Skip to main content

ဗီဇာစည်းကမ်းနှင့် မညီညွတ်သည့် နိုင်ငံခြားသား ၇၃ ဦးကို ပြည်နှင်ဒဏ်ပေး



မန္တလေး ၊ ၁၁-၉-၂၀၁၄

မန္တလေးတိုင်း ဒေသကြီး အတွင်းသို့ နိုင်ငံခြား သားများ ဝင်ရောက် နေထိုင်မှုနှင့် စပ်လျဉ်း၍ ဥပဒေ လုပ်ထုံး လုပ်နည်း များနှင့် ညီညွတ်မှု မရှိသော ဝင်ရောက်မှု များနှင့် ဗီဇာ စည်းကမ်း ဖောက်ဖျက်သည့် ဖြစ်စဉ်မျိုး မဖြစ်ပေါ် စေရေး အတွက် တားဆီး ဆောင်ရွက် နေမှုများကို မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ဒသမ ပုံမှန် အစည်းအဝေး တွင် လုံခြုံရေး နှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး က ရှင်းလင်း ဖြေကြား ခဲ့ကြောင်း သိရသည်။


အဆိုပါ နိုင်ငံခြား သားများ ဝင်ရောက် နေထိုင်မှုနှင့် စပ်လျဉ်း၍ တားဆီး ဆောင်ရွက် ရာတွင် ပြည်ဝင်ဗီဇာ အမျိုးမျိုးဖြင့် ဝင်ရောက် လာသော နိုင်ငံခြားသား များကို ဗီဇာ စည်းကမ်းနှင့် အညီ နေထိုင် ခြင်း ရှိ၊ မရှိ၊ နေခွင့် သက်တမ်း ကျော်လွန်ခြင်း ရှိ၊ မရှိ၊ တာဝန်ခံမည့် Focal Ministry ရှိ၊ မရှိတို့ကို စဉ်ဆက်မပြတ် စိစစ် ကြပ်မတ်လျက် ရှိကြောင်း၊ နေခွင့် ကျော်လွန် နေထိုင်သော နိုင်ငံခြားသား များကို ကြပ်မတ် စိစစ် ဖော်ထုတ်ရေး အတွက် နိုင်ငံခြားသားများ တည်းခိုသော ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း များအား ရှောင်တခင် စစ်ဆေးလျက် ရှိကြောင်း သိရသည်။


ထို့ပြင် လေဆိပ်၊ ရေဆိပ် များတွင် နိုင်ငံခြားသားများ ဝင်၊ ထွက် မှုများ စနစ်တကျ စစ်ဆေး ကြပ်မတ် ထိန်းသိမ်းရန် ရေဆိပ်များရှိ ရေယာဉ် အသင်းများနှင့် ဆိပ်ကမ်း တာဝန်ရှိ သူများကို တွေ့ဆုံ၍ ပညာပေး ရှင်းလင်း မှုများ မကြာခဏ ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံခြား သားများ Over - Stay ဖြင့် နှစ်ရှည် နေထိုင်မှုမျိုး မဖြစ်ပေါ် စေရန်လည်း စစ်ဆေး ဖော်ထုတ် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


လုပ်ငန်းဗီဇာ ( Business Visa ) ဖြင့် ဝင်ရောက် လာသည့် နိုင်ငံခြားသား များ အိမ်ငှား နေထိုင် ခွင့်ပြုရာတွင် ကုမ္ပဏီမှ တာဝန်ရှိ သူ၏ လျှောက်လွှာ၊ သက်တမ်း ရှိသော ကုမ္ပဏီ မှတ်ပုံတင် မိတ္တူ၊ ယင်းကုမ္ပဏီမှ (နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အတွက် အခွန်ငွေ ပေးဆောင်မှု Form-C ၊ Form-VI, Form- XXVI) ၊ နိုင်ငံခြား သားများ နေထိုင်ရန် အတွက် ကုမ္ပဏီ တာဝန်ရှိသူ လက်မှတ် ရေးထိုး၍ ငှားရမ်း ပေးထားသော အိမ်ရှင်၊ အိမ်ငှား စာချုပ် စသည့် အချက်အလက် များ ရှိ၊ မရှိ စိစစ်၍ ခွင့်ပြု ပေးလျက် ရှိကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းဗီဇာ ဖြင့် ဝင်ရောက် လာသော နိုင်ငံခြားသားများ သက်တမ်း ကျော်လွန် နေပါက သက်တမ်း တိုးမြှင့်နိုင်ရေး အတွက် ၄င်း နိုင်ငံခြားသား အလုပ်လုပ် ကိုင်သည့် ကုမ္ပဏီမှ တစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာန သို့ လျှောက်ထား ရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ထောက်ခံ၍ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန သို့ တင်ပြ လျှောက်ထား ရမည် ဖြစ်ကြောင်း သိရသည်။


ပြည်ဝင်ဗီဇာ အမျိုးမျိုးဖြင့် ဝင်ရောက် လာပြီး ဗီဇာ စည်းကမ်းနှင့် အညီ နေထိုင်ခြင်း မရှိသော နိုင်ငံခြား သားများကို ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက် များ) အက်ဥပဒေ ပုဒ်မ-၄(၂)/၁၃(၁) တို့ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံခြားသား များ ရောက်ရှိမှု ကို သတင်းပို့ရန် ပျက်ကွက်သည့် အိမ်ရှင်၊ ကုမ္ပဏီ တာဝန်ခံများ နှင့် တာဝန်ရှိ သူများကို ၁၉၄ဝ ပြည့်နှစ် နိုင်ငံခြား သားများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ၅(၁) အရ အရေးယူ ဆောင်ရွက်လျက် ရှိရာ ၂ဝ၁၄ ခုနှစ်တွင် ဗီဇာစည်းကမ်း နှင့် မညီညွတ်သော နိုင်ငံခြားသား ၇၃ ဦးကို ပြည်နှင်ဒဏ် ပေးခြင်း ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။


မန္တလေးတိုင်း ဒေသကြီး အတွင်းသို့ နိုင်ငံခြားသား များနှင့် စပ်လျဉ်း၍ ဥပဒေ လုပ်ထုံး လုပ်နည်းများ နှင့် ညီညွတ်မှု မရှိသော ဝင်ရောက်လာ မှုများနှင့် ဗီဇာ စည်းကမ်း ဖောက်ဖျက် သည့် ဖြစ်စဉ်မျိုး မဖြစ်ပေါ် စေရေး အတွက် တားဆီး ဆောင်ရွက် နေမှုများအား အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာန တို့မှ တာဝန်ရှိ သူများ ပါဝင်သည့် နိုင်ငံခြားသား ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ တို့ဖြင့် ပူးပေါင်း၍ စစ်ဆေး ကြပ်မတ် တားဆီးခြင်း တို့ကို ဥပဒေနှင့် အညီ ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံခြားသား များနှင့် ဆက်နွှယ် ပတ်သက်လျက် ရှိသော ကုမ္ပဏီများ၊ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများ၊ အသင်းအဖွဲ့များ နှင့် တာဝန်ခံ များကို အသိ ပညာပေး ဆွေးနွေး ရှင်းလင်းမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း၊ မန္တလေးတိုင်း ဒေသကြီး အတွင်း ပြည်ဝင်ဗီဇာ အမျိုးမျိုးဖြင့် ဝင်ရောက် နေထိုင် အလုပ် လုပ်ကိုင်လျက် ရှိသော နိုင်ငံခြားသား ပေါင်း ၁၄ဝဝ ကျော် ရှိကြောင်း သိရသည်။


မန္တလေး ခရိုင် အတွင်းတွင် နေထိုင်လျက် ရှိသော ကိုးကွယ်မှု ဘာသာ အလိုက် လူဦးရေ စာရင်းမှ ဗုဒ္ဓဘာသာ ၁၆ သိန်းကျော်၊ ခရစ်ယာန် ဘာသာ ၈ဝဝဝ ကျော်၊ အစ္စလာမ် ဘာသာ ခြောက်သောင်း ကျော်၊ ဟိန္ဒူဘာသာ ၁၅ဝဝဝ ကျော်၊ အခြား ၁ဝဝ ကျော် စုစုပေါင်း ၁၇ သိန်းကျော် ဖြစ်ပြီး လူမျိုးအလိုက် နေထိုင်မှု မှာ မွေးရာပါ နိုင်ငံသားများ ဖြစ်သော တိုင်းရင်းသား လူမျိုးများ အပြင် မွေးရာပါ မဟုတ်သော် လည်း ဥပဒေအရ ဖြစ်လာသော နိုင်ငံသား၊ဧ ည့်နိုင်ငံသား၊ ပြုနိုင်ငံသား များဖြစ်သည့် တရုတ် လေးသောင်း ကျော်၊ အိန္ဒိယ ခြောက်သောင်း ကျော်၊ ဘင်္ဂလားဒေ့ရှ် ၁ဝဝဝ ကျော်၊ နီပေါ ၁ဝဝဝ ကျော် ဖြစ်ကြောင်း၊ မန္တလေးတိုင်း ဒေသကြီး အတွင်း ဘာသာ ပေါင်းစုံ အတူတကွ နေထိုင်လျက် ရှိကြောင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ဥပဒေနှင့် ညီညွတ်သူ များကိုသာ စိစစ် ထုတ်ပေး နေပြီး နိုင်ငံခြားသား များကို နိုင်ငံသားကတ် (လုံးဝ) ထုတ်ပေးခြင်း မရှိကြောင်း သိရသည်။


ကျော်အောင်


‪#‎Yadanarpondaily‬

http://ift.tt/1pRcTFU






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1pRcR0C

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...