Skip to main content

အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ အစုရှယ်ယာ ငါးသန်း ထုတ်ရောင်းမည်



ရန်ကုန် စက်တင်ဘာ ၂၈

အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီလီမိတက် (NDCG) မှ အစုရှယ်ယာ ငါးသန်းကို ထုတ်ရောင်းမည်ဟု ယင်းကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေက ယနေ့ကျင်းပသည့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီ အုပ်စုလီမိတက် (၁၆)ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် ပြောကြားသည်။


အစုရှယ်ယာ တစ်စုလျှင် ကျပ် ၁ဝဝဝဝနှုန်းဖြင့် ဝယ်ယူနိုင်ပြီး အများ ဆုံး အစုရှယ်ယာ တစ်သောင်းအထိ ဝယ်ယူနိုင်ကြောင်း သိရသည်။ အဆိုပါကုမ္ပဏီသည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန် တွင် ပိုင်ဆိုင်မှုအသားတင်တန်ဖိုး ကျပ်သိန်းပေါင်း ၇ဝ၂၉၄ ဒသမ ၄၁ ရှိပြီး နိုင်ငံတော်သို့ အခွန်အခ ငွေကျပ် ၃၃၂၁၄ ဒသမ ၆၄ သိန်း လျာထားပေးသွင်းခဲ့ပြီးဖြစ်ကြောင်း ဘဏ္ဍာရေးနှစ်ချုပ်စာရင်းအရ သိရ သည်။ လက်ရှိတွင် အစုရှယ်ယာ ရှင်များကို အစုတစ်စုလျှင် အစု ရှယ်ယာတန်ဖိုး၏ နှစ်ဆနီးပါးမျှ၊ အစုတန်ဖိုး၏ ၁၈၈ ရာခိုင်နှုန်းဖြစ် သော အစုအမြတ်အပေါ် ထုတ် ပေးခဲ့နိုင်ပြီးဖြစ်ကြောင်း ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေကဆိုသည်။


အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တွင်အလွှာအသီး သီးမှ လူတန်းစားမျိုးစုံပါဝင်နိုင် ရန်အတွက် အစုရှယ်ယာများကို၂ဝဝ၂-၂ဝဝ၃ ဘဏ္ဍာနှစ်မှစ၍အစု တစ်စုလျှင်အစုတန်ဖိုးကျပ် ၁ဝဝဝဝ နှင့် ပရီမီယံအဖြစ် ကျပ် ၄ဝဝဝ သတ်မှတ်ရောင်းချခဲ့သည်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် ကုန်ဆုံး ပြီးချိန်တွင် အစုရှယ်ယာပေါင်း ၄၂၆၂၁၄ စု၊ တန်ဖိုးအားဖြင့်ကျပ် သန်းပေါင်း ၅၆၃၂ ဒသမ ၇၅၆ မတည်ထည့်ဝင်ပြီးဖြစ်ကြောင်းနှင့် 'က'အစုဝင် ၂၈ ဦးနှင့်'ခ'အစုရှင် ၂ဝ၉၆ ဦး စုစုပေါင်း အစုရှယ်ယာ ရှင်၂၁၂၄ ဦးရှိကြောင်း သိရသည်။


''ကျွန်တော့်အနေနဲ့ ဒီနေ့နှစ် ပတ်လည်မှာပြောချင်တာကတော့ အပိုင်းခြောက်ပိုင်းကို အကျဉ်းချုပ် ပြီးပြောချင်ပါတယ်။ ပထမ က တော့ ကုမ္ပဏီရဲ့ဦးတည်ချက်၊ (၂) ကတော့ ကုမ္ပဏီရဲ့အစုရှယ်ယာ မတည်ငွေနဲ့အမြတ်ငွေ၊ ကုမ္ပဏီ ကနေပြီးတော့ နိုင်ငံတော်ကို အခွန် အခငွေပေးဆောင်ခဲ့ပြီးနောက် စီး ပွားရေးလုပ်ငန်းများခွဲဝေဆောင်ရွက် နိုင်ရန် ကုမ္ပဏီခွဲများရဲ့အခြေအနေ နဲ့ ကုမ္ပဏီရဲ့ရှေ့လုပ်ငန်းစဉ်များကို ပြောကြားလိုပါတယ်။


''ပထမပိုင်းအနေနဲ့ကတော့ ကုမ္ပဏီအနေနဲ့ အောက်ပါရည်ရွယ် ချက်တွေနဲ့ကြိုးပမ်းကြောင်း တင်ပြ လိုပါတယ်။ စီးပွားရေးဦးတည်ချက် ကို လိုက်နာတယ်။ အသိပညာ၊ အတတ်ပညာရှင်များကျွန်တော်တို့ အဖွဲ့မှာ အကုန်ပါတယ်။ ပုဂ္ဂလိက ကဏ္ဍတိုးတက်ဖို့ရယ်၊ အများပြည် သူရဲ့အကျိုးစီးပွားအတွက် ဖြစ်ပေါ် လာတဲ့အကျိုးအမြတ်ကို မျှဝေခံစား စေလိုတဲ့ရည်ရွယ်ချက်ပါ။ အမျိုး သားရေးကိုဦးထိပ်ထားပြီးတော့ တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ဖို့၊ သာ ယာဝပြောဖို့ကို ဦးတည်ပါတယ်။

''ဒုတိယကတော့အစုရှယ်ယာ ဝင်တွေရဲ့မတည်ငွေအခြေအနေများ ကိုတင်ပြလိုပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီကို ၁၉၉၉ ခုနှစ်ကနေ စတင်တည်ထောင်ခဲ့တယ်။ ဒီက နေ့ဆိုရင် ၁၆ နှစ်သက်တမ်းရှိပြီ။ အခုဆိုရင် မတည်ငွေ သန်းပေါင်း ၅၆၃၂ ဒသမ ၇၅၆ ရှိပြီဖြစ် တယ်။ အစုပေါ်အမြတ် ငွေခွဲဝေ ကြည့်မယ်ဆိုရင် ကုမ္ပဏီကိုပြန် လည်ဖွဲ့စည်းပြီး ၂ဝဝ၂ နောက်ပိုင်း မှာ အစုရှယ်ယာကိုရောင်းချခဲ့တာ ဖြစ်တယ်။ တချို့နှစ်တွေဆိုရင် ၃၆ ရာခိုင်နှုန်း၊ ၁၈ ရာခိုင်နှုန်း၊ ၂ဝ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း၊ ၁၂ ရာခိုင်နှုန်းအဲလိုမျိုးတွေပေးခဲ့တယ်။ နှစ်တိုင်းပေးပါတယ်။ မပေးတဲ့နှစ် မရှိပါဘူး။ အခုချိန်မှာဆိုရင် အစု ရှယ်ယာတစ်စုကို အမြတ်ငွေ ၁၈၈ ရာခိုင်နှုန်းခွဲဝေပေးခဲ့နိုင်တဲ့အတွက် မိမိပိုက်ဆံတစ်ကျပ်နဲ့ ၈၈ ပြားပေး နိုင်တယ်။ မိမိပိုက်ဆံကလဲ တစ် ကျပ်နီးပါးပြန်ကျန်တယ်ဆိုတာကို လဲတင်ပြလိုပါတယ်။


''တတိယပိုင်းအနေနဲ့ကတော့ စတင်ဖွဲ့စည်းတဲ့အချိန်ကစပြီး နိုင်ငံ တော်ကိုအခွန်အရပ်ရပ် သိန်းပေါင်း ၃၃၂၁၄ ဒသမ ၆၄ သိန်းပေးဖို့လျာ ထားပါတယ်။ စတုတ္ထပိုင်းအနေ နဲ့က ကုမ္ပဏီအနေနဲ့ ပိုမိုထိရောက် စွာဆောင်ရွက်နိုင်ရန် ကုမ္ပဏီခွဲတွေ ကိုအရင်ကတည်းကခွဲထားတယ်။ ဆောက်လုပ်ရေး အင်ဂျင်နီယာလုပ် ငန်း၊ဝန်ဆောင်မှုလုပ်ငန်း၊စက်မှုလုပ် ငန်း၊ ကုန်သွယ်မှုလုပ်ငန်းတွေကို အရင်ကတည်းကခွဲထားပါတယ်။ ၂ဝဝ၂ ကတည်းကလုပ်တယ်ဆိုပေ မယ့် ၂ဝဝ၉ ခုနှစ်ကစပြီး အရှိန် အဟုန် ပိုမိုစွာဆောင်ရွက်ခဲ့တယ်။ မနှစ်ကအထိ ကုမ္ပဏီရဲ့မှတ်ပုံတင် ကိုမပေးခဲ့ဘူး။ ကျွန်တော့်ကုမ္ပဏီ အပါအဝင် အများပိုင်ကုမ္ပဏီတွေ ကိုဆိုင်းငံ့လုပ်လိုက်တယ်။ ဒီနှစ် ကစပြီးတော့မှတ်ပုံတင်ပြန်တင်လို့ ရတယ်။ ကျွန်တော်တို့ကို ယုံကြည် စွာအပ်နှံထားတဲ့ အစုရှယ်ယာရှင် တွေကို ၁၂ ရာခိုင်နှုန်းထိအမြတ် ငွေပေးတယ်။ အခုဆိုရင်ကျပ်သိန်း ပေါင်း၁၃၉၆၆ ဒသမ ၈၅ သိန်းခန့် ပိုမိုနေတယ်။ ကျွန်တော်တို့ဘာမှ မလုပ်ဘဲထိုင်နေရင်တောင်မှ နှစ်

နှစ်စာလောက်အမြတ်ငွေထုတ်ပေး နိုင်တဲ့အခြေအနေရှိတယ်။သိန်း ပေါင်း ငါးသောင်းနီးပါးရှိတယ်။ ဒေါ်လာနဲ့တွက်ရင်ငါးသန်းရှိတယ်။ အခုအစုရှယ်ယာထုတ်ရောင်းမယ်။ အလုပ်တွေအများကြီးလုပ်ဖို့ အနေ အထားတွေရှိလာတယ်။ အများပိုင် ကုမ္ပဏီ ၂ဝ ထဲမှာမှ တစ်ခုအပါ အဝင်ဖြစ်တယ်။ မကြာခင် ဈေး ကွက် ချဲ့ထွင်မှာဖြစ်တဲ့အတွက် ကြောင့် အစုရှယ်ယာများကိုထုတ် ရောင်းမှာဖြစ်တယ်။ အစုရှယ်ယာ ပြန်ရောင်းချင်တယ်ဆိုလဲ လက်ခံ ပါတယ်။ ဝယ်ချင်တယ်ဆိုရင်လဲ ထုတ်ရောင်းမှာဖြစ်တယ်''ဟု ဥက္ကဋ္ဌဒေါက်တာခင်ရွှေက ကုမ္ပဏီ ၏လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။


ယခုလက်ရှိတွင် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်အတွက် အစု ရှယ်ယာတစ်သောင်းစီ ပါဝင်ထည့် ထားသူဦးရေ ၂ဝ ကို ဒါရိုက်တာ အဖြစ် ရွေးချယ်ထားပြီးဖြစ်ပြီး ဥက္ကဋ္ဌ-ဒေါက်တာခင်ရွှေ၊ ဒုဥက္ကဋ္ဌ -ဦးကိုကိုထွေး၊ဒုဥက္ကဋ္ဌ-ဦးရန်ဝင်း၊ ဒုဥက္ကဋ္ဌ-ဒေါက်တာစိန်မြင့်၊ ဒု ဥက္ကဋ္ဌ-ဦးရွှေကြိုင်၊ အထွေထွေ အတွင်းရေးမှူး-ဦးစိန်သစ်၊ အတွင်း ရေးမှူးများအဖြစ် ဦးခင်မောင်ပြုံး၊ ဦးဇေသီဟ၊ဦးဥာဏ်သစ်လှိုင်၊ဘဏ္ဍာ ရေးမှူးဦးသန်းမြင့်၊တွဲဖက်ဘဏ္ဍာ ရေးမှူး ဦးကျော်ကျော်ဦး၊ စာရင်း စစ်မှူး ဦးကျော်ညွန့်၊ စာရင်းစစ် ဦးသိန်းဟန်၊ ပြန်ကြားရေး ဦးကျော် ဝင်း၊ဦးမောင်မောင်(အာရှ)၊ ဒါရိုက် တာများအဖြစ် ဦးဇော်ဝင်း၊ ဦးအိုက် ထွန်း၊ ဦးတိုးနိုင်မန်း၊ ဦးကျော်နိုင် ဦး၊ ဦးမောင်မောင်ကြီးတို့ဖြင့် ပြန် လည်ဖွဲ့စည်းခဲ့သည်။


ယဉ်ယဉ်လှ

The Union Daily

http://ift.tt/1nuYuOh







from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1vnrijP

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3