Skip to main content

တရုတ် ဘက်မှ ဓါတ်ဆီတင် ၂၂ ဘီးကား မူစယ်မြို့တွင်း ဘရိတ်ပေါက်၊ ယာဉ် ထပ်ဆင့်တိုက် သေဆုံးမှုရှိ



စက်တင်ဘာလ ၁၀ ရက် ၂၀၁၄

သျှမ်းပြည် မြောက်ပိုင်း မူစယ်မြို့ တရုတ်- မြန်မာနယ်စပ် ၀င်/ထွက်ဂိတ် နန်းတော်ပေါက်အနီး၌ ယနေ့ မနက် ၁၁းဝဝ နာရီက ၂၂ ဘီးကုန်တင်ကား တစ်စီး ဘရိတ်ပေါက်ရာမှ ယာဉ်ထပ် ဆင့်တိုက်မှု ဖြစ်ပွားခဲ့ရာ သေဆုံး ဒဏ်ရာ ရမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါ ၂၂ ဘီးကားကြီးသည် ဦးပိုင်(ကုမ္ပဏီ၏) ကုန်တင်ကားဖြစ်ကြောင်း ၊ တရုတ်ပြည်မှဓါတ်ဆီများ မြန်မာ နိုင်ငံသို့ ပို့ဆောင်ရန် တင်လာသောကားဖြစ်ကြောင်း ၊ ၄င်းကားသည် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ပဲ သုံးဘီး ဆိုင်ကယ်မောင်းလာသောလူတစ်ဦးကိုတိုက်မိပြီး နောက် လားရှိုး မူစယ် လိုင်းကားသေး ၁၀ စီးနှင့် သုံးဘီးဆိုင်ကယ် သုံးစီးတို့ကို တိုက်မိသွားကြောင်း မြင်တွေ့ရှိရသူ မူစယ်သား စိုင်းသန်း ကဆိုသည်။


“ကားတိုက်ခံရတဲ့ သုံးဘီးမောင်းတဲ့ လူကတော့ အသက် ၃၀ လောက်ရှိမယ်။ ဗမာအမျိုးသား ။ အဲ့နေရာမှာ တင် ပွဲချင်းပြီးသေဆုံးတယ်၊ ပျက်စီးသွားတဲ့ကားတွေကို နန်းတော်(ခရီးသွား လုပ်ငန်း) ကားရပ်နားကွင်းထဲမှာ သွားထားတယ်၊ သုံးဘီးဆိုင်ကယ် ၃ စီးကိုတော့ အာဏာဘက်များက မူစယ်ရဲစခန်းကို ယူဆောင်သွားပြီ ”ဟု ၄င်းကပြောသည်။


၎င်းယာဉ်ဆင့်ပွားတိုက်မှုကြောင့် လူတစ်ဦးသေဆုံးပြီး၊ လူ ၅ ဦးထက်မနဲထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ထိခိုက် ဒဏ်ရာ ရသူတစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေတွင်ရှိနေကြောင်း မူစယ်ဆေးရုံဝန်ထမ်း တစ်ဦး ကဆို သည်။ ယာဉ်မောင်းကိုမူ အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင် ထားကြောင်း မြို့ခံများကပြောသည်။


မူစယ်မြို့သည် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်ပြီး ပြည်ထောင်စု ကားလမ်းမ မှာလည်း ကျဉ်း သည်က တစ်ကြောင်း၊ စည်းကမ်းမဲ့ ကားလမ်းမဘေး၌ ရပ်နားထားသော ယာဉ်များလည်း များပြားလွန်းသဖြင့် မကြာခဏ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်နေပြီး အဆိုးရွားဆုံးမှာ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုကြောင့် လစဉ်ယာဉ်တိုက်မှု ၁၀ မှုထက်မနဲ ဖြစ်ပွားလျှက်ရှိပြီး သေကြေ ဒဏ်ရာရမှုများလည်း မနည်းရှိခဲ့ကြောင်း မူစယ်မြို့ ယာဉ်ထိန်းရဲအသိုင်းအဝိုင်းများထံမှသိရသည်။


သျှမ်းသံတော်ဆင့်၊ စိုင်းလုံ

http://ift.tt/1lQu8oX


















from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1qk3exH

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...