Skip to main content

သြော် ဟုတ်လား ဒါနဲ့ . . ပြောရအုံးမယ် ဟဲ . ဟဲ . ဟဲ – လင်းယုန်ရေးသည်





သမ္မတကြီးရဲ့ နောက်သက်တမ်းတစ်ကြိမ် အရွေးခံမယ့်ကိစ္စအတွက် ဆန္ဒပြကြတာဟာ … ပြည်သူတွေရဲ့ ဆန္ဒအမှန် မဟုတ်ဘူးလို့ သမ္မတရဲ့ အကြံပေး အသိုင်းအ၀ိုင်း အတွင်းကနေ သမ္မတကြီး စိတ်သက်သာ ရအောင် လေသံပစ်နေကြ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


ပြီးခဲ့တဲ့ စက်တင်ဘာ (၁၂)ရက်က ဖြစ်ရပ်တစ်ခုကို ကြားရသိရတာကတော့ လင်းယုန်တို့ရဲ့ လက်ရှိ နိုင်ငံတော် သမ္မတဖြစ်သူအတွက် အင်မတန်မှ စိတ်မကောင်းစရာပဲ ခင်ဗျ။


ထိုသတင်းဖြစ်ရပ်ကို သိရတော့ နိုင်ငံတော် သမ္မတကြီးအတွက် ကရုဏာ သက်မိလေတယ် ခင်ဗျ။ (ဟဲ ..ဟဲ)


စက်တင်ဘာ (၁၂)ရက် ဖြစ်ရပ်ဆိုတာကတော့ အခြားမဟုတ်ရပါဘူး ခင်ဗျ။ နိုင်ငံတော်သမ္မတရဲ့ ယခုလ အတွင်း သွားရောက်ခဲ့တဲ့ ဥရောပသုံးနိုင်ငံ ခရီးစဉ်မှာ ပြောကြားခဲ့တဲ့ စကားအပေါ် ဆန္ဒပြကြတဲ့ ကိစ္စပဲ ခင်ဗျ။


စက်တင်ဘာ(၅)ရက်နေ့၊ ဆွစ်ဇာလန်နိုင်ငံမှာ သတင်းဌာန တစ်ခုနဲ့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက သူ့အနေနဲ့ အနားယူ လိုပေမယ့် နောက်ထပ် သက်တမ်း တစ်ခုအတွက် ၀င်ရောက် အရွေးခံရေး၊ အရွေးမခံရေး ဟာ ပြည်သူ တွေရဲ့ဆန္ဒနဲ့ တိုင်းပြည်ရဲ့ အခြေအနေကို ကြည့်ရမယ်လို့ ဆိုလိုက်တယ်ခင်ဗျ။


ဒါကြောင့် ဥရောပ ခရီးစဉ်ကနေ သမ္မတ ပြန်ရောက် လာပြီး နောက်တစ်ရက်ဖြစ်တဲ့ စက်တင်ဘာလ(၁၂) ရက်နေ့မှာပဲ သမ္မတအနေနဲ့ နောက်သက်တမ်းအတွက် အရွေးခံဖို့ မစဉ်းစားဘဲ ယခုလုပ်စရာ ရှိတာတွေကိုပဲ အရင်အောင်မြင်အောင် ဆောင်ရွက်ပါဦး။ ပြီးမှ နောက်သက်တမ်းအတွက် စဉ်းစားပါလို့ မန္တလေးမြို့က တက်ကြွ လှုပ်ရှားသူတစ်စုက ဆန္ဒပြကြတာ ဖြစ်တယ်ခင်ဗျ။


(ထိုဆန္ဒပြတဲ့ သဘောကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ယခုသက်တမ်း အတွင်းတောင် ကောင်းကောင်း မွန်မွန်မလုပ်နိုင် တာ နောက်သက်တမ်းအတွက် ပြည်သူ့ဆန္ဒကတော့ သမ္မတကြီးကို အလိုမရှိလို့ ဆိုလိုတာပါပဲ ခင်ဗျ။ စိတ်တော့မကောင်းပါဘူး ခင်ဗျာ၊ ဟဲ ..ဟဲ)


ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုများအတိုင်း တင်ပြရမယ် ဆိုရင်တော့ သမ္မတကြီးခင်ဗျာကနေ အစချီလို့ (၁) ကုန်ဈေးနှုန်း ကျဆင်းအောင်၊ (၂) ဆင်းရဲမွဲတေမှု လျော့ကျအောင်၊(၃) ပြည်သူများ၏ စားဝတ်နေရေး ပြေလည်အောင်၊ (၄) အဂတိ လိုက်စားမှု ပပျောက်အောင်၊ (၅) တရားရေးမဏ္ဍိုင် တည့်မတ်အောင်။ (၆) မြေယာပြဿနာများ၊ (၇) အလုပ်သမား အခွင့်အရေးများ၊ (၈) တောင်သူလယ်သမားများကို ဖမ်းဆီးထောင်ချ ဖိနှိပ်ခြင်းများ၊ (၉) သတင်းမီဒီယာများကို ဖမ်းဆီးထောင်ချခြင်းများ၊ (၁၀) နိုင်ငံရေး အကျဉ်းသား အားလုံးကို ချက်ချင်းလွှတ်ရေး၊ (၁၁) ဘာသာရေး ပဋိပက္ခများ မဖြစ်အောင် စတဲ့ အချက်များကို ဆောင်ရွက်ပြီးမှ နောက် သက်တမ်းအတွက် စဉ်းစားပါလို့ ဖြစ်တယ်ခင်ဗျ။


ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လင်းယုန်ရဲ့ နိုင်ငံရေးလေသံ နားထောက်မိတာက ယခုကဲ့သို့ သမ္မတကြီးရဲ့ နောက်သက် တမ်း တစ်ကြိမ် အရွေးခံမယ့် ကိစ္စအတွက်ဆန္ဒပြကြတာဟာ အင်အား (၁၅)ယောက်လောက် သာရှိတဲ့ လက်ရှိအစိုးရနဲ့ မကျေလည်မှုတွေ ရှိနေတဲ့ တက်ကြွ လှုပ်ရှားသူအဖွဲ့များက ပြုလုပ်ခြင်း သာ ဖြစ်တယ်၊ ပြည်သူတွေ ရဲ့ ဆန္ဒအမှန်မဟုတ်ဘူးလို့ သမ္မတရဲ့ အကြံပေး အသိုင်းအ၀ိုင်း အတွင်းကနေ သမ္မတကြီး စိတ်သက်သာ ရအောင် လေသံပစ်နေကြတယ် ဆိုတာပဲခင်ဗျ။


(ထိုတက်ကြွ လှုပ်ရှားသူများကရော ပြည်သူတွေ မဟုတ်ဘူးလား ခင်ဗျာ။ ကြည့်လည်း သံတော်ဦး တင်ကြ ပါခင်ဗျ။ မျက်နှာလို အားရ လျှောက်တင် နေကြမယ့်အစား ပြည်သူ့ဆန္ဒအမှန်က မည်သို့ဆိုတာ လူထုကြား ဆင်းပြီး နားစွင့်ကြည့်လိုက်ရင် အသိသာကြီးပါခင်ဗျ။


သမ္မတကြီးမှာလည်း နားတွေ၊ မျက်စိတွေ ပကတိ အကောင်းအမွန်ကြီး ရှိနေပါရဲ့ ခင်ဗျာ၊ ဟဲ ..ဟဲ)


ဒါနဲ့ …ပြောရဦးမယ် ခင်ဗျ။


တော်လှန်ရေးကောင်စီ ဆိုပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ အာဏာသိမ်း စစ်အစိုးရ အဖြစ်ကနေ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို တည်ထောင်ပြီး အရပ်ဝတ်ပြောင်း သမ္မတစနစ်နဲ့ ဦးနေ၀င်း ခေါင်းဆောင်တဲ့ စစ် အာဏာရှင်ကြီးများက မြန်မာနိုင်ငံကို အသွင်ပြောင်း အုပ်ချုပ်ခဲ့တဲ့ မဆလတစ်ခေတ်မှာ ထိုမဆလအစိုးရဟာ စီမံကိန်း အမျိုးမျိုးကိုချပြီး စီမံကိန်းတွေ အောင်မြင်နေပါတယ်။ တိုင်းပြည် စီးပွားရေး တိုးတက်နေပါတယ်လို့ တွင်တွင် အော်နေခဲ့သော်လည်း လူထုထောက်ခံမှု မရခဲ့ကြဘူး ဆိုတာကို သတိရကြဦးမယ် ထင်ပါတယ်ခင်ဗျ။


ဒါဟာ ဘာကြောင့်လဲဆိုတော့ မဆလအစိုးရက မည်သို့ပင် တစာစာ အော်ဟစ် နေသော်လည်း အမှန် တကယ်က တိုင်းပြည်ရဲ့ အခြေအနေဟာ စစ်ဗိုလ်ချုပ်များရဲ့ လက်အောက်မှာပဲ ရှိနေတာဖြစ်ပြီး မဆလ အစိုးရရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စီမံခန့်ခွဲမှုတွေဟာ တစ်နေ့တခြား တိုင်းပြည်ကို ပိုမို ဆိုးဝါးလာစေ နေတာကြောင့် ပဲ ဖြစ်တယ် ခင်ဗျ။


ပြည်သူလူထုကြီး ခင်ဗျာ။


ဒီနေရာမှာ မဆလအစိုးရရဲ့ ပြုမူဆောင်ရွက်မှု အချို့ကို တင်ပြပါရစေခင်ဗျ။


မဆလအစိုးရဟာ စီးပွားရေး စီမံကိန်းဆိုပြီး လေကြီးမိုးကြီး စီမံကိန်းတွေကို လုပ်ခဲ့ပေမယ့် ထိုစီမံကိန်းတွေဟာ မအောင်မြင်တဲ့အပြင် တိုင်းပြည်ရဲ့ အခြေခံ လူတန်းစားဖြစ်တဲ့ အလုပ်သမား၊ လယ်သမားတွေကို အကျပ်အတည်း ဒုက္ခနွံထဲ ဆွဲသွင်း ခဲ့တယ်ခင်ဗျ။ ကုန်ဈေးနှုန်းတွေကလည်း တစ်စတစ်စ ကြီးမြင့်လာတာကို ထိန်းချုပ်နိုင်စွမ်း မရှိတဲ့အခါ တိုင်းပြည်ဟာ ပိုမိုဆင်းရဲ ကျပ်တည်းခဲ့ရတယ်ခင်ဗျ။ ဒါပေမဲ့ မဆလအစိုးရ ကတော့ တိုင်းပြည်ရဲ့ စီးပွားရေးဟာ ဦင်္းမော့လာပြီး ဂျီဒီပီဟာလည်း တိုးတက်လျက် ရှိတယ်လို့ ဆိုတယ်ခင်ဗျ။ သို့ပေမယ့် ဒါဟာ ပြည်ပကြွေးမြီတွေနဲ့ ထောက်ကန် ထားရတာကြောင့် တိုင်းပြည်ဟာ အဖတ်ဆယ်မရအောင် ဆင်းရဲ နွမ်းပါးပြီး ချွတ်ခြုံကျခဲ့တယ် ခင်ဗျ။


ဒါ့အပြင် မဆလ အစိုးဟာ စနစ်သစ်ပညာရေး၊ ဆိုရှယ်လစ်ပညာရေး စသည်ဖြင့် စမ်းသပ်ပညာရေး မျိုးစုံနဲ့ တိုင်းပြည်ရဲ့ ပညာရေး အဆင့်အတန်းကိုလည်း နိမ့်ကျ စေခဲ့တယ် ခင်ဗျ။


တိုင်းပြည်အတွင်း အရေးကြီး ကိစ္စတစ်ရပ်ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး မှာလည်း ဗကပတို့၊ ကေအိုင်အိုတို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုခဲ့တယ် ဆိုပေမယ့်လည်း အောင်မြင်မှု ရအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ ဘူးခင်ဗျ။ အကြောင်းကတော့ အမှန်တကယ် ငြိမ်းချမ်းရေးရအောင် ဆွေးနွေးတာမျိုး မဟုတ်ဘဲ နိုင်ငံရေး အသုံးချမှု တစ်ရပ်အနေနဲ့သာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး အမှန်တကယ် ဆွေးနွေးကြတဲ့အခါ သူတို့စိတ်ကြိုက် အတိုင်း သာ ရေးဆွဲပြဋ္ဌာန်းထားတဲ့ ၁၉၇၄ အခြေခံ ဥပဒေကြီးကို အသေဆုပ်ကိုင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေကို တန်းတူ အခွင့်အရေးနဲ့ ဆွေးနွေးတာမျိုး မဟုတ်ဘဲ အသာစီးယူ ဆွေးနွေးခြင်းမျိုး ပြုလုပ်ခဲ့တာ ကြောင့်ပဲ ခင်ဗျ။


ပြည်သူလူထုကြီး ခင်ဗျာ။


ထို မဆလအစိုးရရဲ့ အုပ်ချုပ်မှု သက်တမ်း တစ်လျှောက် လေကြီးမိုးကြီး ပြောကြား ချက်တွေသာ ဖောင်းပွခဲ့ပြီး လက်တွေ့မှာ တိုင်းပြည်ကို နစ်သထက်နစ်၊ ဖွပ်သထက်ညစ် စေခဲ့တာတွေကို ပြောရရင်တော့ ဆုံးနိုင်ဖွယ် မရှိပါဘူး ခင်ဗျ။


ယခုလည်း အစိုးရ အသွင်ပြောင်း အရပ်သား အစိုးရ လက်ထက်မှာလည်း အထက်ပါ တင်ပြခဲ့တဲ့အတိုင်း မဆလ အစိုးရကဲ့သို့ တိုင်းပြည်ကို ပိုလို့အကျပ်အတည်း တွေ့စေလျက် ရှိတယ်ဆိုတာ လူထုကြီး ကိုယ်တိုင် ခံစား သိမြင် နေကြရပြီး ဖြစ်ပါတယ်ခင်ဗျ။


( ငြင်းမယ် မကြံကြပါနဲ့ ခင်ဗျာ။ ဘယ်စီမံကိန်းမှ အကျိုးရှိရှိ အောင်မြင်နေတာ မရှိဘူးဆိုတာ သက်သေ အထင်အရှားကြီးပါ ခင်ဗျ၊ ဟဲ ..ဟဲ)


ဒီလိုအခြေအနေမျိုးတွေကို ဖန်တီးစေတဲ့၊ ပြည်သူလူထုရဲ့ အကျပ်အတည်းတွေကို ဖြေလျှော့ပေးနိုင်စွမ်း မရှိတဲ့၊ ဒါ့အပြင် ပြည်သူလူထုကို ပိုလိုအကျပ်အတည်း တွေ့စေတဲ့ စီမံဆောင်ရွက်မှုများကို လုပ်ဆောင်နေတဲ့ အစိုးရ အဖွဲ့မျိုးကို ဘယ်ပြည်သူတစ်ဦး တစ်ယောက်ကမှ ထောက်ခံခြင်းမျိုး ရှိမည် မဟုတ်ဘူး ဆိုတာလည်း အသိသာကြီး ပါခင်ဗျ။


ဒီတော့ ထိုသို့အစိုးရအဖွဲ့ကို ဦးဆောင်နေတဲ့ နိုင်ငံတော် သမ္မတကြီးကိုလည်း ယခုတစ်ကြိမ်မှာတောင် ကောင်း မွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ အစိုးရအဖွဲ့ကို ဦးဆောင်နိုင်စွမ်း မရှိမှတော့ နောက်တစ်ကြိမ် သက်တမ်းအတွက် ပြည်သူ့ဆန္ဒ မည်သို့ရှိမယ်ဆိုတာ မေးဖို့တောင်လိုမယ် မထင်တော့ပါဘူးခင်ဗျ။


ဒီတော့ နောက်တစ်ကြိမ် သက်တမ်း ဆိုတာမျိုးကို လုံးဝမစဉ်းစားတော့ဘဲ သမ္မတကြီး ပြောခဲ့ဖူးသလိုပဲ တာဝန်က အနားယူရင် သစ်ပင်စိုက်မယ် ဆိုတဲ့ အတွေးကိုသာ တစိုက်မတ်မတ် ပြုမူဆောင်ရွက်ဖို့ တိုက်တွန်း ပါရစေခင်ဗျာ။


(သမ္မတကြီး ခင်ဗျာ။ ၂၀၁၅အလွန်မှာ သစ်ပင်စိုက်ခြင်းသာ အကောင်းဆုံး ဖြစ်မှာပါခင်ဗျ။ လူထုကလည်း ယခု သက်တမ်း အတွင်း သမ္မတကြီး ပင်ပန်း လွန်းရှာသမို့ ၂၀၁၅ အကုန်မှာ အေးအေး လူလူ သစ်ပင်စိုက်ပြီး အနားယူ စေချင်နေကြပါတယ် ခင်ဗျ၊ ဟဲ ..ဟဲ ..ဟဲ)


မြန်မာသံတော်ဆင့်သတင်းဌာန - http://ift.tt/1t7d2bL







from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1tCqoiI

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3