့က နေပြည်တော်ရှိ မဟာဗောဓိ စေတီတော်သို့ လာရောက်ကာ ဗုဒ္ဓရုပ်ပွားတော်များအား မင်းဝတ်တန်ဆာများ ကပ်လှူပူဇော်ခြင်း၊ မယ်ဇလီဖူး သုပ်စားခြင်း များ ပြုလုပ်ခဲ့ဖူးရာ ယင်းမှာ ယတြာချေ ခြင်းဖြစ်နိုင်ကြောင်းဗေဒင် ပညာ ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။ ““ဘုရားရင်ပြင်တွင် ရေစိမ့် ထွက်သောအခါ မည်သို့ဖြစ်မည် ဆိုတဲ့ဟောကိန်းတော့ ကျွန်တော် မဖတ်ဖူးပါဘူး။ ဗေဒင်တွက်ချက်မှု နည်းပညာမှာတော့ မရှိဘူးပေါ့။ အယူတော်မင်္ဂလာ နိမိတ်ဖတ်နည်းနဲ့ ပြောရင်တော့ ပြောနိုင်ပါလိမ့်မယ်။ ဘယ်ထောင့်က ထွက်တယ်၊ ဘယ်နေရာက ထွက်တယ်ဆိုတာ အယူတော်မင်္ဂလာ ပညာရှင်တွေ သွားကြည့် ပြီးရင်တော့ အဲဒီအကြောင်းအရာပေါ်မှာ အဖြေပေးနိုင်ပါလိမ့်မယ်။ ဗေဒင်ထဲက အကြောင်းအရာ တစ်ခုဖြစ်တဲ့ အယူတော် မင်္ဂလာဆိုတဲ့ နည်းပညာနဲ့တော့ ဒါကိုအဖြေရှာ တွေ့နိုင်ပါလိမ့်မယ်”” ဟု ဗေဒင်ပညာရှင် ဆရာစံ-ဇာဏီဘိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။


သတင်းအဖွဲ့


မြန်မာသံတော်ဆင့်သတင်းဌာန - http://ift.tt/1t7d2bL







from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/YWN2Hs

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3