စက်တင်ဘာ ၁၆ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနုရဲ့ မေးခွန်းကို ပြည်ထောင်စုဒုဝန်ကြီးက ဖြေခဲ့တာပါ။
အမတ် ဒေါ်နန်းဝါနုက သံလွင် ရေကာတာ စီမံကိန်းကြီးကြောင့် ကြီးမားတဲ့ ရေ၀ပ်ဧရိယာကြီး ဖြစ်ပေါ်လာမယ့် အခြေအနေအပေါ် စိုးရိမ်နေကြတဲ့ ဒေသခံတွေက သိလိုတာကြောင့် မေးမြန်းရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဦးမော်သာထွေးကတော့ ရေ၀ပ် ဧရိယာ စတုရန်း မိုင် ၂၆၀ ကျော်ရှိမယ်။ ရေကာတာကြီးနဲ့ ပတ်သက်ပြီး စီးပွားရေးနဲ့ လူမှုရေး ထိခိုက်မှုဆိုင်ရာ လေ့လာမှုတွေ လုပ်နေပြီလို့ ဆိုပါတယ်။
By ဒီဗွီဘီ
http://ift.tt/1r0r9kM
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1r0r9kQ
Comments
Post a Comment