Skip to main content

ရိုးရာမပျက် နွှဲလို့ပျော် ကမ္ဘာကျော်တဲ့ ကျောက်ဆည်မြို့ရဲ့ ဆင်လှူပွဲတော်



ကျောက်ဆည် စက်တင်ဘာ ၃၀

ကျောက်ဆည်မြို့တွင် နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်နှင့် လပြည့်နေ့တို့တွင် ဆင်အကအလှနှင့် ဆင်ပြိုင်ပွဲများပါဝင်သော ဆင်လှူပွဲတော်ကို ကျင်းပလေ့ရှိသည်။


ကျောက်ဆည်မြို့ ဆင်လှူပွဲတော်သည် မြန်မာတစ်နိုင်ငံလုံးတွင် မည်သည့် အရပ်ဒေသတွင်မှ ကျင်းပခြင်းမရှိ သော ထူးခြားသည့်ပွဲတော်တစ်ခု ဖြစ်၍ ပွဲတော်ကာလတွင် အနယ်နယ် အရပ်ရပ်ရှိ ရပ်ဝေးရပ်နီးမှ ဧည့် ပရိသတ်များသာမက ကမ္ဘာလှည့် ခရီးသွားဧည့်သည်များပါ လာရောက် ကြသဖြင့် ကြက်ပျံမကျစည်ကားလှ သော ပွဲတော်တစ်ခုဖြစ်သည်။ ရှေးယခင်က ဆင်လှူပွဲတော်ကို ဆွမ်းတော်ကြီးကပ်ပွဲတွင် မုန့်ရုပ်ဆင်များ ထည့်ဝင်လှူဒါန်းရာမှ အရုပ်ဆင်များ ပါဝင်လှူဒါန်းလာကြသည်။


ကနဦး အရုပ်ဆင်များမှာ(၁)ထမ်းစင်ပေါ်တွင် ဝပ်ဆင်၊ ဆင်ဖြူတော်ခေါင်းမလှုပ်၊ (၂)ထမ်းစင်ပေါ်တွင် ဆင်ဖြူ တော်ခေါင်းလှုပ်၊ နားရွက်ခတ်၊ (၃) ထမ်းစင်ပေါ်တွင် မတ်တတ်ရပ် ဆင်ခေါင်း၊ နှာမောင်းလှုပ်ခတ်နိုင်ပြီး ထိုမှတစ်ဆင့် ရွှေဆင်ရုပ်၊ ငွေဆင်ရုပ်စသည်တို့ဖြင့် တီထွင်ခဲ့ကြသည်။

ယခုခေတ် လူများဝင်၍ ကရသော မြေနင်းဆင်ရုပ် များကို ကျောက်ဆည်မြို့ ညောင်ခြောက်ပင်ရပ် "ဆရာငယ်" က စတင်တီထွင်၍ "နွဲ့ဆိုး" ဟူသော အမည်ဖြင့် ၁၉၂၅ ခုနှစ်ခန့်က စတင်ပွဲထုတ်ခဲ့သည်။ ထိုမှတစ်ဆင့် ဆင်ချိုးပညာဆင့်ပွားကာ ယခုမြင်တွေ့ နေရသော မြေနင်းဆင်ရုပ် များဖြင့် ဆင်လှူပွဲတော်ကြီးကို ကျင်းပခဲ့ ကြသည်။ ယခင်က ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဆင်များသည် ဒိုးပတ်၊ နှဲ၊ လင်းကွင်း၊ မောင်း၊ ဝါးလက်ခုပ် စသည်များဖြင့် မြို့မဈေးကြီးကို လမ်းလျှောက်၍သာ ယှဉ်ပြိုင်ခဲ့ကြပြီး တိုးတက်ပြောင်းလဲ လာသော ခေတ်စနစ်အရ နောက်ပိုင်း နှစ်များမှစတင်ကာ ယခုလက်ရှိ အချိန်ထိ ကားကြီးကားငယ်အသွယ် သွယ်ဖြင့် ခေတ်ပေါ်တေးဂီတများဖြင့် ပါဝင်ယှဉ်ပြိုင်ကြလျက်ရှိသည်။


ထို့ကြောင့် ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများက ရိုးရာမပျက်ရေးအတွက် ဒိုးပတ်၊ နှဲ၊ လင်းကွင်း၊ မောင်း၊ ဝါး လက်ခုပ်များဖြင့် ပါဝင်ယှဉ်ပြိုင်သော ဆင်များကို ရှေးရိုးရာဆုများချီးမြှင့်ကာ ဆောင်ရွက်လျက်ရှိသည်။ ဆင်အကအလှပြိုင်ပွဲကို သီတင်း ကျွတ်လဆန်း ၁၄ ရက် တစ်ရက် တည်းသာ ကျင်းပသောကြောင့် လူငယ်များသည် မိမိတို့ ပြင်ဆင်ထားရှိမှုနှင့် ပျော်ရွှင်ရသည့် အချိန် နည်းပါးသောကြောင့် ယခင် နှစ်နှစ် ဝန်းကျင်မှစတင်ကာ သီတင်းကျွတ်လဆန်း ၁၃ ရက် ညပိုင်းတွင်ပါမြို့တွင်းသို့ လှည့်လည်ကပြဧည့်ခံလေ့ ရှိလာကြသည်။ ထိုညတွင်လည်း ဆင်ပွဲတော်အလား စည်ကားလာခဲ့သည်။


ဆင်အကအလှ ပြိုင်ပွဲကြီးကို သီတင်းကျွတ်လဆန်း ၁၄ ရက် နံနက် ၈ နာရီခန့်တွင် ပြိုင်ပွဲဝင်ဆင်များနှင့် လှည့်လည်ဖျော်ဖြေမည့် ဆင်များဖြင့် ဆင်ပြိုင်ပွဲကြီးကို စတင်ဖွင့်လှစ်သည်။ ဆင်အကပြိုင်ပွဲဝင်မည့် ဆင်များသည် ဖွင့်ပွဲပြီးသည်နှင့် တစ်ပြိုင်နက် ဆက်လက် ယှဉ်ပြိုင်ကြရသည်။


ပြိုင်ပွဲဝင် ဆင်အဖွဲ့အစည်းများ အနေဖြင့် မြို့မဈေးကြီးကို သုံးပတ် ပတ်ကာ အမှတ်ပေးဒိုင် သုံးဒိုင်ကို ပါဝင်ယှဉ်ပြိုင်ကြရသည်။ ကျောက်ဆည် နယ်သူနယ်သားများသည် အနော်ရထာမင်းကြီး ဆောင်ရွက် ပေးတော်မူခဲ့သည့် ဆည်မြောင်းကန်ချောင်းတို့ကို အသုံးပြုကာ စိုက်ပျိုးမွေးမြူလုပ်ကိုင် စားသောက်နေသော ကြောင့် ကျေးဇူးတော်ကို အောက်မေ့ကာ သီတင်းကျွတ်လပြည့်နေ့တွင် ရွှေသာလျောင်း တောင်ထိပ်ထိတက်၍ ဘုရားကိုလက်ယာရစ်သုံးပတ်ပတ်ပြီး ဆွမ်းတော်ပွဲ များနှင့်အတူ ဆင်ရုပ်များကိုရေစက်သွန်းချလှူဒါန်းကြပြီး အနော်ရထာမင်းကြီးနှင့်တကွ ဆင်မယဉ်သာ(ဆင်ဖြူ)ကိုပါ ရည်မှန်း၍ အမျှအတန်းပေးဝေကြသည်။


ကျောက်ဆည်မြို့ ဆင်လှူပွဲတော်ကို နှစ်စဉ်ရှေးရိုးစဉ်လာမပျက် ရိုးရာပွဲတော်အဖြစ် ကျင်းပလာခဲ့ သည်မှာ အနော်ရထာမင်း လက်ထက် မှစ၍ ယနေ့ထက်တိုင် နှစ်ပေါင်း ၉၀၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့ နှစ်ပေါင်း ၉၀၀ ကျော်တိုင် ရှေးရိုးစဉ်လာမပျက် နှစ်စဉ်ကျင်းပခဲ့သော ပွဲတော်တစ်ခု ဖြစ်ခြင်း၊ မြန်မာတွင် သာမက ကမ္ဘာတွင်ပါ လူသိများ ကျော်ကြား လှသောကြောင့် ကျောက်ဆည်မြို့ ဆင်လှူပွဲတော်သို့ တစ်ခေါက် တစ်ခါ အရောက်လာခဲ့ပါဟု ဖိတ်ခေါ် လိုက်ရပါသည်။


MOI Webportal Myanmar

http://ift.tt/1ouhij1






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1DXS6uU

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3