နိုင်ငံရေးလောက၌ သမ္မတအုပ်ချုပ်သောစနစ်တွင် လွှတ်တော် ဖျက်သိမ်းနိုင်ခွင့်ရှိသော အခြေခံ ဥပဒေသည် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသာ မြင်ဖူးသည်…
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နိဒါန်း
၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၁)၊ ပုဒ်မ ၄၁၀မှ ပုဒ်မ ၄၃၂အထိ ခေါက်ခေါက်ခါခါ (အပြန်အ လှန်) နည်းပေါင်းစုံဖြင့် လေ့လာကြည့် ရှုပြီး စီးသောအခါ ဤဆောင်းပါးကို (အား)ပြည်သူသို့သိစေရန် တင်ပြ ရေး သား ပါပေအံ့။ (ပုဒ်မ စုစုပေါင်း ၂၂ခုဖြစ် သည်။)
● မာရှယ်လော စစ်အုပ်ချုပ်ရေး
အရေးပေါ်အခြေအနေနှင့် စပ်လျဉ်း၍ နိုင်ငံတိုင်း၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်း ရှိတတ် သည်။ မြန်မာနိုင်ငံ တွင်မာရှယ်လော(MARTIAL LAW) စစ်အုပ်ချုပ်ရေးဟု သိကြသည်။ စစ်အုပ်ချုပ်ရေးသည် စစ်ဥပ ဒေများဖြင့် ပြဋ္ဌာန်း၍ စစ်ခုံရုံးဖွင့်လျက် စီရင်ဆုံးဖြတ်အုပ်ချုပ်၏။ သာမန်ဥပဒေများကို ရုပ်သိမ်း၏။ ယာယီ အစိုး ရဖွဲ့၍ တစ်တိုင်းပြည်လုံး စစ်ခုံရုံးဖြင့် တရားစီရင်၏။ ပြည်သူ့အာဏာကိုဥပဒေ မဟုတ်သော အမိန့်ဖြင့်ဖျက် သိမ်း၏။ ဤ သို့အရေးပေါ်ကာလ အခြေအနေကို ကြေညာခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူတို့၏ အခြေခံအခွင့်အရေးတို့ကို ထိခိုက်ကြတော့မည်ဖြစ်ကြောင်း ပြည်သူများ သိထားကြရမည်ဖြစ် သည်။ အရေးပေါ် ကြေညာချက်(သို့မဟုတ်) စစ်အုပ်ချုပ်ရေး ကြေညာချက်သည် အုပ်ချုပ်သူတို့သည် အာဏာကို အလွဲသုံးစား တော့မည်။ အတိုက်အခံများ၊ ပြည်သူများကို ဖိနှိပ်တော့မည်ဖြစ်၏။ (ဤသဘောတရားကို ၁၉၈၈ ခုနှစ်မှ ၂၀၁၀ပြည့်နှစ်အထိ စစ်အုပ်ချုပ်ရေးကာလ ကို မြင်နိုင်သည်။)…
● ယနေ့တိုင်ရှည်ကြာခဲ့
ဤကဲ့သို့ မလိုလားအပ်သော အရေးပေါ်ကြေညာချက်ကြေညာပြီး သည့်နောက် မြန်မာပြည်တွင် မင်းမဲ့စရိုက် ဆန်သော ဖိနှိပ်ခြင်းများ၊ လူမဆန်စွာ ညှဉ်းဆဲမှုများ၊ အရပ်သားပြည်သူကို အာဏာအလွဲလွဲ အကန့်အသတ် မဲ့စွာ ကျင့်သုံးလာခဲ့သည်ကို ထင်ရှားစွာမြင်ရသည်။ တိုင်းတစ်ပါး ကထိပါးတိုက်ခိုက်ခြင်း၊ ပုန်ကန်ခြင်း မဟုတ် ဘဲ နိုင်ငံသားအခွင့်အရေးကို ကာကွယ်ခွင့်မပေးသော တစ်ပါတီစစ်အာဏာ ရှင်ဥပဒေကြောင့် စစ်အုပ်စုဝင်များ ဤ အရေးပေါ်စီမံချက်ဥပဒေကို အသုံးပြု၍ တိုင်းပြည်ကိုအာဏာသိမ်းခဲ့၏။ အချိန်ကန့်သတ်မဲ့စွာ စစ်အစိုးရ ဥပဒေကို ကျင့်သုံးခဲ့၏။ မှားယွင်းသော စစ်အုပ်ချုပ်ရေး ဥပဒေကြောင့် ဥပဒေနှင့်မညီသော ပြည်သူတို့၏ အခွင့် အရေးများလက်လွတ် ဆုံးရှုံးကြရ၏။ ဥပဒေချိုးဖောက်မှုဖြင့် မြန်မာ ပြည်တွင် ၁၉၅၀ပြည့်နှစ်တွင် အရေးပေါ် စီမံ ချက်အက်ဥပဒေ (1950 EMER-GENCY Provision Act) ကို ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ အရေးပေါ် အခြေအနေ သတ်မှတ်သည့် လကုန်ဆုံးပြီးဖြစ်သော်လည်း ဥပဒေနှင့်အညီလိုက်နာခြင်း မရှိသည်ကြောင့် စစ် အုပ်ချုပ်ရေး ဥပဒေသည် ယနေ့တိုင်နီးပါး ရှည်ကြာခဲ့သည်။
● ထုတ်ပြန်နိုင်ခြင်းမရှိကြောင်း သက်ရောက်
၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁)၊ ပုဒ်မ ၄၁၀မှ နိုင်ငံတော် သမ္မတ သည် ဥပဒေကဲ့သို့ အာဏာ တည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်ကြောင်းပြသည်။ ယင်းကြေညာသည့် ကိစ္စ တွင် နိုင်ငံတော်သမ္မတသည် ပြည်နယ်၊ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအားလုံးတို့၏ အုပ်ချုပ်ရေးအာဏာ ကို ရယူသုံးစွဲခွင့်ရှိကြောင်း ပုဒ်မ ၄၁၁၊ ပုဒ်မခွဲ(က) ကပြသည်။ ယင်းအုပ်ချုပ်ရေး အာဏာကိုလည်း သင့်လျော် သည့်အဖွဲ့အစည်း၊ သင့်လျော်သည့် ပုဂိ္ဂုလ်တစ်ဦးဦးအား အပ်နှင်းဆောင်ရွက်စေနိုင်သည်ဟု ပြသည်။ ပုဒ်မခွဲ (ခ) အရ ယင်းသို့ ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးအတွက် ဥပဒေပြုခွင့် အာဏာကိုသာကျင့်သုံးခွင့်ရှိပြီး ဥပဒေ ပြုခွင့်အာဏာကိုတော့ အပ်နှင်းမှု မပြု(မ ပြုရ)ဟုပြသည်။
ဤဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ကို ထုတ်ပြန်နိုင်ရန်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ နှင့် ညှိနှိုင်းပြီးမှ အရေးပေါ် အခြေအနေကို ကြေညာနိုင်ကြောင်းဆို၍ ပုဒ်မ၄၁၂၊ ပုဒ်မ ခွဲ(က)အရ အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင်၊ သိရှိလျှင်၊ တင်ပြလျှင် ကာ/ လုံနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည် သည့် အမိန့်ကို ထုတ်ပြန်၍ အရေးပေါ် အခြေအနေကို ကြေညာနိုင်ကြောင်းပြသည်။ ယင်းအရေးပေါ်အခြေ အနေ ကြေညာသည့် ကိစ္စရပ်များတွင် အဓိက,က နိုင်ငံတော် သမ္မတသည် ကာ/လုံနှင့် အတည်ပြုချက် မရယူလျှင် အရေးပေါ်အခြေအနေ ထုတ်ပြန်နိုင်ခြင်း မရှိကြောင်း သက်ရောက်၏။
● မူလအခွင့်အရေး ဆုံးရှုံးမှုပြ
ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(က)အရ အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စတွင် တည်ဆဲဥပဒေများနှင့်အညီ တာဝန် ထမ်းဆောင်နိုင်စေရန် တပ်မတော်၏ အကူအညီကို ရယူနိုင်သည်။ လိုအပ်ပါက နိုင်ငံတော်သမ္မတသည် စစ် အုပ်ချုပ်ရေး အမိန့်တစ်ရပ်ကို ထုတ်ပြန်နိုင်သည်။ ယင်းစစ်အုပ်ချုပ်ရေး အမိန့်တွင် တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်က တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို သတ်မှတ်ပေးနိုင်သည်။ ယင်းကိုမိမိ ကိုယ် တိုင်ကျင့် သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံးခြင်းပြုနိုင် သည်ဟု ပုဒ်မခွဲ(ခ)အရ ပြဋ္ဌာန်းသည်။ ဤအမိန့်တွင် (က)အကျိုးသက်ရောက်မည့် နယ်မြေဒေသနှင့် အချိန် ကာလများ သတ်မှတ်ဖော်ပြထားရမည်။
(ခ) နိုင်ငံသားများ၏ မူလအခွင့်အရေး တစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ ဖြစ်စေ (လိုလျှင်) လိုအပ်သလို ကန့်သတ် နိုင်သည်။ သို့မဟုတ် ရပ်ဆိုင်းထားနိုင် သည်ဟု ပါရှိလေရာ ပုဒ်မ၄၁၄၊ ပုဒ်မခွဲ (ခ)အပိုဒ်၏ စကားရပ် သည် နိုင်ငံသားတို့၏ အခြေခံမူလ အခွင့်အရေးများ ဆုံးရှုံးနစ်နာခဲ့သည့်ကြောင့် အခန်း(၅)ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (ခ)(ဂ)နှင့် (င)တို့ကို ဆန့်ကျင်သကဲ့ သို့ဖြစ်သည်။
● နိုင်ငံရေးလောကတွင် မတွေ့ရကြောင်း
ပုဒ်မ ၄၁၅အရ နိုင်ငံတော်သမ္မတ တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကအတည်ပြုလျှင် အတည် ပြုသည့်အတိုင်း ဥပဒေကဲ့သို့ အာဏာတည် သောအမိန့်သည် တိုးမြှင့်သတ်မှတ်သည့် အချိန်ထိ အာ ဏာတည်၏။ ဥပဒေပုဒ်မ ၄၁၀မှ ၄၁၆ အထိသည် အရေးပေါ်အခြေ အနေကြေညာသည့် ကိစ္စအကြောင်းများ ပြဋ္ဌာန်းသော ဥပဒေများဟု မှတ်ယူနိုင်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်လွတ် ဆုံးရှုံးစေမည့် အရေးပေါ်အခြေ အနေပေါ်ပေါက်လျှင် ဥပဒေပုဒ်မ ၄၁၇ အရ အကျိုးသက်ရောက်မှုမှာ တစ်နိုင်ငံလုံးဖြစ်ပြီး အချိန်ကာလသတ်မှတ်ထား သည့် အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ် (၁-နှစ်)အထိ သတ်မှတ်နိုင်ကြောင်း ဖော် ပြ၏။ ယင်းကြောင့်
(၁) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အားနိုင်ငံတော်၏ ဥပဒေပြုလွှဲအပ်ကြောင်း နိုင်ငံတော် သမ္မတက ကြေညာရမည်။
(၂) ယင်းသို့ ကြေညာသည့်နေ့မှစ၍ လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်း များကို ရပ်ဆိုင်းထားရမည်ဟု မှတ်ယူရမည်။
(၃) ယင်းလွှတ်တော်များ၏ သက်တမ်းကုန်ဆုံးသည့်အခါ သက်ဆိုင်ရာလွှတ် တော်များသည်အလိုအလျောက် ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်ဟု ဆိုသောကြောင့် သမ္မတအုပ်ချုပ်သော နိုင်ငံရေးစနစ်၌ လွှတ်တော် ဖျက်သိမ်းခြင်း၊ သက်ဆိုင်ရာပြည်နယ် တိုင်းအစိုးရ အားလုံးဖျက်သိမ်းပေးရခြင်းမျိုး နိုင်ငံရေးလောကတွင် မတွေ့ရကြောင်း (မရှိကြောင်း) သိရသည်။ (ပုဒ်မ၄၁၈+ပုဒ်မ ခွဲ(က)အရ ကြည့် ရှုရန်)
● စစ်တပ်ကို လမ်းပြသောဥပဒေ
အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အနေ အမိန့်ထုတ် ပြန်ပြီးလျှင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က လွှတ်တော်များဖျက်သိမ်းပြီးလျှင် တစ်ပြိုင်နက်ပုဒ်မ၄၁၈၊ ပုဒ်မခွဲ (ခ) အရ ““ထိုသို့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော်၏ အာဏာကို လွှဲအပ်ဆောင်ရွက်သည့် နေ့ရက်မှစ၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် မည်ကဲ့သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများမှအပ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီသက်ဆိုင်ရာ လွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးထားသော အဖွဲ့ အစည်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များ အားတာဝန်မှ ရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူရမည်”” ဟုပါရှိသောကြောင့် ယင်းပုဒ်မခွဲ အရ ယင်း၏ ပုဒ်မခွဲ (က) ကိုမည်သို့ အကျိုးသက်ရောက်မှု ရောက်နေသည်ကို ဥပဒေ ရေးဆွဲကြသူများ သတိထားဟန်မတူ။ စစ်တပ်က အာဏာသိမ်းယူရေး သို့မဟုတ် ပြည်သူတို့၏ အချုပ်အခြာအာဏာကို သိမ်းယူတတ်ရန် ညွှန်ကြားသကဲ့ သို့ဖြစ် ၏။ နိုင်ငံရေး လောက၌သမ္မတ အုပ်ချုပ်သောစနစ်၏ လွှတ်တော်ဖျက် သိမ်းနိုင်ခွင့်ရှိသောအခြေခံဥပဒေသည် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသာမြင်ဖူးသည်။ (တွေ့ရသည်။)
● မည်သို့သော အကျိုးရှိနိုင်ပါမည်နည်း
သမ္မတနှင့် စစ်တပ်ပူးပေါင်း၍ ပြည်သူတို့၏ အချုပ်အခြာအာဏာကို လက်လွတ် ဆုံးဩရှုံးရသည့် တစ်ပြိုင်နက် ပုဒ်မ ၄၂၀အရ နိုင်ငံသားတိုင်း၏ မူလအခွင့်အရေးများပါ ဆုံးရှုံးမှုပေးရသည်။ ရပ်ဆိုင်းထားနိုင်သည်။ ပုဒ်မ ၄၂၂ မှ ၄၂၈အထိသည် ရည်ညွှန်းချက်ပုဒ်မများဖြစ်ပြီး တရားဥပဒေကဲ့သို့ အာဏာတည်သောဥပဒေများကဲ့သို့ မဖြစ် ဘဲအခန်း (၁၁)ဥပဒေ ပုဒ်မများကို ရှုပ်ထွေးစေရုံသာမက ဥပဒေလ့လာသူများ အနှောင့်အယှက် ဖြစ်၏။ (ဖြစ်ရ ၏။) လွှတ်တော်ဖျက်သိမ်းခြင်း အာဏာများ ပုဒ်မအထင်အရှားပြထားပါလျက် ညွှန်းပြသော အခြားသောဥပဒေ ပုဒ်မများသည် လွှတ်တော်နှင့် ပတ်သက်သည့်ပုံစံ သဘောပြဆိုသေးကြောင်း တွေ့ရသောအခါ ဤဥပဒေကို မည်သို့သော ဥပဒေနည်းပညာဖြင့် ရေးဆွဲနေသည်ကို စဉ်းစားရန်ခက်၏။ ဥပဒေတစ်ရပ်ညဩ၌ (အရပ် ရပ်၌) မည်သည့် ဥပဒေကို ကိုးကားသည်၊ မှီငြမ်းသည်ကို လေ့လာသူများက နားလည်ရန် ပြုနိုင်ရမည်။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ နိုင်ငံတော် အာဏာကို ကျင့်သုံးမှုပြုသောအခါ နိုင်ငံတော် သမ္မတ၏အ မည်ဖြင့်သာ ဖော်ပြဆောင် ရွက်ရမည်ဖြစ်သော ပုဒ်မ၄၃၀သည် မည် သို့သောအကျိုးရှိနိုင်မည်နည်း။ ဥပဒေတစ် ရပ်ကဲ့သို့ မှတ်ယူထိုက်ပါသလော။
● မြန်မာ့နိုင်ငံရေးသမိုင်း၌ပြသည်
အရေးပေါ်အခြေအနေ ထုတ်ပြန် ကြေညာထားစဉ် ကာလအတွင်း ယင်းအဖွဲ့အစည်းဝင် တစ်ဦးဦး တစ်ရပ်ရပ် ၏ တရားဝင်ဆောင် ရွက်ချက်များသည် အတည်ဖြစ်စေရမည်။ ယင်းတရားဝင် ဆောင် ရွက်များအပေါ် အကြောင်းပြုလျက် တရားစွဲဆို ခွင့်မရှိရ”ဟု ပုဒ်မ ၄၃၂အရ ဆိုထားသည်။ အရေးပေါ်အခြေအနေ ကာလ အတွင်းပြည် သူများကို အကန့်အသတ်မဲ့စွာ အနိုင်ကျင့်ခံရလျှင် ပြုသူတို့က တရားစွဲဆိုမှု(တရားစွဲ ဆိုခွင့်) မရှိ ရသော် မှားယွင်းသော ဥပဒေနှင့် ဥပဒေနှင့်မညီသော ပြည်သူတို့၏ အခွင့်အရေးကို ချိုးဖောက်နိုင်သော လုပ် ရပ်ဖြစ်ကြောင်း (သတ်ဖြတ် ကွပ်မျက်နိုင်ကြောင်း။) ပြသည်။ ထို့ကြောင့်အရေးပေါ် အခြေအနေကာလကို အကြောင်းပြ၍ မြန်မာပြည် စစ်အုပ်စုများသည်။-
(၁) အိမ်စောင့်အစိုးရ အမည်ဖြင့် လည်းကောင်း၊
(၂) တော်လှန်ရေးအစိုးရအမည်ဖြင့် လည်းကောင်း၊
(၃) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အမည် ဖြင့်လည်းကောင်း၊
(၄) ငြိမ်ဝပ်ပိပြားရေးကောင်စီ အမည် ဖြင့်လည်းကောင်း၊
(၅) အေးချမ်းသာယာရေးကောင်စီ အမည်ဖြင့်လည်းကောင်း သုံးနှုန်းခေါ်ဆို တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ ကြောင်း မြန်မာ့နိုင်ငံရေးသမိုင်း၌ ပြသည်။
● ပြဋ္ဌာန်းမှုပြုထားပါသလော
ဆူပူမှု၊ ပုန်ကန်မှုတို့တွင် စစ်တပ်ကို အသုံးပြုခြင်းအစဉ်အလာ သည် မြန်မာ ပြည်၌စစ်ခုံရုံးဖွဲ့၍ ခွင့်ပြုထားသည် ကိုတွေ့ရသည်။ စစ်တပ်သည် သူပုန်၊ သူကန် တို့ကိုနှိမ်နင်းရာတွင် ပြည်ပကျူးလွန် ရန်သူကဲ့သို့ သဘောထား တိုက်ခိုက် ချေမှုန်းခြင်းမပြုရ။ စစ်ပွဲတွင်တိုက်ပွဲ သဘောအရ နှစ်ဖက် အပြန်အလှန် ကျဆုံးမှုရှိတတ်ပေသည်။ ဤကဲ့သို့ တိုက်ပွဲတွင် တိုက် ခိုက်ရင်းကျဆုံးစေခြင်းမှအပ တိုက်ပွဲပြီး ဆုံးခြင်းကာလလွန်သောအခါ တိုက်ပွဲ၌ ပါဝင်သောသူ တစ်ဦးတစ်ယောက်အား အခြားနည်းဖြင့် ကွပ်မျက်ခြင်းကို ဥပဒေက ခွင့်မပြု။ မြန်မာပြည် စစ်အုပ် ချုပ်ရေး ကာလအတွင်း စစ်ဥပဒေခုံရုံးသည် ဤသို့ သော စည်းကမ်းသတ်မျိုးကျင့်သုံးမှု မရှိခဲ့ ကြောင်း သမိုင်း၌ အထင်အရှားမရှိ။ (မပြနိုင်။) စစ်နှင့်သက်ဆိုင်မှု မရှိသော သူတို့အား စီရင်ဆုံးဖြတ် ကွပ်မျက်သော စစ်ခုံရုံး ၏ ဥပဒေသည် မြန်မာပြည်သူတို့အား သေဒဏ်မှ ကင်းလွတ်ကြရသူများ ရှားပါး၏။ မည်သို့သော အရေးပေါ် အခြေ အနေ အောက်တွင်မဆို တရားစီရင်ရေးအာဏာသည် တရားရုံးတော်များတွင်သာရှိရမည်။ အထူး တရားရုံးများ၊ စစ်ခုံရုံများဖွဲ့စည်း၍ ပြည်သူ တို့အား တရားစီရင်ခြင်း မရှိရဟူသော ဥပဒေ ၂၀၀၈ခုနှစ်၊ဖွဲ့စည်း ပုံအခြေခံဥပဒေ ကျမ်း၌ ပြဋ္ဌာန်းမှု ပြုထားပါသလော။
● ချိုးဖောက်သောလုပ်ရပ်များ ပြုခဲ့ကြောင်း
(၁) တိုင်းပြည်ကို ပြည်ပလက်နက် ကိုင်တပ်များက တိုက်ခိုက်ခြင်း မဟုတ် လျှင် သော်လည်းကောင်း၊
(၂) သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းမဟုတ်ဘဲ ကြီးမားသည့် ပျက်စီး ဆုံးရှုံးမှုများ၊ ထိခိုက်မှုများ၊ သေဆုံးမှု များမဟုတ်လျှင်သော်လည်းကောင်း၊
(၃) အများပြည်သူတို့၏ လုံခြုံမှုနှင့် အေးချမ်းသာယာမှုကို သိသာထင်ရှားစွာ ခြိမ်းခြောက်ထိပါး ပျက်ပြားစေ ခြင်း မဟုတ်လျှင်သော်လည်းကောင်း သမ္မတသည် အရေးပေါ်အခြေအနေကြေညာပိုင်ခွင့် မရှိရ။ အရေးပေါ် အခြေအနေ ကြေညာခြင်းသည် သဘာဝဘေးအန္တရာယ်ကျ ရောက်သော အချိန်အခါမျိုးတွင်သာ ကယ်ဆယ် ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်စေ နိုင်ရန်အတွက်သာ အရေးပေါ် အခြေ အနေကြေညာရန် ဤ ဥပဒေပုဒ်မကို ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း ဖြစ်သည်။
၂၀၀၈ခုနှစ်၊ နာဂစ်လေမုန်တိုင်းကျ ရောက်စဉ်ကာလ၌ အရေးပေါ်အခြေအနေ ကို ဒေသအလိုက်ကြေညာချက် ထုတ်ပြန် ထားသော်လည်း သဘာဝဘေးများကို ကယ်တင်သော ပုဂ်္ဂိုလ်အသီးသီးတို့ကို အရေးပေါ်အခြေ အ နေဥပဒေဖြင့် ခုံရုံးဖွဲ့၍ ထောင်ချခြင်းခံခဲ့ရသူ ရှိခဲ့သည့်ကြောင့် နာဂစ်လေမုန်တိုင်း ကာလအတွင်းမှားယွင်း သော ဥပဒေနှင့်မညီသော ပြည်သူတို့၏ အခွင့်အရေးတို့ကို စစ်အစိုးရသည် ချိုးဖောက်သောလုပ်ရပ် များ ပြုခဲ့ ကြောင်း တွေ့ရသည်။
● ပေးအပ်လိုက်ရ
၁၉၈၈ခုနှစ်၊ စက်တင်ဘာ ၁၈ရက် (၁၆း၀၀)နာရီတွင်ပြည်သူလူထု၏ အာဏာကို (သို့မဟုတ်) အာဏာအရပ် ရပ်အား တပ်မတော်မှ သိမ်းခဲ့သည်။ ဤသို့ အာဏာသိမ်းရခြင်း အကြောင်းရင်းအစဖြစ်ရပ်မှာ-
(၁) စက်တင်ဘာလ ၁၆ရက်နေ့၊ ကာကွယ်ရေးဝန်ကြီးဌာန ရုံးရှေ့တွင် လူထုဆန္ဒပြပွဲတောင်းဆိုမှုနှင့်
(၂) စက်တင်ဘာလ ၁၇ရက်နေ့၊ ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ ကုန်သွယ်ရေး ၀န်ကြီးဌာနရုံးရှေ့တွင် လူထု ဆန္ဒပြပွဲ တောင်းဆိုမှုတို့ကြောင့် တပ်မတော်မှ တိုင်းပြည်၏အာဏာကို သိမ်းခဲ့ကြောင်း ဒေါက်တာမောင်မောင် ၏ ““မြန်မာနိုင်ငံ ၁၉၈၈ ခုနှစ်အရေးအခင်း””(ဒုတိယတွဲ) စာမျက်နှာ ၂၄၆မှ ၂၆၂အထိ လေ့လာကြည့် လျှင်မြင် နိုင်သည်။ ဤသို့သော် ဖြစ်စဉ်ဖြစ်ရပ်မျိုး၌ အရေးပေါ်အခြေအနေကိုကြေညာရုံဖြင့် (ထိန်းသိမ်းရုံဖြင့်) လုံ လောက်မည်ဖြစ်သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်သူတို့၏ အခြေခံအခွင့်အရေးတို့ကို ထိခိုက်မှု ရောက်သည့် အထိမပြုသင့်။ တပ်မတော်က အချုပ်အခြာ အာဏာသိမ်းယူရသည် အထိဤသို့ အခြေအနေကို ဖြစ်ရခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် လက်လွတ်ဆုံးရှုံးရတော့ မည့်ကာလသို့ ရောက်လာ နေသည်ဟု ယူဆ၍ ရမည် မထင်။ သတိမမူ ဂူမမြင်သည်ကြောင့် သို့ဟုတ် အုပ်ချုပ်သူ၏ အရည်အချင်း ပျော့ ညံ့သည်ကြောင့် နိုင်ငံတော်၏ (ပြည်သူတို့၏) အချုပ်အခြာအာဏာကို (အလကား)ပေး အပ်လိုက်ရ၏။
● နိဂုံး
ဤအရှင်သည် ““မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့် အညီမှ တစ်ပါး အသက်ကို ဖြစ်စေ၊ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ် မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ။ (ပုဒ်မ ၃၅၃)၊ ပုဒ်မ၃၅၄၊ (က)(ခ)(ဂ)(ဃ)၊ ပုဒ်မ ၃၅၅ဟူ သော ဥပဒေနှင့် အညီမှတစ်ပါး အရေးပေါ် ကာလကြေညာသည့် အချိန်အတွင်း ၌ဖြစ် စေ၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို သိမ်းယူထားသည့် အချိန်ကာလ၌ဖြစ်စေ ပုဒ်မ ၃၈၁အရ နိုင်ငံသားများ၏ တရားဝင်ရပိုင်ခွင့် ရှိသော နစ်နာချက် တို့အတွက် ဥပဒေဖြင့် သတ်မှတ်ထားသော ရပိုင်ခွင့်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဆုံးရှုံးမှုမရှိခွင့် များရစေရန် ဆန္ဒရှိသည်။
အာဏာသိမ်းသူသည် အခွင့်အရေး ဖျက်သိမ်းခြင်းနှင့်ပတ်သက် တိုင်းပြည်၏ အခြေခံဥပဒေ၌ အတည်ပြုပြ ဋ္ဌာန်း သင့်ပါသည်။ ဥပဒေနှင့်အညီ စစ်ပညာသင် ကြားရန်နှင့် တိုင်းပြည်ကာကွယ်ရန် တာဝန်ရှိပေငြားလည်း တိုင်းပြည်၏ အချုပ်အခြာအာဏာကို သိမ်းရန်တာဝန်ရှိသူများ မပြုရဲပါသတည်း။ ။
မြန်မာသံတော်ဆင့်သတင်းဌာန - http://ift.tt/1t7d2bL
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qF6Qo1
Comments
Post a Comment