Skip to main content

အိမ်၊မြေ၊အဆောက်အအုံ များ ဝယ်ယူခြင်းအတွက် ကျသင့်အခွန် ပေးဆောင်ခြင်း မရှိပါက တရားစွဲဆို ခံရမည်





ရန်ကုန် စက်တင်ဘာ ၁၉

အိမ်၊မြေ၊အဆောက်အအုံများ ဝယ်ယူခြင်းအတွက် ကျသင့်အခွန် ပေးဆောင်ခြင်းမရှိပါက တရားစွဲ ဆိုခံရမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနက အတည်ပြု သည်။


၂ဝဝ၈ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၃၈၉တွင်နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရမည့် အခွန် အကောက်များဆောင်ရန် တာဝန်ရှိ သည်ဟုပြဋ္ဌာန်းထားကြောင်း သိ ရသည်။


The Registration Act (1908) အရ မြေ၊အိမ်၊အဆောက် အအုံအစရှိသည့် မရွှေ့မပြောင်းနိုင် သည့် ပစ္စည်းများဝယ်ယူခြင်း၊ လွှဲ ပြောင်းရယူခြင်းများအတွက် စာ ချုပ်စာတမ်းများကို မှတ်ပုံတင်ရ မည်ဖြစ်ကြောင်း၊ ထို့အပြင် မြေ၊ အိမ်၊ အဆောက်အအုံအစရှိသည့် အခြေခံပစ္စည်းကို ဝယ်ယူရာတွင် ကုန်ကျခဲ့သော ငွေကြေးအတွက် အခြေပစ္စည်းတည်ရှိရာမြို့နယ်အခွန် ဦးစီးဌာနမှူးရုံးတွင် ဝင်ငွေ စိစစ်မှု ခံယူရန်လိုအပ်ကြောင်း၊ အသုံးပြုခဲ့ သည့်ငွေကြေးအတွက် ဝင်ငွေရ လမ်းအထောက်အထားလုံလောက် စွာတင်ပြနိုင်ပါက အခွန်ကျသင့် မည်မဟုတ်ကြောင်း၊ ဝင်ငွေရလမ်း မတင်ပြနိုင်သည့်ဝင်ငွေအပေါ်တွင် တည်ဆဲအခွန်နှုန်းများဖြင့် ကျသင့် သည့်အခွန်ကို ပေးဆောင်ရန်လို အပ်ကြောင်းသိရသည်။

မြန်မာနိုင်ငံအိမ်ခြံမြေ ဝန် ဆောင်မှုအသင်း အတွင်းရေးမှူး ဒေါ်မို့မို့အောင်က''အမည်ပေါက် ဖို့အခွန်ဆောင်မှတံဆိပ်ခေါင်းထွက် ပါမယ်။ အဲဒီအတွက် အများအား ဖြင့် ကိုယ်ပိုင်အမည်ပေါက်ချင်တဲ့ သူတွေကအခွန်ဆောင်ကြပါတယ်။ ဝယ်ရောင်းတွေအနေနဲ့တော့ အခွန် မဆောင်ကြဘူးပေါ့။ ဒီလိုအမည် ပေါက် အခွန်ဆောင်ထားတော့ အကာအကွယ်ဖြစ်တာပေါ့။ အခြား ရှုပ်ထွေးမှုတွေမရှိနိုင်တော့ဘူး '' ဟု ပြောသည်။


အိမ်၊မြေ၊အဆောက်အအုံအစ ရှိသည့် အခြေပစ္စည်းများရယူရာ တွင်ကုန်ကျခဲ့သောငွေကြေးအတွက် ဝင်ငွေရလမ်းစိစစ်မှုခံယူရန် ပျက် ကွက်ကြောင်း(သို့မဟုတ်)မိမိ၏ဝင် ငွေကိုထိမ်ချန်ကြောင်း စိစစ်တွေ့ ရှိပါက ကျသင့်အခွန်အပြင်ဒဏ်ငွေ ကိုပါပေးဆောင်ရမည်ဖြစ်ကြောင်း၊ ခွင့်ပြုကာလအတွင်းထုတ်ဖော်ရန် ပျက်ကွက်ပါက ကျသင့်အခွန်နှင့် ဒဏ်ငွေအပြင်တရားစွဲဆိုခြင်းလည်း ခံရမည်ဖြစ်ကြောင်း သိရသည်။


မြေ၊အိမ်၊အဆောက်အအုံများ ဝယ်ယူရောင်းချမှုများကိုလည်း သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးများမှ စိစစ်ဆောင်ရွက် သွားမည်ဟုသိရသည်။


ရွှေအာကာ

The Union Daily

http://ift.tt/1nuYuOh






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1tCqozr

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...