မြို့တော်ရဲတွေက အသေးစိတ် မပြောပေမယ့် ဒီအမှုနဲ့ပတ်သက်ပြီး အမျိုးသားတဦးကို ဖမ်းထားပြီးပြီလို့ ပြောပါတယ်။
အမေရိကန်သတင်းထောက် ၂ ယောက် ခေါင်းဖြတ်ခံရအပြီး ၂ ရက်အကြာမှာ ဒီအမှု ထပ်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ရဲတွေကတော့ အမျိုးသမီးကို တိုက်ခိုက်မှုဟာ အကြမ်းဖက်မှုနဲ့ ပတ်သက်မှု ရှိမယ်လို့ မယူဆကြောင်း ပြောပါတယ်။
အခင်းဖြစ်ရာနေရာနားမှာနေတဲ့ အမျိုးသားတဦးက လူသတ်မှု မတိုင်က လမ်းပေါ်က ပန်းခြံတွေနားမှာ တောခုတ်ဓား ကိုင်ထားတဲ့ ယောက်ျားတယောက်ကို တွေ့ကြောင်း တခြားအိမ်နီးချင်းတွေဆီက သိရတယ်လို့ ပြောပါတယ်။
ညဘက်အလုပ်လုပ်တဲ့ အိမ်နီးချင်းကတော့ သူ့အိမ်အနောက်ဘက် ပန်းခြံထဲမှာ ယောက်ျားတယောက် ဆူညံနေလို့ အိပ်ရာက နိုးခဲ့ကြောင်း၊ သူ့မှာ တောခုတ်ဓား တလက် ကိုယ်ထားတယ်လို့ ဂါးဒီးယန်း သတင်းဌာနကို ပြောခဲ့ပါတယ်။
တခြားအိမ်နီးချင်းတယောက်ကလည်း အမျိုးသားတယောက်ကို လမ်းပေါ်က ပန်းခြံ ၃ လေးခု ထဲမှာ မြင်မိတယ်လို့ ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုကို ဦးဆောင်သူ ဂျွန်စန်ဒလင်းကတော့ လူနေရပ်ကွက်လမ်းထဲမှာ နေ့ခင်းကြောင်တောင် တိုက်ခိုက်မှုလို့ ဆိုပါတယ်။
By ဒီဗွီဘီ
http://ift.tt/YgzLcm
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/YgzI0k
Comments
Post a Comment