Skip to main content

ပြည်သူ့ဆန္ဒနှင့် သမ္မတ၏ ဒုတိယ သက်တမ်း - သဘောထား အမြင်



သမ္မတ သက်တမ်းမှာ ဆင်းရဲသား ပပျောက်ရေး မပြောနဲ့ ပိုတောင်ဆိုးလာတဲ့ အနေအထားမှာ ရှိတယ်။ လူထုက အစိုးရကော၊ ကြံ့ခိုင်ရေးကော၊ စစ်တပ်ကော မကြိုက်ဘူး …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


သမ္မတ ဦးသိန်းစိန်၏ စက်တင်ဘာ ၁ ရက်နေ့က စတင်ခဲ့သည့် တတိယအကြိမ် ဥရောပ ခရီးစဉ်အတွင်း တိုင်းပြည် အခြေအနေနှင့် ပြည်သူလူထု၏ စိတ်ဆန္ဒ ရှိမှုအပေါ် မူတည်၍ ဒုတိယအကြိမ် သမ္မတသက်တမ်းကို လုပ်ကိုင်ရန် ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ဆွစ်ဇာလန် သမ္မတ၊ ဂျာမနီသမ္မတနှင့် ၀န်ကြီးချုပ် တို့အပြင် ဥရောပ သတင်းဌာနများ၏ မေးမြန်းချက်များကို ၎င်းက ပြန်လည် ဖြေကြားခဲ့သည်။


သမ္မတ ဦးသိန်းစိန် အနေဖြင့် ၎င်း၏ ပထမအကြိမ် သမ္မတ သက်တမ်း သုံးနှစ်ကျော်အထိ ဒုတိယအကြိမ် သမ္မတ သက်တမ်းအတွက် ဆက်လက် လုပ်ကိုင်ရန် ရှိ/မရှိကို တရားဝင် ထုတ်ဖော် ပြောကြားခြင်း မရှိဘဲ ယခုကဲ့သို့ ပြောကြားလာခြင်းအပေါ် မေးခွန်းထုတ်စရာ တစ်ခု ဖြစ်နေသည်။…


သမ္မတသက်တမ်း ၁၉ လသာ ကျန်တော့သည့် အချိန်အထိ သမ္မတ ဖြစ်စဉ် ကတည်းက ပြောဆိုခဲ့သည့် ကတိ ပေးချက်များ၊ လုပ်ဆောင်ချက်များအပြင် သမ္မတ၏ စီမံကိန်းတစ်ခုဖြစ်သည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီအစဉ်မှာလည်း ထိရောက်မှု မရှိသည့်အတွက် ပြည်သူများက စောင့်ကြည့် လျက် ရှိဆဲဖြစ်သည်။ ဦးသိန်းစိန် အား ဒုတိယ အကြိမ်မြောက် သမ္မတ သက်တမ်းအတွက် ရွေးချယ်နိုင်ရန် အလားအလာရှိ၊ မရှိနှင့် ပတ်သက် ၍ နိုင်ငံရေး လှုပ်ရှားသူများ၊ ပါတီများ၏ ဝေဖန် သုံးသပ်မှုများကို စုစည်း တင်ပြလိုက်ပါသည်။


● ဦးဉာဏ်ဝင်း (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်)


သမ္မတ ရွေးကောက်ပွဲက ပြည်သူတွေနဲ့ တိုက်ရိုက် ရွေးချယ်တဲ့ပွဲ ဗမာပြည်မှာ မရှိဘူးလေ။ အဲဒီတော့ သူဘာကို ဆိုလိုလဲ အန်ကယ်လ် သိပ်မသိဘူး။


● ဦးခွန်ထွန်းဦး (ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ)


တိုင်းသူပြည်သား ဆန္ဒရှိလို့ဆိုပြီး လာဦးမှာ။ ကျွန်တော့် အမြင်ကတော့ ရှင်းရှင်းပဲ ရိုးလွန်းတယ်။ ညံ့တယ်။ ဒီပုတ်ထဲက ဒီပဲတွေပဲ ဆိုတော့ သိပ်မလွယ်ပါဘူး။ တိုင်းပြည်က ခေတ်နဲ့ဘာနဲ့ဆိုရင် သိပ်မမီတော့ဘူးလေ။ တော်တော်လေး ခေတ်မီမှပေါ့။ ဒီ့ထက် qualified (အရည်အချင်းရှိ) ဖြစ်တဲ့သူတွေ လိုလာပြီ။ ထစ်ခနဲဆို ကော်မရှင်ဖွဲ့တယ်။ ထစ်ခနဲဆို ကော်မရှင်ဖွဲ့တယ်။ အလုပ်မဖြစ်တဲ့ ဒီလိုဖြစ်နေတာပေါ့ အမှန်တရားပဲလေ။ ဒီ့ထက်တော်တဲ့ သမ္မတလည်း မရှိတော့ပါဘူး။ ဒါပေမဲ့လည်း ရိုးသားမှုကလည်း ရှိသေးတယ်ဆိုတော့ တော်သေးတာပေါ့။


● ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားပါတီ ဒုတိယ ခေါင်းဆောင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်)


သမ္မတကြီးက သမ္မတ မလုပ်ခင်တုန်းက ၀န်ကြီးချုပ် လုပ်ခဲ့တယ်လေ။ ၀န်ကြီးချုပ်ကလည်း လုပ်ခဲ့တယ် ဆိုတော့ ဒီလောက် ဆိုရင်ဖြင့် သူ့ရဲ့ လုပ်ငန်း ဆောင်ရွက်မှုကို သဘောပေါက်ပြီလေ။ ၀န်ကြီးချုပ်ဘ၀ လုပ်ခဲ့ တာတွေ အဲဒီတုန်းကတော့ အထိန်းအကွပ် ရှိတာပေါ့။ သမ္မတဘ၀ သူလုပ်တာတော့ လက်ခံတဲ့ အတိုင်းအတာလည်း ရှိသလို အားမရတာလည်း ရှိတယ်။ ပြည်သူလည်း ဒီလိုပဲ သုံးသပ်မှာပေါ့။ သူပြောတာက ဟုတ်ပါတယ်။ ပြည်သူ လက်ခံရင် ဆိုတာ။ ပြည်သူက သူ့ကို လက်မခံတော့ဘူးဆို သူမလုပ်တော့ဘူးပေါ့။ ကာလလေး တစ်နှစ်ကျော်ကျော်လောက် ကျန်သေးတာပေါ့။ သူ့အပေါ်မှာ မျိုးစုံ သုံးသပ်လာဦးမှာပေါ့။ ဒါပေမဲ့ သူနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေကတော့ လုပ်စေချင်မှာပေါ့။ လက်ရှိ ဖွဲ့စည်းပုံအရ သမ္မတကြီးရှိမှပဲ သူ့နောက်က လုပ်ကွက်ရထားတဲ့ ဟာတွေလေ။ သူ့နောက်ကလူတွေ သမ္မတနဲ့ ပတ်သက်တဲ့ လူကြမ်းပြောပြော သမ္မတနဲ့ သူ့အဖွဲ့ကဖြင့် သူ့ကို လုပ်စေချင်မှာပေါ့။ ဒါပေမဲ့ လူထုဆန္ဒမပါဘဲ သူလုပ်လို့ ဘယ်ဖြစ်မလဲ။ အဲဒီတော့သမ္မတ ပြောတဲ့ စကားမှာ အဓိပ္ပာယ်ရှိပါတယ်။ လူထုဆန္ဒရှိရင် ပြည်ခိုင်ဖြိုးကတော့ သူတက်လို့ မရနိုင်တော့ဘူး။ ဒါပေမဲ့ သူပါတီထောင်ရင် ထောင်မှာပေါ့။ နောက် တစ်နည်းက သမ္မတကလည်း လူထုကကြိုက်တယ်။ တပ်မတော် ကလည်း ကြိုက်တယ်ဆိုရင် ဒုသမ္မတ အနေနဲ့ သူတက်လို့ရမှာပေါ့။ လူထုက မကြိုက်ဘူး အစိုးရအဖွဲ့က မကြိုက်ဘူး၊ တပ်မတော်က မကြိုက်ဘူး ဆိုရင်တော့ သူ့အတွက် chance က သိပ်မရှိဘူး။ အဲဒီတော့ဒီ အချိန်မှာတော့ သူဒါပဲ ပြောမှာပေါ့။ ဒါကတော့ သူပြောသင့် ပြောထိုက်တဲ့ အချိန်မှာ ပြောတယ်လို့ပဲ သဘောပေါက် ပါတယ်။


● ဦးနေမျိုးဇင် (ဗိုလ်ကြီးဟောင်း၊ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်)


အပြောနဲ့အလုပ်ညီတဲ့ ခေါင်းဆောင်ဆိုရင်တော့ ကျွန်တော်တို့ ထောက်ခံဖို့ ၀န်မလေးပါဘူး။ အပြောနဲ့ အလုပ်ညီ၊ မညီ ဆိုတာကတော့ ကာတွန်းတွေနဲ့ ပြည်သူတွေကြားမှာ ပြက်ရယ်ပြု ပြောနေကြတဲ့ သမ္မတကြီးရဲ့ သနားစရာ မိန့်ခွန်း စကားလေးတွေ နားထောင် ကြည့်လို့ရှိရင် ကျွန်တော်တို့ သတ်မှတ်တဲ့ သမ္မတကြီးအပေါ် ထားရှိတဲ့ အရည်အချင်းကို ဖော်ပြပြီး သား ဖြစ်ပါလိမ့်မယ်။ ပြည်သူ့လိုလားချက်အရ ထပ်လုပ်မယ် မလုပ်ဘူး ဆိုတာကို သူသိပြီးသား ဖြစ်မှာပါ။ ပြည်သူလူထုက လိုလားသလား၊ ပြည်သူ လူထု သူ့ကို ထောက်ခံသလား ဆိုတာကို သူလည်း သိရှိပြီးသား ဖြစ်ပါလိမ့်မယ်။


● ဒေါ်နော်အုံးလှ (နိုင်ငံရေး လှုပ်ရှားသူ)


သမ္မတသက်တမ်းမှာ ဆင်းရဲသား ပပျောက်ရေး မပြောနဲ့ ပိုတောင်ဆိုးလာတဲ့ အနေအထားမှာ ရှိတယ်။ လူထုက အစိုးရကော၊ ကြံ့ခိုင်ရေးကော၊ စစ်တပ်ကော မကြိုက်ဘူး။ လက်ရှိ အခြေအနေမှာ ကြားဖြတ် ရွေးကောက်ပွဲ လုပ်မယ်ပြောပြီး မလုပ်ဘူး။၂၀၁၅ ရွေးကောက်ပွဲ ကလည်း မလုပ်ဘူးလို့ မပြောနိုင်ဘူး။ ဒါလည်း ရှိသေးတယ်လေ။ နောက်ထပ် သက်တမ်း ဆက်လုပ်ဖို့တော့ လက်မခံဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုလည်း လက်မခံဘူး။


● ဦးဘမြင့် (နိုင်ငံရေး လှုပ်ရှားသူ)


စစ်အာဏာရှင်ရဲ့ ဆိုးကျိုးတွေကို ဘဘတို့က ခံစားခဲ့ရတာပါ။ ဦးသိန်းစိန် နားမယ်ဆိုလည်း နားစေချင်ပါတယ်။ သူ့ကို ပြည်သူက တင်မြှောက် တဲ့ ခေါင်းဆောင် ဖြစ်စေချင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ လက်ရှိ အစိုးရဟာ အာဏာသိမ်းထားတဲ့ အစိုးရ ပုံစံပဲ ရှိနေသေးတဲ့အတွက် အဲဒီအခန်းကဏ္ဍကို သူ ကိုယ်တိုင် ရပ်လိုက် စေချင် ပါတယ်။ နေရာတိုင်းမှာ စစ်တပ်က ပါဝင်နေခြင်းကိုလည်း ရုပ်သိမ်းစေချင်ပါတယ်။ စစ်တပ်က ရွေးချယ်တဲ့ သမ္မတ မဟုတ်ဘဲ ပြည်သူက ရွေးချယ်တဲ့ ဒီမိုကရေစီ ခေါင်းဆောင်ပဲ ဖြစ်စေချင်ပါ တယ်။ ပြည်သူတွေရဲ့ မဲတွေနဲ့ တင်မြှောက်တဲ့ ခေါင်းဆောင်ပဲ ဖြစ်စေချင် ပါတယ်။ အတင်း အဓမ္မ မဲခိုးတဲ့ ခေါင်းဆောင် ဆိုရင်တော့ သိက္ခာကျလွန်း အားကြီးပါတယ်။


မြန်မာသံတော်ဆင့်သတင်းဌာန - http://ift.tt/1t7d2bL







from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1xRd3Hw

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...