Skip to main content

တယ်လီနောဆင်းကတ်များ မန္တလေးတွင် စတင်ရောင်းမည်ဟုကြေညာ



ရန်ကုန် စက်တင်ဘာ ၂၅

ဆက်သွယ်ရေး အော်ပရေတာ တယ်လီနောမြန်မာက မည်သည့် ဂျီအက်စ်အမ် ဟန်းဆက်နှင့်မဆို တွဲဖက်သုံးစွဲနိုင်သည့် သရီးဂျီ၊ တူးဂျီ ဆက်သွယ်ရေးမိုဘိုင်းဖုန်းဆင်းကတ် များကို စက်တင်ဘာ ၂၇ ရက်မှ စတင်ကာ မန္တလေးမြို့တွင် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း စက်တင် ဘာ ၂၅ ရက် ည ၈ နာရီက သတင်း ထုတ်ပြန်ခဲ့သည်။


မိုဘိုင်းကွန်ရက် စတင်ဖွင့်လှစ် ခြင်းကို စက်တင်ဘာ ၂၇ ရက်နံနက် ၁၁နာရီတွင် လုပ်ဆောင်ပြီး တစ်ပြိုင် နက်တည်း မန္တလေးမြို့ရှိ မိုဘိုင်း ဖုန်းအရောင်းဆိုင် ၁၅ဝဝ ခန့်တွင် ဆင်းကတ်တစ်ကတ် ငွေကျပ် ၁၅ဝဝ နှုန်းဖြင့် စတင်ရောင်းချပေးမည်ဖြစ် ကြောင်း သိရသည်။


တယ်လီနောက မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မိုဘိုင်းဖုန်းအရောင်း ဆိုင် တစ်သိန်းနှင့် ချိတ်ဆက်ထားပြီး လက်ရှိတွင် တာဝါတိုင်တပ်ဆင်ထား ရှိမှု အခြေအနေအရ မန္တလေးမြို့ တွင် စတင်ရောင်းချပေးရခြင်းဖြစ်ပြီး တစ်လအတွင်း နေပြည်တော်နှင့် ရန်ကုန်တို့တွင် တိုးချဲ့ရောင်းချပေး နိုင်ရန် ပြင်ဆင်ထားပြီး ငါးနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး၏ ၉ဝ ရာခိုင် နှုန်းကို တယ်လီနောဆင်းကတ်များ တွင်ကျယ်စွာ ရောင်းချပေးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် မစ္စတာ ပီတာဖားဘာဂ်ျ့က ပြောကြားသည်။


''လိုင်စင်ရရှိပြီးတာ ရှစ်လရှိပါပြီ။ မန္တလေးကို ရွေးချယ်ရခြင်းကတော့ တာဝါတိုင် တပ်ဆင်မှု ပိုမိုအဆင်ပြေ တဲ့အပြင် ရာသီဥတုကောင်းမွန်တာ ကြောင့်လည်းဖြစ်ပါတယ်။ အရေး ကြီးတဲ့အချက်ကတော့ ရန်ကုန်မှာ လူတိုင်း ဖုန်းကိုင်ထားတာကြောင့် ကျွန်တော်တို့နယ်တွေကို ပိုပြီး တွင် ကျယ်စေချင်ပါတယ်။ တယ်လီနော ရဲ့ ပထမဆုံးခြေလှမ်းဖြစ်ပြီး မြို့တွေ အားလုံးကို ဆက်တိုက်အသုံးပြုနိုင် အောင် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ အာမခံနိုင်တာက တယ်လီနောဆင်းကတ်နဲ့ ဖုန်းပြော နေရင်း လိုင်းပြတ်တာမျိုးမဖြစ်အောင် အထူးဂရုပြုထားပါတယ်။ ဒုတိယ အချက်က ကျွန်တော်တို့ ဆင်းကတ် တွေက သရီးဂျီရော၊ တူးဂျီပါ အသုံးပြု နိုင်လို့ မည်သည့် ဟန်းဆက်နဲ့ မဆို တွဲဖက်အသုံးပြုနိုင်တယ်'' ဟု ၄င်းက ပြောကြားသည်။


တယ်လီနောမြန်မာဆင်းကတ် များကို အသုံးပြုနိုင်မည့် ဈေးနှုန်း များမှာ ဆင်းကတ်တစ်ကတ်လျှင် ငွေကျပ် ၁၅ဝဝ၊ ပြည်တွင်း မည်သည့် ဖုန်းခေါ်ဆိုခကိုမဆို တစ်မိနစ်လျှင် ၂၅ ကျပ်၊ စာတိုပေးပို့မှု တစ်ခုလျှင် ၁၅ကျပ်၊ အင်တာနက်သုံးစွဲခနှုန်းမှာ မိုင်အင်တာနက်အဖြစ် သုံးစွဲမည်ဆိုပါ က အမြန်နှုန်း ၃ဝဝkbps နှုန်းဖြင့်1 MB သုံးပါက ငွေ ၆ ကျပ်နှုန်း၊ အမြန်နှုန်း 2 Mbps သုံးစွဲနိုင်မည့် စမတ်အင်တာနက်အဖြစ် သုံးစွဲပါက 1MB လျှင် ငွေ ၁ဝ ကျပ်နှုန်းဖြင့် လိုအပ်သလို သုံးစွဲနိုင်ကြောင်း သိရသည်။


လက်ရှိတွင် စတင်အသုံးပြုမှု ပရိုမိုးရှင်းကာလအတွင်းFacebook အခမဲ့အသုံးပြုနိုင်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် အွန်လိုင်းစွယ်စုံ ကျမ်းWikipedia အခမဲ့သုံးစွဲခွင့် ပေးမည်ဖြစ်ကြောင်း စီအီးအိုက ပြောကြားသည်။ ငွေဖြည့်ကတ်များကို ငွေကျပ် ၁ဝဝဝ၊ ၃ဝဝဝနှင့် ၅ဝဝဝ တန်များထားရှိပြီး မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်းသိရသည်။


စက်တင်ဘာ ၂၇ ရက်မှ စတင်၍ မန္တလေးမြို့အတွင်းရှိ ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေး သာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင် မြေမြို့နယ်၊ အမရပူရမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး အောက် တိုဘာ ၃ ရက်တွင် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် တို့တွင် ဆက်လက်ရောင်းချပေးသွား မည်ဖြစ်သည်။

ရန်ကုန်မြို့တွင် အောက်တိုဘာ ၁ဝ ရက်ဝန်းကျင်မှစတင်ကာ ရောင်း ချပေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ အတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးအရှေ့ပိုင်း၊ ပဲခူးအနောက်ပိုင်း၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း)များသို့ အစဉ်လိုက်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ထားသည်။


(မြန်မာ့အလင်း)

သတင်း-ခင်ရတနာ

ဓာတ်ပုံ-မေဦးမိုး

http://ift.tt/1nAnMka







from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1v6V787

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...