Skip to main content

ပျောက်ဆုံး တောင်တက်သမားနှစ်ဦး၏ သဲလွန်စများတွေ့ရှိပြီး ရှာဖွေမှု ပိုမိုအရှိန်မြှင့်



ပန်နန်းဒင် စက်တင်ဘာ ၂၀

ပျောက်ဆုံးနေသော တောင် တက် သမားနှစ်ဦးအား ရှာဖွေရန် ဝေဟင်ကယ်ဆယ်ရေး လုပ်ငန်းများ ကို ယနေ့နံနက် ၆ နာရီခွဲတွင် စတင်ခဲ့ပြီး B-3 ရဟတ်ယာဉ်အား အမြင့်ပေ ၂၃၀၀၀ ကျော်အထိ ပျံ သန်းရှာဖွေခဲ့ကြောင်း သိရသည်။


အဆိုပါ ရှာဖွေမှုတွင် အမေရိ ကန်နှင့် နီပေါမှ ကယ်ဆယ်ရေး တောင်တက်သမားများနှင့် လေယာဉ် မောင်းများ ပါဝင်ခဲ့ကြကြောင်း သိရသည်။


ထို့အပြင် မြေပြင်တောင်တက် ခရီးကြမ်းအား နမားဂျွန်ဆင် ဦးဆောင်သည့် မြန်မာတောင်တက် သမားများဖြစ်သော ရဲမင်းသူ၊ စိုင်းကျော်ဝဏ္ဏစိုးနှင့် စိုင်းကျော်သူထွေးတို့မှာ ပင်ပန်းဆင်းရဲဒဏ်ကိုခံစားကာ ပျောက်ဆုံးနေသော ဘ၀တူ တောင်တက်သမားနှစ်ဦးကိုရှာဖွေလျက်ရှိပြီး ရှာဖွေရေးခရီးစဉ် ဒုတိယပိုင်းသို့ ရောက်ရှိပြီဖြစ်ပြီး တောင်တက်သမားနှစ်ဦး အပြန်လမ်း အတွက် ထားရှိခဲ့သော ရိက္ခာများကို လည်း တွေ့ရှိခဲ့ကြကြောင်း တဟွန်း ဒမ်းကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိ သူက ပြောကြားသည်။


“ကယ်ဆယ်ရေးအတွက် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ နိုင်ငံတကာအဖွဲ့တွေကို လည်း ဆက်တိုက် ခေါ်ယူခဲ့တယ်။ သို့သော် အကြောင်းကြောင်းကြောင့် အခက်အခဲတွေလည်း အများကြီးကြုံ ရပါတယ်။ တရုတ်အဖွဲ့နဲ့ ဂျပန်အဖွဲ့က သူတို့အစီအစဉ်တွေနဲ့ ကယ်ဆယ်နိုင်အောင် ကြိုးပမ်းနေ တယ်။ နီပေါလ်အဖွဲ့ကတော့ ကယ် ဆယ်ရေး လုပ်ဆောင်နေပြီး အမေရိကန်အဖွဲ့ကတော့ ကျွန်တော်တို့နဲ့ သဘောတူညီမှုတွေ တောင်းဆိုထားတာရှိပါတယ်။ မြန်မာတိဗက် အဖွဲ့တွေကတော့ ပင်ပန်းတဲ့မြေပြင်ခရီးစဉ် ကနေ တောင်တက်သမားနှစ်ဦးရဲ့ အသွားတုန်းက ချန်ထားခဲ့တဲ့ သဲလွန်စတွေကို ရှာတွေ့နေလို့ ရှာဖွေရေးအရှိန်မြှင့်နေကြပါတယ်” ဟု ထူးဖောင်ဒေးရှင်းနာယက ဦးတေဇက ပြောကြားသည်။


ယင်းအဖွဲ့မှာ တောင်ထိပ်မှ အဆင်းတွင် ပျောက်သွားသူ နှစ်ဦး သွားရောက်ခဲ့သည့် လမ်းကြောင်း အတိုင်း တက်ရောက်ရှာ ဖွေနေကြပြီး ၎င်းတို့အဆိုအရ သူတို့တွေ့ရှိခဲ့သည့် အပြန်ရိက္ခာများနှင့် အသုံးအဆောင် များထံသို့ တောင်တက်သမား နှစ်ဦးလာရောက်မယူထားသဖြင့် ယင်းလမ်းကြောင်းအတိုင်း ရှေ့သို့ ဆက် လက် တက်ရောက်ရှာ ဖွေလျက်ရှိကြောင်း သိရသည်။


MOI Webportal Myanmar

http://ift.tt/1ouhij1






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/Zyaivg

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...